Thursday, February 28, 2013

ကဗျာတို့ရဲ့တေးသံ




ကဗျာလား...သိတာပ


မနက်မနက်ကြ


ကဗျာကယာထ


ငပိရရ


ဆားရရ


အ၀သာလွေး


ကဗျာလွတ်လေး


ကဗျာကယာလေးစား


ကဗျာကယာလေးသွား


ကဗျာကယာလေးဝယ်


ကဗျာကယာပြန်ရောင်း


ကဗျာအကြောင်းသိပနော်



တေးသံလား..သိတာပ


ဟိုဟာလေးဝယ်..တေးထားကွယ်


ဒီဟာလေးဝယ်တေးထားကွယ်


ရောင်းဝယ်ပြန်ရ...ပေးမှာဗျ


ခဏခဏတေး..

မဆပ်သေးလို့


ဒီကောင်ကလေး


အတေးများတယ်


ကြွေးထားတယ်.....တဲ့ဗျာ



တိုက်တွေကားကြား


လျှောက်သွားရောင်းဝယ်


ကောင်းတယ်ယူထား


ဈေးမများဘူး


ရေဘူးရတယ်


မုန့်ရတယ်


ချိုချဉ်ဝယ်စား


စီးကရက်လား


ဂျာနယ်ယူမလား


သတင်းစာလား


ဟိုနားပြေးဝယ်


ဒီမယ်လာရောင်း


ဝယ်ရောင်းကလေး


ကဗျာကယာတေး....ဆိုမိသေး။



ရက်ဆားနော်ရက်ဆား


ရှောက်သီးဆေးပြား


လူကြီးစားမလား


ကလေးစားမလား


ဝါးထွေးယူမလား


စီးကရက်လား


သကြားလုံးစားပေးမွှေးမွှေးလေး


မြေပဲဆားလှော်ကျွှတ်ကျွှတ်လေး....................။



တတိုင်းမွှေး။  ။
ကိုယ်တိုင်ရေးကဗျာ။

No comments:

Post a Comment