ဘ၀.....က ..ည
အစထဲကမှောင်
ကြယ်ရောင်ကမတိုး
အမျိုးမျိုးနှောက်ယှက်
လရောင်လည်းမသက်
ဆက်လက်လို့တိုးမှောင်
ယောင်တောင်တောင်စမ်းတ၀ါးဝါး
လမ်းမှားမှာကြောက်လို့
ရှေ့သို့လည်းမလှမ်းသာ
လမ်းလာရာကိုလည်းမဆုတ်ချင်
အရှုပ်ရင်ပြင်မှာခြေစုံရပ်
ကိုယ့်အတတ်နဲ့ကိုယ်ခံ
ချစ်သူထံလည်းမလာရဲ
မင်းလည်းလာရန်မလို
မင်းလည်းလာရန်မလို
လူကမငိုရင်ဝမှာဆွေး
ဝေးဝေးကသာလွမ်းပါမည်။
တတိုင်းမွှေး။
No comments:
Post a Comment