Thursday, July 25, 2013

အရာရာက....မင်း


Photo: လေပြေအခတ်

မျက်ဝန်းဖြတ်ချိန်

တစ်ထပ်တည်းဆုံ

တို့ရင်ခုန်မိ

ငြိတွယ်တို့များချစ်မိပြီ.........။

ချစ်နေရင်းမိုးလင်း

ချစ်နေရင်းမိုးချူပ်

ဘာပဲလုပ်လုပ်

မင်းရုပ်ဘဲမြင်

ကောင်းကင်လည်းမင်း

မြေပြင်လည်းမင်း

သစ်ပင်လည်းမင်း

ပန်းတွေလည်းမင်း

အရာရာလည်းမင်း

မင်းကလည်းမင်းမို့

မင်းကိုလွမ်းလို့

သတိရလို့

ချစ်နေရလို့

တမ်းတလို့သာမျှော်နေမြဲ ။

ချစ်သူရယ်..

အမြင်သာနီး

ခရီးမှာဝေး

အတွေးကငိုင်

ဆိုင်သာဆိုင်သေး

မပိုင်ဝေးလို့

ချစ်လေးမင်းကိုစိတ်ပူတယ်.....။

နေ့ဆိုစိတ်မချ

ညဆိုအိပ်မရ

ခဏခဏသတိရ

အလွမ်းစလေးတွေ

တစ်စစီဆက်ထား

လွမ်းတံတားလေးကလာခဲ့နော်။

လေပြေအခတ်

မျက်ဝန်းဖြတ်ချိန်

တစ်ထပ်တည်းဆုံ

နှလုံးတုန်အောင်ချစ်ပါသည်။

                            တတိုင်းမွှေး။  ။
လေပြေအခတ်

မျက်ဝန်းဖြတ်ချိန်

တစ်ထပ်တည်းဆုံ

တို့ရင်ခုန်မိ

ငြိတွယ်တို့များချစ်မိပြီ.........။

ချစ်နေရင်းမိုးလင်း

ချစ်နေရင်းမိုးချူပ်

ဘာပဲလုပ်လုပ်

မင်းရုပ်ဘဲမြင်

ကောင်းကင်လည်းမင်း

မြေပြင်လည်းမင်း

သစ်ပင်လည်းမင်း

ပန်းတွေလည်းမင်း

အရာရာလည်းမင်း

မင်းကလည်းမင်းမို့

မင်းကိုလွမ်းလို့

သတိရလို့

ချစ်နေရလို့

တမ်းတလို့သာမျှော်နေမြဲ ။

ချစ်သူရယ်..

အမြင်သာနီး

ခရီးမှာဝေး

အတွေးကငိုင်

ဆိုင်သာဆိုင်သေး

မပိုင်ဝေးလို့

ချစ်လေးမင်းကိုစိတ်ပူတယ်.....။

နေ့ဆိုစိတ်မချ

ညဆိုအိပ်မရ

ခဏခဏသတိရ

အလွမ်းစလေးတွေ

တစ်စစီဆက်ထား

လွမ်းတံတားလေးကလာခဲ့နော်။

လေပြေအခတ်

မျက်ဝန်းဖြတ်ချိန်

တစ်ထပ်တည်းဆုံ

နှလုံးတုန်အောင်ချစ်ပါသည်။

တတိုင်းမွှေး။ ။

No comments:

Post a Comment