“ကျမထိုင်မယ်နော် ”
ကျနော်ကော်ဖီသောက်နေရာမှမော့ကြည်.လိုက်တော့ လှလိုက်တဲ့ကောင်မလေး အရပ်ကမြင့် မြင့်
ဆံပင်ကပုခုံးလည်ထိကျနေသည်။ ဒါပေမဲ့ ကျနော်သူမကိုမသိချေ။
" ဟုတ်ကဲ့ ထိုင်ပါ ...."
ဘေးကို လိုက်ကြည့် လိုက်တော့ စားပွဲအလွတ်ကအများကြီး ဘာကြောင့်ထိုင်ချင်ရပါလိမ့်၊
"ကျမရှင့်ကိုတောင်းပန် ချင် လို့ပါ....နော်.."
ဒါကတော့ပို၍ ဆိုးသွားသည်။ ကျနော်မသိတဲ့သိပ်လှတဲ့ကောင်မလေးက
ကျနော့ကိုဘာကြောင်.တောင်းပန်လိုသည်ကို စဉ်းစား၍ မရ။
"နေပါဦးခင်ဗျားလူမှားနေတယ် ထင်တယ်...."
"ကျမ မမှားပါဘူး ရှင်က ကိုမင်းမောင် စီမံကိုဒီလဆန်းကမှပြောင်းလာတဲ အငယ်တန်းမန်နေဂျာ
မော်လမြိုင်ကပြောင်းလာတာ..ကျမပြောတာတွေ မှန်ပါတယ်နော်...."
"ဟုတ်ပါတယ်.ဒါပေမဲ့ကျနော်ခင်ဗျားကိုမသိသလိုခင်ဗျားတောင်းပန်ရလောက်အောင်လည်း."
"ကိုမင်းမောင် ရှင်က ကျမကိုမမှတ်မိဘူးကို ကျမက နွယ်စင်သန့် ပါ ..
ဝယ်ရောင်းဌာနကမန်နေဂျာပါ..ရှင်.ထက် လေးရက်နောက်ကျပြီးမှအလုပ်ဝင်တာပါ..."
ကျနော်စဉ်းစားမရ ခုချိန်ထိမမှတ်မိသေး တခုခုတော့ လွဲနေပုံရသည်။
"ကျမရှင့်ကိုတောင်းပန်ချင်တာက လွန်ခဲ့တဲ့ (၇) နှစ်က ရှင့်ကိုပါးရိုက်မိ ခဲ့လို.ပါ..."
ကျနော်လန့်သွားသည်။တစ်ခါက ကျနော့ကိုမိန်းမတစ်ယောက်ပါးရိုက် ခဲ့ဖူးသည်။
"ဒါဆို ...ခင်ဗျားက.... "
"ဟုတ်ပါတယ် ကိုမင်းမောင်...ကျမက....ရှင်တို....... ကျွဲမ ...လို.ခေါ်တဲ့ မိသန့် ပါ....။"
ရှင်းတော့လည်းတွေးစရာမလိုအောင်...ရှင်းသွားခဲ့သည်။
"ကျမလည်းနောက်တစ်နှစ်လောက်နေမှ...ရှင့်အပြစ်မဟုတ်ဘူးဆိုတာ...
ကိုသိလာ ရတာပါ....ဒါကြောင့်လည်း..ခုလိုလာပြီးတောင်းပန်တာပါ ...နော်.."
"အင်း.........ကြာခဲ့ပြီ နော်.....ကျနော်လည်းမေ့လိုက်ပါပြီဗျာ.....။"
တကယ်တော့ ကျနော် မမေ့ ..မနေ့တနေ့ကလိုပင်....................
ကျနော် (၁၀)တန်းနှစ်၊အတန်းထဲမှာ....မာနတစ်ခွဲသားနဲ့မည်သူကိုမျှ အပေါင်းသင်း
မလုပ်၊အရပ်ကမြင့်မြင့်၊သနပ်ခါးပါးကွက်ကြားနှင့်၊ခေါင်းနှစ်ဘက်မှာကျစ်ဆံမြီးနှစ်ထုံးအမြဲတမ်း
ချည်ထားလို့ကျနော်တို့က ကျွှဲမ လို.ခေါ်သည့် ကောင်မလေးပင်။
ထိုကျွဲမ ကိုအသေလဲကြိုက်တာက ကျနော့်သူငယ်ချင်း မျိုးမင်း..ခေါ်ပုလင်းဖင်။
သူ့ရဲ့ထူလွန်းသောမျက်မှန်ကြောင့် ..ရရှိသည်.ဘွဲ.ပင်။တစ်နေ့တော့ ပုလင်းဖင်က ကျွဲမကို
စာလိုက်ပေးသည်၊ဒါကိုကျွဲမက ဆရာကြီးကိုသွားတိုင်တော့ ပုလင်းဖင်ခမြာ..ကျောင်းကို သုံးပတ်
ပတ်ပြေးလိုက်ရသည်။နောက်တော့ဒီကောင် ကျွဲမ အကြောင်းကို...လုံးဝမဟတော့ပေ၊
ကျွဲမကိုလည်းဘယ်သူကမှ မစရဲ ကြတော့ပေနောက်တပါတ်လောက် မှာထင်တယ်
....ကျွဲမ တို့အပိုင်းမှာ မီးလောင်တယ်နဲနဲလေး လောင်တာပေမဲ့ ကျနော်တို့အုပ်စုက ကျွဲမတို့အိမ်
ကိုဝိုင်းပြီးကာကွယ်ပေးကြသည်၊လန့်ပြီးမောနေသော ကျွဲမ အမေကိုဆေးခန်းပို့ပေးကြသည်။
သည်ကျေးဇူးက ကျနော်တို့အုပ်စုနှင့် ကျွဲမ ကိုအဆင်ပြေစေခဲ့သည်၊
ပုလင်းဖင်နှင့် ကျွဲမတို့လည်းရင်းနှီးသွားကြသည်။ဇတ်လမ်းကရပ်မသွား၊ မကြာခဏဆိုသလို
ကျွဲမကကျနော်တို့စားဖို.မုန့်တီတို့ခေါက်ဆွဲတို့ယူလာပေးသည်။
"မင်းမောင် ကျွဲမကို တယောက် ယောက်က နှင်းဆီ ပန်းတစ်ပွင်
.နေ့တိုင်းခုံထဲမှာလာလာထည့်ထားတယ်တဲ့...."
"အင်းနောက်တစ်ယောက်တော့ ကျောင်းပတ်ပြေးနေရဦးမယ်...ဟေ့ ပုလင်းဖင်
.မင်းလား...ဒီတခါတော့...( ၅ )ပါတ်ဖြစ်မှာနော်....။"
ပုလင်းဖင် ကျနော.ကိုစိုက်ကြည်.ပြီး
."....မင်းငါ.ကိုစာတစောင်လောက်ရေးပေးပါလား...
ငါ..မိသန့်ကိုပေးမလို. ..မင်းက အရေးကောင်းတယ်...နော်..ကူညီပါကွာ..."
"ဒါဆိုနှင်းဆီပန်းတွေထားထား နေတာမင်းပေါ့ .."
"ရေးပေးပါကွာ....ငါတကယ်ကြွေနေလို.ပါ....."
ကျနော်သူ့ကိုသနားသွားသည်။
"..အေးနက်ဖြန်ငါရေးခဲ့ ပေးမယ်..မျိုးမင်း နင်ပြသနာတော့မတက်စေနဲ့ ..."
အဲဒီညက ကျနော်သေသေချာချာရေးပေးလိုက်သည်......က
မိသန့် ...ရေ....
ငါလေ...နင့်ကို ချစ်တယ် ဆိုတာ
နှင်းဆီပန်းလေးတွေတောင် သိနေပါပြီ...
မချစ် ရင်တောင်..မမုန်းလိုက်ပါ နဲ့ နော်...
တခုခုတော့ ပြန်ပြောပါ....
ချစ်နေရတဲ့..
...ကိုမင်း။
"ရော....မျိုးမင်း စာကိုအဲဒီအတိုင်းကူးနော်.....ကဗျာဆန်ဆန်လေးရေးထားတာ..".
ပုလင်းဖင်..တော်တော် ပျော်သွားသည်။စာရွက်လေးကိုတယုတယ ယူ၍ထွက်သွား သည်။
နောက်တစ်နေ့..ရာဇ၀င်တွင်မည့်နေ့ပေါ.......ကျနော်အခန်းထဲမှာ..ပုံဆွဲနေတုံး.....
``မင်းမောင် အပြင်မှာထွက် ကြည့်ပါဦး..´´
စကားသံကြောင့် ကျနော် ထွက် ကြည့် လိုက်တော့ ကောင်မလေး သုံးလေး ယောက်နဲ့
ကောင်လေး သုံးယောက်..အခန်းဝမှာကပ်ထားသောစာရွက်တစ်ရွက်ကို ကြည့်ပြီးရီနေကြသည်။
ကျနော်စိတ်ဝင်စား၍ ထွက်ကြည်.လိုက်တော့ ......
မင်းမောင်.....
နင်လိုက်ပြီး မပြောနဲ့ နော်....
ငါလည်းနင့်ကို...ချစ်ပါတယ်...ဟာ..
ချစ်မိတဲ. ...............
မိသန့် ။
ကျနော့်နံမည်တပ်ရေးထားသောမိသန့်လက်ရေးနဲ.စာ...ဘာလို့သည်မှာကပ်ထားရတာ လည်း။
သည်အဖြေကိုသိသူမှာ..မျိုးမင်းတစ်ယောက်ဘဲရှိတယ်။ထိုအခိုက်........
"နင်တော်တော်...အောက်တန်းကျပါလားမင်းမောင်........"
ကျနော.နောက်မှမိသန့်အသံကြောင့် လှည့်အကြည့် .......
“...ဖြန်း ” ...ကနဲ မျက်နှာမှာ ....ပူသွားသည်.....
မိသန့်ကျနော့်ကိုတွန်းဖယ်ပြီးစာရွက်ကိုဆုတ်ယူကာ ကျောင်းထဲမှထွက်ပြေးသွားသည်။
ထိုအချိန်မှစ၍ မိသန့်အားမမြင်ရတော့ ပေ။ထို့အတူဇတ်လမ်းဖန်တည်းရှင်...ပုလင်းဖင်လည်း
ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့သည်။
ကျနော်သာအခြောက်တိုက် ပါးရိုက်ခံခဲ့ရသည်။
ယခုထိုမိန်းခလေးကကျနော့ရှေ.မှာပြုံးပြုံးလေးထိုင်နေသည်။ယခင်ကနဲ့မတူ လှလို့။
“ ဟိုတုန်းက ကျနော်ဘာမှ မသိ ခဲ့ရပါဘူး ..........”
"ကျမသိပြီးပါပြီ.....ကိုမင်းမောင် ဘာမှမသိဘူးဆိုတာ..ဒါကြောင့်လည်း
ခုလိုလာတောင်းပန်တာပေါ...ကျမကို ခွင့်လွှတ်တယ်မဟုတ်လား.ကိုမင်းမောင်.."
" ကြာခဲ့ပြီဘဲ...ကျနော.စိတ်ထဲ အမှတ်မထားပါဘူး ..မနွယ်သန့်စင်...."
" မမောဘူးလားကိုမင်းမောင်..ကျောင်းနေဘက်သူငယ်ချင်းတွေကုမ္မဏီတစ်ခုထဲမှာလာတွေ့နေတာ
ဒီလောက်စိမ်းကားနေရလားကျမကိုနွယ်.ဖြစ်ဖြစ်..မိသန့်ဖြစ်ဖြစ်....တခုခုခေါ်လို့ရပါတယ်...နော်...."
အဲ့သည်က စပြီး ကျနော်...သူ.ကို နွယ် ...လို. တစ်လုံးတည်းခေါ်ဖြစ်သွားသည်။
အမည်နှင့် လိုက်အောင်ပင် နွယ်သည် ကျနော့နှလုံးသားကို ရစ်ပတ်သွားခဲ့သည်။ကျနော့်
မျက်စိထဲတွင် နွယ်သည်ဘာဝတ်ဝတ်လှသည်။နွယ်ဘာပြောပြောနားထောင်၍ကောင်းနေ၏ နွယ် နှင့်
တူတူသွားလျှင်.....နေရာတိုင်းသည် သာယာနေသည်။နေ့လည်တိုင်းကျနော်တို.ထမင်းအတူစားဖြစ်
ကြသည်။ နွယ်ကလည်း..နေ.တိုင်းကျနော့အတွက်..ဟင်းကိုအပိုထည်.လာတတ်သည်။
ညနေ ခင်း.. နွယ် ပြန်လျှင် ကျနော် က အိမ်ထိလိုက်ပိုသည့်တာဝန် ကိုယူတတ်လာသည်။
ကျနော်တို့ရုံးခန်းက ကောင်မလေးတွေနှင့် စနောက်နေသည်ကို...နွယ်တွေ့သွားလျှင်
စိတ်ကောက်တတ်လာသည်။ကျနော့်ကိုစကားမပြောတော့ကျနော်နှင့်ထမင်းအတူမစားတော့၊ချော့နိုင်
လွန်းမှစိတ်ကောက်ပြေသ နောက်တော့ အခေါ်လေးတွေကပြောင်းလာကြသည်။
ကျနော်က လေးနစေလို. ဆိုကာ နွယ်လေး လို.ပြောင်းခေါ်ခဲ.သလိုပင် နွယ်လေးကလည်း
ခေါ်ရတာမောတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ကျနော့်ကို ကိုမင်းမောင် အစား မောင် လို့
တစ်လုံးခေါ်ခဲ့သည်။ ကျောင်းတုန်း ကအကြောင်းတွေကျနော်ပြန်ပြောဖို့ကြိုးစားတိုင်း .....
``မပြောပါနဲ့ လား မောင်ရယ် နွယ်လေးမကြားချင် တော.ဘူး နွယ်လေးနေရခက်လို.ပါ .....´´
ဒါကြောင်.လည်းမပြောဖြစ်ကြ။ကျနော် နွယ်လေးကိုချစ်နေမိတာကို
ဖွင့်ပြောဖို့ကြံစည်တိုင်း လက်သံပြောင်သော နွယ်လေးကိုကျနော်လန့်နေမိသည်။ကျနော်တို့
နှစ်ယောက်ကို မန်နေဂျာကြီးကပင်လျှင်.ကိုမင်းမောင်တို့က ချစ်သူတွေလားလို.မေးလာသည်။
ဒါကြောင့်
"နွယ် နက်ဖြန် စောစောလာကြိုမယ်နော်...မနက်ကော်ဖီ တူတူသောက်ချင်လို."
" ကော်ဖီများကိုမင်းမောင်ရယ် ကျမ ဖျော်လာမှာပေါ့ ဒါများ ........"
ပြီးတော့ ကျနော် နွယ်လေးကို ..ပြောစရာလည်း ရှိလို့ပါ...."
ကျနော့စကားအဆုံးမှာ နွယ်လေး ကလျှောက်နေသောခြေလှန်းများကိုရပ်ပစ်လိုက်သည်။
ကျနော့ မျက်လုံးများကိုသေသေချာချာ ကြည့်လိုက်ပြီး.....
" မောင်.. မနက်ဖြန် ကျမကို... ချစ်တယ်.. လို့ ပြောမှာလား....မောင်....
ကျမတို့ဘ၀အတွက်.. အရေးကြီးတဲ့စကားမျိုးကိုကော်ဖီတစ်ခွက်တိုက်ပြီးပြောမလို့လား..
ကျမရဲ. နှလုံးသားက..ကော်ဖီဆိုင် လေးထဲမှာဘဲ...အလဲ အလှည် လုပ်ရတော့ မှာလား ...
ကျမမျော်လင့်ခဲ့တဲ့ ...အိပ်မက်က...အဲသည်လို မျိုးမဟုတ်ခဲ့ တာအမှန်ပါ....
ကျမက မောင်ကျမကို... တခမ်းတနား..ဖွဲ့နွဲ့ထား တဲ့..........
တော်ပါပြီ ကျမဆက်မပြောရဲတော့ဘူး......."
"ကျနော်က ..သည်လိုသဘောမ ဟုတ်ပါဘူး ...."
“ကျမ လည်းသိပါတယ်...မောင့် စိတ်ကို.....မောင်...ပြန်တော့ နော်...
ကျမသိပ်ပြီး ရှက်နေလို.ပါ ...နက်ဖြန်မှ ရုံးမှာဆုံ ရအောင်နော်...မောင်...”
ထွက်သွားသောနွယ်လေးကို ကျနော်ရပ်ပြီးကြည့်နေမိသည်။ အိမ်ကိုဘယ်လိုပြန်
ရောက်လာသည်ကိုပင်မမှတ်မိ ညထမင်းလည်းမစားနိုင်ချေ။နွယ်လေး လည်းသိ နေသောကျနော့
အချစ်ကို နွယ်လေးလက်ခံအောင်ကျနော်ကြိုးစားရပါမည်။
ဖုန်း ဆက်ပြီးပြောလျှင် လုံးဝမရဲ။တစ်ခုဘဲရှိတော.သည်စာရေးပြီးပေးလျှင်.........
ကျနော်အရွယ်နှင့်ရီးစားစာရေးရသည်မှာသိပ်တော.မလွယ်။တညလုံးတစ်စောင်ပြီးတစ်စောင်ရေး
သည် နောက်တော့.ပြန်ဖတ်သည်...အဆင်ကမချော.နွဲ့လွန်းသည် ကြမ်းလွန်းသည်..ရိုးလွန်းသည်
.နုလွန်းသည် ..စသဖြင့်စိတ်ကြိုက်ကမရပေ။မနက် လေးနာရီလောက်မှာတော.ရင်ထဲက
အတိုင်းရေးချလိုက်သည်။
နွယ်လေး ....
ကျနော် နွယ်လေးကို ချစ်မိနေတာ ကြာပါပြီ...
နွယ်လေးရဲ့ မေတ္တာ ကို လည်း မျှော်လင့်မိပါသည်။
ကျနော့်ဘ၀တခုလုံးကို...နွယ်လေး ဆီမှာ..အပ်နှံလိုက်ပါတယ်
ချစ်တယ်ဆိုတာထက်ပိုပြီး....ချစ်မိနေလို့ပါ....
နွယ်လေးကို.....မျှော်လင့်နေမည်
မင်းမောင်။
ခပ်တိုတိုလေးရေး၍စာအိပ်မှာထည့်လိုက်သည်။မှေးကနဲအိပ်ပျာ်သွားပြီးနိုးတော့(၈)နာရီခွဲနေပြီ။
ရေမိုးချိုးပြီးရုံးခွဲရှေ့အရောက်သုတ်ခြေတင်ခဲ့သည်။
အ၀မှာ... နွယ်လေးကျနော့ကိုရပ်စောင့် နေတာမြင်မှ....ရင်အေးသွားသည်။
" ဆရာကြီး...ဒီနေ့ နောက်ကျတယ်...နော်.....|"
" ဟုတ်တယ်..ညက အိပ်တာနောက် ကျသွားတယ်... ရော့ နွယ်လေး ....."
ပန်းရောင်စာအိပ်လေးကို...လှမ်းပေးလိုက်တော့ နွယ်လေးက.....
" ကျမ...သေသေချာချာဖတ်လိုက် ပါ့မယ် မောင်......"
ကျနော်နွယ်လေးအပါးမှ..ခပ်သွက်သွက်ထွက်လာခဲ့သည်။စိတ်ထဲမှာ.. မိန်းကလေး ကရင်မတုံဘဲ...
ရင်ခုန်နေသော..ကျနော.အဖြစ်ကိုအံ့သြနေမိသည်။စားပွဲမှာထိုင်ပြီး သူမ ကျနော်.ကိုဘယ်လိုတုံ့
ပြန်မလည်း စဉ်းစားနေတုန်း...
တီ.........တီ......ရုတ်တရက်မည်လာသောဖုန်းသံကြောင့် လန့်သွားသည်။
" ဟုတ်ကဲ့....ကျနော် မင်းမောင်ပါ...."
"ကျနော်ပါကိုမင်းမောင် ......´´
ဂျာကြီးရဲ.အသံ၊....နွယ်လေးမဟုတ်သေး။
"ဟုတ်ကဲ့ ပြောပါခင်ဗျာ.. ´´
MD ရောက်နေတာသိတယ်နော်..ခင်ဗျားအလုပ် ၀င်ပြီးကတည်းက...MD ဦးမျိုးဆွေ ..နဲ.
မတွေ့ရသေးဘူးလေ..အဲဒါနက်ဖြန် နေ့လည် ခင်ဗျားသူနဲ့ တွေ.ဖို့ကျနော်..
စီစဉ်ထားတယ်..နော်...."
" ဟုတ်ကဲ့ ပါ ..ကျနော်..တွေ့ဘို့အသင့်လုပ်ထားပါ့မယ်....."
" အင်း....ဒါဘဲနော် .".
.ဟူး........ သက်ပြင်းရှည်ကြီးချလိုက်မိသည်။
နွယ်လေးအကြောင်းထိုင်စဉ်းစားပြီး ငိုင်နေမိသည်မှာထမင်းစားချိန်အထိပင်။
ကျနော့ စိတ်ထဲတခုခုမှားနေသည်ဟုခံစားမိလာသည်။ထမင်းချိန်ဆိုလျှင် လက်ပန်ပင်ဇရက်ကျသလို
ညံစည်တတ်သော..အပြင်ဘက်ရုံးခန်းမှကောင်မလေးတွေအသံက ကနေ့တိတ်ဆိတ်နေသည်။
ကျနော်ထွက်ကြည့်လိုက်တော့ဝန်ထမ်းကောင်မလေးတွေရဲ့မျက်နှာက အကြည့်ကထူးခြားနေသည်။
ကောင်မလေးတစ်ယောက်ထလါပြီးကျနော့ကို...မ၀ံ့ မရဲ နှင်.အနားကပ်လာပြီး...
" ဆရာ..၀ယ်ရောင်းဌာန..ရှေ.ကကြော်ငြာ ဘုတ်မှာ ဆရာ.နံမယ်နဲ့စာ....."
" တော်တော့ ငါနားလည်ပြီ .." ..
ကျနော်ထူပူပြီးပြေးဆင်းလာသည်မှာ...၀ယ်ရောင်းဌာနရှေ့သို့ဘယ်လိုရောက်
လာသည်ကိုပင်....မသိ။ကြော်ငြာဘုတ်ရှေ့တွင်..၀န်ထမ်း လေး ငါး ဦးရီ၍ဖတ်နေသောစာရွက်
ကိုကြည့်လိုက်တော့ ကျနော့မျက်လုံးတွေ ပြာသွားသည်။
ကြော်ငြာဘုတ်ပေါ်ကတင်ဒါစာရွက်နှစ်ရွက်အောက်မှာ ဒီမနက်ကမှ ကျနော်နွယ်
လေးကိုပေးလိုက်သော ကျနော့ရဲ့စာ... မူရင်းတော့မဟုတ်...မိတ္တူ။ဘုတ်ကလည်းသံဇကာတပ်
သော့ခတ်ထား၍စာရွက်ကိုယူ၍ မရပေ။
မိတ္တူတွေ ဘယ်လောက်ပွား၍ လိုက်ကပ်ထားမည်ကိုကျနော်မတွေးရဲတော့။
ကျနော်အခန်းသို့ ပြန်ပြီး ငူငူကြီးထိုင်နေမိသည်။
ကျနော်၏ဂုဏ်သိက္ခာ.....အရှက်....ကိုယ်ကျင့်တရား...ပြီးနေတော့ယောက်ကျားတစ်ယောက်ရဲ့
မာန...အားလုံးရေစုန်မျောကုန်လေပြီ။တယ်လီဖုန်းသံကြောင့်ကျနော်ကောက်ကိုင်လိုက်သည်။
ထင်သည့်အတိုင်းပင်.......
" ကိုမင်းမောင်....ရှင်နားထောင်နေလား....ရှင့်စိတ်ထဲမှာ....မိန်းမပျိုတစ်ယောက်
ရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာ...သူရဲ.မာန....အဲဒါတွေအတွက်...ပါးတစ်ချက်ရိုက်လိုက်
ရုံနဲ့ ကျေနပ်သွားမယ်ထင်နေတာလား...ဒီလိုနေ့ကိုကျမစောင့် နေတာ...( ၇ )နှစ်
တောင်ရှိပြီ။ဘယ်လိုနေလည်း....ကိုမင်းမောင်..ချိုရဲ့လား....ဟင်း...ဟင်း.."
နွယ်လေးရဲ့ နောက်ဆုံးရီ သံနဲ.အတူ....
အရှိန်အဟုန်ဖြင့်တိုးဝင်လာသောမြှားတစ်စင်းသည်
...ကျနော. ရင်ဘတ်ကိုထိုးဖေါက်၍ နှလုံးသားကိုနက်ရှိုင်းစူနစ် စိုက်ဝင်သွားတော့သည်။
ထိုမြှားသည်....ကား
တခါက စူဠသုဘဒ္ဒာ ၏စေခိုင်းချက်အရ သောနုတ္ထိုရ မုဆိုး ဆန္ဒန်ဆင်မင်းကို...ပစ်ခွင်းခဲ့သော
မြှားကဲ.သို.ပင် အသွားထက်၍အဆိပ် ပျင်းလှပါပေသည်။
ထိုနေ့ကကျနော်...တရုံးလုံးလူကုန်မှအိမ်သို.ပြန်ခဲ့သည်။လမ်းတလျှောက်တွေ့ သော
လူတိုင်းသည်ကျနော့အားသရော်လှေင်ပြောင်နေသည်ဟုခံစားနေမိသည်။နားထဲမှာလူတို့၏လှောင်
ပြောင်နေသောရီသံ များသာကြားနေရသည်။နွယ်လေး၏ နာကျည်းသောအသံများကနားထဲမှတညလုံး
မထွက်ပေ။နောက်တစ်နေ့မနက်မှာတော့ကျနော့ဆုံးဖြတ်ချက်အတိုင်းကျနော်အလုပ်ထွက်စာကို
ကျနော်၇ုံးသို.ပို့လိုက်တော့သည်။အိမ်ထဲမှာတယောက်တည်းအရုပ်တစ်ရုပ်လိုထိုင်နေတုန်း
တံခါးခေါက်သံကြောင့်ဖွင့် ပေးလိုက်တော့မန်နေဂျာကြီး။ ..
".ကဲ ကိုမင်းမောင်ရေ.. MD- ဦးမျိုးဆွေ က ခင်ဗျားကိုတွေ့ချင်လို့တဲ့လိုက်ခဲ့ပေးပါဦး..ခင်ဗျား
ထွက်စာလည်း သူ.ကိုတင်ပြထားပါတယ်။သူက ခင်ဗျားကို သူ့အိမ်အရောက် ရအောင်ခေါ်ခဲ့ပါဆိုလို့
ကျနော်ငြင်းနေလျှင်တမျိုးထင်မည်စိုး၍ ဂျာကြီး နှင့်အတူလိုက်ခဲ့ရပါတော့သည်။
MD ဦးမျိုးဆွေ အိမ်ရောက်တော့
"MD ကခင်ဗျားကို တစ်ယောက် ချင်းတွေ့မယ်တဲ့ ဧည့်ခန်းမှာခဏစောင့်လိုက်နော်..ကိုမင်းမောင်"
ခမ်းနားသပ်ရပ်သောဧည့်ခန်းကို လိုက်ကြည့်နေစဉ်..အနောက်မှ....
" ဘာတွေလိုက်ကြည့် နေတာလည်းသူငယ်ချင်း...."
ကြားဖူးနေသောအသံမို့လှည့် ကြည့်လိုက်တော့
" ..ဟင်..ပုလင်းဖင်.... မင်းက...."
"မင်း...ငါ.ကိုပုလင်းဖင်လို့ ခေါ်လို့မရတော.ဘူးကွ...ငါကမင်းတို့ရဲ့ MD..လေ......ဒီ ကုမ္မဏီက ငါ့ရဲ့
ယောက္ခမ ပိုင်တာ..မိန်းမကငါ့ နံမည်မျိုးမင်းကို...မျိုးဆွေလို့ပြောင်းထားတာလေ......."
" မင်းဘာကောင်ဘဲဖြစ်နေနေ...ငါကတော.မင်းကိုသတ်ပစ်ချင်နေတာ...."
" ငါ့ အပြစ်ကို ငါသိပါတယ်....ဒါကြောင့်လည်းငါ မြန်မာပြည်ပြန်လာတာကွမင်းတို.နှစ်ယောက်လုံးကို
..ငါဘဲအလုပ်ခန့်ခဲ့တာကွ ငါကဒီနေ့မင်းတို့ကိုရှင်းပြမလို့စီစဉ်ထားတာ
မင်းတို့ကပြသနာဖြစ်ပြီးနေပြီ"
" အဲဒါတွေထားလိုက် မင်းဘာကြောင့် ကျွဲမ နဲ. ငါ့ကိုဘာရည်ရွယ်ချက်နဲ့
ပြသနာရှပ်အောင်လုပ်ခဲ့ရတာလည်း........"
" သေမှာကြောက်လို့ ပေါ့ကွ ငါ့အသက်သေမှာကြောက်လို့
မင်းမှတ်မိမှာပေါ့ အဲဒီနေ့က မင်းရေးပေးတဲ့စာကိုငါမကူးတော့ဘဲ မင်းရေးပေးတဲ့ အတိုင်း
မနက်အစောကြီးငါသွားပေးတာ.....ငါရောက်သွားတော့ သူကအိမ်ရှေ့မှာပန်းတွေညှပ်နေတာ......
ငါကစာလည်းထုတ်ပေးလိုက်ရော..
မြန်လိုက်တာမောင်..သူငါ့ ရင်ဘတ်ကိုဆွဲ.....ကပ်ကျေးနဲ.ချိန်ပြီး
နင်ဘာအချိုးချိုးတာလည်းတဲ့ ငါလည်းကြောက်ပြီး...
ငါပေးတာမဟုတ်ပါဘူးမင်းပေးတာပါလို့ ပြောလိုက်မှ ....သူကလွှတ်ပေးတာ
.နောက် သူစာကိုဖတ်ပြီး ..ခဏစောင့်ဆိုပြီး အိမ်ထဲမှာစာဝင်ရေးပြီးငါ့ကို
မင်းအတွက်ဆိုပြီးစာပြန် ပေးလိုက်တာ
ငါ.မှာ ကြောက်လည်းကြောက်..ရှက်လည်းရှက်..ဒေါသလည်းထွက်ပြီးသူ.ပြန်စာကို
ယူပြီးပြန်လာရတာ...
မင်းကိုလည်း အဲဒီစာငါသွားမပေးရဲတော့မင်းက...ကျောင်းစောစောလာတတ်
တာသတိရပြီး အခန်းတံခါးဝမှာကပ်ထားပေးခဲ့တာကွ"
ကျနော်စဉ်းစားကြည့် တော့သူပြောတာတွေကဖြစ်နိုင်သည်။ဘာကဘယ်လိုလွဲ
ပြီးထိုစာကိုကျနော်မမြင်ခဲ့ချင်းဖြစ်မည်။
" ငါလမ်းတ၀က်ရောက်မှ စိတ်မချလို.ပြန်လာတော့ အခန်းဝမှာ မင်းကို...သူပါးရိုက်
တာမြင်လိုက်ရတယ် ငါလည်းအမှုကထင်တာထက်ပိုကြီးပြီဆိုတာသိလိုက်ရတော့
တချိုးထဲပြေးလိုက်တာ..ရန်ကုန်ကငါ့ဘကြီးအိမ်အရောက်ဘဲ"
" အော် ဒါကြောင့်မင်းတို့ နှစ်ယောက်လုံးတူတူပျောက်သွားကြတာကိုးဒီမှာမင်းကိုတွေ့ပြီး
နွယ်စင်သန့်က မင်း ကိုလာပြီးလုံးတဲ့အချိန်....မင်းကဘာမှမသိဘူးပြောတာကို
....နွယ်စင်သန့်ကမင်းလိမ်ပြောတယ်လို့ထင်ခဲ့တာတဲ့ကွ......."
" ဟင်..မင်းကိုဘယ်သူပြောပြလည်း...”..
“ ငါမနက်ကတည်းက သူနဲ.တွေ.ပြီးရှင်းပြပြီးပြီ..ကွ......"
"ဒါဆို ဒီကိစ္စ အဖြစ်မှန်တွေ အကုန်လုံး သူသိသွားပြီပေါ့ "
ရုတ်တရက်နောက်မှအသံထွက်လာတဲ့နွယ်အသံ
" ဟုတ်ပါတယ်..မောင် ကျမ အားလုံးကိုသိပြီးသွားပါပြီ......ပြီးတော.မောင့်ကို
အကြိမ်ကြိမ် ကံသုံးပါးနဲ့ ပစ်မှားစော်ကားမိခဲ့တဲ့မောင့်ကို.....ကျမရှိခိုးပြီး
တောင်းပန်ပါတယ်မောင်....ကျမကိုကြိုက်တဲ့အပြစ်ပေးပါ........"
" အာ...မဟုတ်တာဘဲ ..နွယ်လေး..မောင်က နွယ်လေးဘာ လုပ်လုပ်ခွင့်လွှတ် ပြီးသားပါ ထ..ထ .'
.. ကျနော်ကပြောပြောဆိုဆိုနွယ်လေးရဲ့လက်ကိုဆွဲထူ ၍ထစေလိုက်သည်။
ဟေ့ ကောင် ဒီမှာ မင်းတို့ MD တယောက်လုံးရှိတယ်ကွ။
" ရှိရှိ ပေါ့ MD ပုလင်းဖင် ရေ...မင်းအပြစ်အတွက် ဒို.နှစ်ယောက်ရဲ့
မင်္ဂလာဆောင် စရိတ်ကိုတော့မင်းတာဝန်ယူရလိမ့် မည်မောင်.........."
" အောင်မယ် ...မောင်နော်...သူ့ကိုလည်းဘယ်သူကမှ
ချစ်ပါတယ်လို့ အဖြေလည်းမပေးရသေးဘဲနဲ့ .....'".
ထိုအခိုက်...ယင်းအခိုက်..လည်းကောင်းအခိုက်မှာပေါ့ ...
.နွယ်လေးရဲ့ချစ်စရာကောင်းသော
ချစ်မျက်စောင်း တစ်စုံသည်
ကျနော်၏ နှလုံးသားထံ.............ရင်ကိုထိုးဖေါက်စူးရောက်ဝင်သွားပါတော့သည်။
ဆက်လက်ကြိုးစားပါဦးမည်.......
တတိုင်းမွှေး။ ။