ဝန်ခံပါတယ်.....
ကျနော်ကစပြီး... သူ့ကို...ခင်ပါရစေလို...မိတ်ဆက်ခဲ့ပါတယ်။
သူ့ကို..လက်ဆောင်တွေပေးခဲ့တာပါ...
သူ့ကိုကဗျာတွေရေးဖွဲ.ခဲ.တာပါ...
သူ့ကို့စိတ်ကစားအောင်ဆွဲဆောင်ခဲ့တာပါ..။
ဝန်ခံပါတယ်...
ကျနော်ကစပြီး. သူ့ကို..ချစ်တယ်ပြောခဲ့တာပါ...
သူ့ကိုဂတိတွေပေးခဲ့တာပါ....
သူ့ကို..အချစ်တွေပြခဲ့တာပါ..
သူ့ကိုကြင်နာမှုတွေပေးခဲ့တာပါ...
သူ့ကိုအနမ်းတွေပေးခဲ့တာပါ....
သူ့ကိုပျော်ရွှင်မှုတွေပေးခဲ့တာပါ....
သူ့ကိုသာယာမှုတွေနဲ့ဆွဲဆောင်ခဲ့တာပါ..။
ဝန်ခံပါတယ်...
ကျနော်ကစပြီး သူ့ပါတ်ဝန်းကျင်ကိုမနာလိုဖြစ်ခဲ့တာပါ...
သူ့အလွှာကိုမော့မကြည့်ရဲတာပါ..
သူ့စိတ်ဓါတ်ကို...လန့် နေခဲ့တာပါ..
သူ့အချစ်ကကျနော်နဲ့မတန်မှန်းသိခဲ့တာပါ..
သူဟာတန်ဘိုးရှိမှန်းသိခဲ့တာပါ......
ဝန်ခံပါတယ်...
ကျနော်ကစပြီး....သူ့ကိုအပြစ်ရှာခဲ့တာပါ...
သူ့ကိုစွပ်စွဲခဲ့တာပါ...
သူ့ကိုကြောခိုင်းခဲ့တာပါ
သူ့ကိုနာကျည်းစေခဲ့တာပါ..
သူ့ကိုမျက်ရည်ကျစေခဲ့တာပါ...
သူ့ကိုနောင်တရစေခဲ့တာပါ...
ဝန်ခံပါတယ်...ဒီပြစ်မှုကိုကျနော်ကျူးလွန်ခဲ့ပါတယ်...
ခံစားရမဲ့ ပြစ်ဒါဏ်ကကြီးမားလှကြောင်းလည်းသိပါတယ်။
နောက်ဆုံးအနေနဲ့ လိုရာဆုတောင်းရရင်..
သူမကျနော့်ကို...ထာဝရမုန်းနေ..ပါစေ....လို့
သူမုန်းလည်း......ကျနော်..မမေ့ပါဘူး..
သူမေ့လည်း... .ကျနော်..မမုန်းပါဘူး..
ဆက်လက်ကြိုးစားပါဦးမည်။
တတိုင်းမွှေး။ ။
ကိုယ်တိုင်တွေးပါသည်။
No comments:
Post a Comment