အို..ဖန်ဆင်းရှင်
ချစ်တယ်ဆိုတာသိချင်လို့
ချစ်နေတဲ့ချစ်သူတွေကိုလိုက်ငေး
ချစ်တတ်ပါတဲ့ချစ်ဆရာတွေကိုလိုက်မေး
ပြီးတော့...အချစ်စာလေးတွေကိုတွေး
အချစ်ကဗျာလေးကိုရေးပြီး
သူ့ကို...ကျွန်ပ်၏အချစ်တွေကိုပေးလိုက်တာပါ
ဘယ်ဘ၀ကံအဖြစ်က
အချစ်တွေကိုပျက်ကြွေသုန်း
ကျွန်ပ် ကို သူမ တူးတူးခါးခါးမုန်းအောင်
ပျော်စရာအချိန်လေးတွေကုန်ဆုံးအောင်
ပြောင်းလဲလိုက်တာလည်းသခင်။
အို..ဖန်ဆင်းရှင်.....
သူမသည်..ကျွန်ပ်နှင့်...နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ
မြင်ရသည်ဖြစ်စေ...မမြင်ရသည်ဖြစ်စေ
ကျွန်ပ်သည်သူမ၏အသံကိုကြားနေရပါသည်။
သူမသည်..ချိုသာသောစကားကိုပြောသည်ဖြစ်စေ
ချိုသာသောစကားကိုမပြောသည်ဖြစ်စေ
မှန်ကန်သောစကားကိုဆိုသည်ဖြစ်စေ
ပြောင်လှောင်သောစကားကိုဆိုသည်ဖြစ်စေ
ကျွန်ပ်သည်..သူမ၏ စကာလုံးများတွင်
စိမ့်ဝင်ပျော်မွေ့သဘောကျနှစ်ခြိုက်ရပါသည်။
အို..ဖန်ဆင်းရှင်
ကျွန်ပ် သည်အိပ်မပျော်သည့်အချိန်များနှင့်
အိပ်ပျော်နေသည့်အချိန်များတွင် သူမကိုအိပ်မက်မက်တတ်ပြီး
အိပ်မက်ကလည်း သူမ ကိုတပ်မက်လေသည်။
သူမ ၏ရယ်သံကြောင့် ကောင်းကင်ဘုံအထက်ကဂီတသံများမနာလိုဖြစ်ကြသည်။
သူမ ရှိုက်သံ ကြောင့် ကြယ်တာရာအချို့မီးလောင်ပေါက်ကွဲဘူးကြသည်။
သူမသည် ပျော်ရွှင်ခြင်း နှင့် ၀မ်းနည်းခြင်းကို စီရင်ပိုင်ခွင့်ရှိပြီး
သူမကြောင့် အင်အားချိနဲ့သူများ မျော်လင့်ချက်များရရှိပြီး
သူမကြောင့်သူရဲကောင်းများသိမ်ငယ်ပြီး ကြောက်တတ်သွားကြသည်။
အို..ဖန်ဆင်းရှင်...
ကျွန်ပ်၏အချစ်များကို...သိမ်းပိုက်ခြင်းခံရသည်
ထိုအချစ်များသည်...ကြေကွဲဘွယ်ရာတစ်စစီအရှင်လတ်လတ်
ချိုးဖဲ့ဖျက်ဆီးခြင်းခံရသည်။နင်းခြေပစ်ပေါက်ခြင်းခံရသည်။
အချစ်အပိုင်းအစများသည် ကျွန်ပ်၏ရင်ကိုဖေါက်ပြီးနှလုံးသားတွင်စိုက်ဝင်စေသည်
မျက်လုံးအိမ်မှမာနများသည်သွေးရောင်ဖြင့်စီးကျခဲ့လေပြီ
အရာခပ်သိမ်းသည်သူမ၏ဆံကေသာအရောင်အတိုင်းပင်မဲမှောင်စေလေပြီ
မဆင်ခြင်သော စကာလုံးအတွက်..သူမ၏ရွှန်းလဲ့သောမျက်ဝန်းမှ
နူးညံသောပါးပြင်ပေါ်သို့ကျသွားသောမျက်ရည်တစ်စက်အတွက်ပြစ်ဒဏ်ဖြစ်သည်။
သူမ၏ကျိန်စာကြောင့် ကျွန်ပ်ကိုင်မိသောအရာမှန်သမျှလောင်မြိုက်ကုန်သည်ပင်
ပါတ်ဝန်းကျင်ကပန်းတို့လည်းကြွေကြကုန်လေပြီ။နင်းခဲ့သောလမ်းတစ်လျှောက်
မြက်တို့သည်ခြောက်သွေ့ကုန်လေပြီ.....ရေသည်လေနှင့်အတူမီးလိုပူလေပြီ......
အိုဖန်ဆင်းရှင်.....
သူမသည်မိန်မသားဖြစ်ပါသည်
ထို့ကြောင့်အလွန်ချစ်စရာကောင်းပါသည်။
ထို့ကြောင့်အလွန်ကြောက်စရာကောင်းပါသည်။
ထိုကြင်နာတတ်ပြီးရက်စက်လွန်းသော..မိန်းမကို..မုန်းမှဖြစ်ပါတော့မည်။
ကျွန်ပ်သည်အချိန်ပေါင်းများစွာ...အကြိမ်ပေါင်းများစွာ
သူမအားမုန်းမေ့ရန်ကြိုးစားခဲ့သော်လည်း...မအောင်မြင်ခဲ့ပေ....။
အိုဖန်ဆင်းရှင်....
မဟာကရုဏာရှေ့ထားပြီးသောကအပေါင်းမှလွတ်ကင်းရန်
ထိုမိန်းမသားးအား..မေ့ပျောက်စေရန်
ကျွှန်ပ်အား.....“ မုန်းခွင့် ” ကိုအမြန်ပေးသနားတော်မူပါလေ...................။
တတိုင်းမွှေး။
http://tadaingmwe.blogspot.com/2013/10/blog-post_8.html

No comments:
Post a Comment