Friday, March 1, 2013

မျက်ရည်ဖေါ်မြူလာ...

 


အောက်စီဂျင်သည်

မီးကိုလောင်စေပါသည်။


ဟိုက်ဒြိုဂျင် သည်

ကိုယ်တိုင်မီးလောင်ပါသည်။


မောင်သည်

သိပ်ချစ်တတ်ပါသည်။


မင်းသည်

ချစ်စရာကောင်းပါသည်။


အောက်စီဂျင် နှင်.

ဟိုက်ဒြိုဂျင် ပေါင်းစပ်လျှင်

ရေဖြစ်တတ်လို.


မင်းနဲ.မောင်နဲ.

ပေါင်းစပ်တဲ.အခါ

မျက်ရည်  ဖြစ်လာတာလား....။


တတိုင်းမွှေး။   ။

ဆက်လက်ကြိုးစားပါဦးမည်.....

No comments:

Post a Comment