သူငယ်ချင်းလိုဘဲချစ်မယ်ဆို
ညီမလေးလိုဘဲချစ်မယ်ဆို
နေ့ရက်လေးတွေတဖြည်းဖြည်းပို
အတွေးလေး ကိုမှိတ်ထားပေး
စိတ်ထားလေးကအသွင်ပြောင်း
အချစ်ကြောင်းလှလှ ပြောရအောင်
ကိုယ့်ကို..“.မောင် ” လို့ခေါ်မှာလား.........။
နှုတ်ကမရဲတော့ရှက်သွေးဖြာ
လက်ကလေးကာလို့ကြိတ်ခါပြုံး
စိတ်မှာမမုန်းနဲ့ပန်းသက်လယ်
အနမ်းဆက်မယ်ဆိုလစ်ကာပြေး
ချစ်တာလေးဘဲပြောရအောင်
ကိုယ့်ကို “မောင် ”လို့ခေါ်မှာလား..။
G-talk မှာလည်း တွေ့ရအောင်
ချက်ခန်း မှာလည်းတွေ့ရအောင်
နေ့ညမရှောင် ဘဲ ဖုန်းတွေဆက်
အပြုံးမပျက် စလိုက်ရင်
မကြိုက်ချင်တော့စိတ်တွေကောက်
ဒိတ်တွေမအောက်တဲ့ချော့နည်းထွင်
ရှော့ပြီးတမင်အပြစ်ပေး
အချစ်ရေးလေး ပြောရအောင်
ကိုယ့်ကို “ မောင် ”လို့ခေါ်မှာလား..။
မခေါ်လည်းလာ ခေါ်လည်းလာ
မလာလည်းမျှော် လာလည်းမျှော်
မမျှော်လည်းတွေး မျှော်လည်းတွေး
မတွေး လည်းလွမ်း တွေးလည်းလွှမ်း
မ လွမ်းလည်းချစ် လွမ်း လည်းချစ်
မင်း ကလည်းချစ် ကိုယ် လည်းချစ်
ကိုယ် တို.အချစ်လေး ကြွားရအောင်
ကိုယ့်ကို “ မောင် ”လို့ခေါ်ပါလား။
တတိုင်းမွှေး။ ။
ကိုယ်တိုင်ရေးကဗျာပါ (တစ်ကယ်ပါ နော်)
No comments:
Post a Comment