Thursday, September 19, 2013

ချစ်တဲ့သူလေး...နေမကောင်းဘူး






 
ချစ်တဲ့သူလေး..နေမကောင်းဘူး...

ပန်းတွေခူးလည်း..ရနံ့နည်းတယ

ငှက်ကလေးတွေလည်းတေးဆိုကြဲတယ

စမ်းကလေးတွေလည်း..နွေးလာသလိုဘဲ..နော်။


ချစ်တဲ့သူလေး..နေမကောင်းဘူး...

အသည်းထဲမှာစူးတဲ့ဆူးတချို့ပေါက်လာတယ်

ကဗျာထဲက..ကာရန်တွေလည်းပျောက်ကုန်တယ်

စိုးရိမ်အမှတ်ထက်ကျော်လွန်တဲ့သောကလှိုင်းတွေကြီးနေပြီဗျ။


ချစ်တဲ့သူလေး..နေမကောင်းဘူး...

သူ့နဖူးလေးကိုအသာစမ်း...တော်တော်ချမ်းနေလားလို့

စောင်ခြုံလို့မနွေးသေးလျှင်...ရင်ခွင်မှာဖက်ထားပေးချင်တယ်

မျက်လုံးလေးကိုအသာမှိတ်..ချစ်တဲ့စိတ်လေးကိုအာရုံထား

မေတ္တာများတဲ့ကိုယ်ဆုတောင်းလေး...ကြောင့်

မင်းနေကောင်းပေးပါနော်....။


ချစ်တဲ့သူလေး..နေမကောင်းဘူး...

လက်ဆယ်ဖြာပူးလို့ဘုရားမှာဆုတောင်း

ယတြာကောင်းဖို့ပန်းတွေတင်

မိုးနတ်မင်းနဲ့ခင်ချင်လိုက်တာ

ချစ်သူအတွက်ပါကျန်းမာအောင်လုပ်ခိုင်းမလို့။


ချစ်တဲ့သူလေး..နေမကောင်းဘူး...

...................ဟူး..ရင်မောတယ်..ဗျာ။

                                           တတိုင်းမွှေး။

No comments:

Post a Comment