Thursday, April 11, 2013

တစ်သက်တာ



ချစ်တယ်လို့ပြောပြီးသွားပြီ

အနားညီတာမညီတာ

အလွှာတူတာမတူတာ

ဘာဘာညာညာမတိုင်းနဲ့

အသိုင်းအ၀ိုင်းပြိုင်ပွဲလား

ရွှေမှုံစားတာသိစေချင်လား

ငပိရည်ဆိုတာဘဲသိတယ်

ရှိရှိသမျှအချစ်တွေ

စုဆောင်းမိသမျှတမ်းတမှူတွေ

ပိုင်ဆိုင်သမျှအလွမ်းတွေ

မင်းအတွက်စာချုပ်

အပြီးထုတ်ပြီးပေးထားတယ်

ချစ်တယ်လို့လည်းပြောထားတယ်

အပြစ်လို့ထင်လား

အချစ်လို့မြင်လား

ဈေးတော့မကစားနဲ့

ချစ်နဲ့မှမနီးရလျှင်

ချစ်အပြင်

နောက်သခင်မရှိလို့ပါ

ချစ်တယ်လို့ပြောထားပါတယ်။

သည်လိုပါသခင်..ရယ်

ခုမြင်ခုကြိုက်

ခုလိုက်ခုပြောခုလိုရောမိ

သခင်သိအောင်

ချစ်မိနေကြောင်း

စာလုံးပေါင်းလို့ပြောလိုက်တာ

အချစ်ပေးလည်းတစ်သက်တာနော်

အပြစ်ပေးလညိးတစ်သက်တာနော်

ပျော်ချင်လိုက်တာ

ချစ်လွန်းသူ...ရေ။

တတိုင်းမွှေး။ 18-3-2013

ကိုယ်တိုင်တွေးပါသည် ။ ။

No comments:

Post a Comment