မျက်းဝန်းထက်ကို
ရေတွေခို
ချစ်ကိုတမ်းတရှိုက်မိသည်။
မလွမ်းတတ်လည်း
မျက်ရည်ဝဲ
အသည်းထဲကတမ်းတမည်။
နှလုံးသားအတွင်းပိုင်းက
ပြင်းထန်တဲ့တုန်ခါမှုကြောင့် 
ရင်ခွင်တစ်လျှောက်မှာ
မီးဟုန်းဟုန်းတောက်သွားပြီ
ပျောက်ကွယ်ပြီးမျိုးတုန်းလု လု
သိမ်းကြုံးစုထားတဲ့ အကြင်နာ ရွက်ကြွေတောလေး
ဝေဒနာအတွေးကြောင့်လောင်မြို က်ကုန်ပါပြီ
အမှောင်ကြိုက်တဲ့ရှိုက်သံတွေက တွဲလွဲခို
မျက်ဝန်းမှာလည်းရေတွေ စို
သူ့အလိုလိုအဆပွားကြတယ်နော်
စီးကျပြီးမသွားအောင်အားတင်း လို့ထိမ်းကူ
ပါးပြင်ပူပူမှာတစ်ချို့ကခမ်းခြောက်
တစ်ချို့ကမေးဖျားအောက်မှာရည်းလေးခို
အလျှိုလျှိုကြွေကာကျ
မာနကအဆစ်ပါသွားသေး
ပစ်ခွားပြေးတဲ့သူကတော့သိချင်မှသိမယ်
အချစ် ဆိုတာအပိုင်ပေးမိမှ
မှိုင်ငေးပြီးကြည့်နေရတာတန် ပါတယ်....
တစ်ရံတစ်ခါကအပျော်တွေကိုတမ်းတ
မှန်းဆလို့မရတဲ့ ရင်ခုန်ဖက် ရယ်
တမင်မယုံရက်တော့ ခွဲခါ
အသည်းမာသူနင့်အတွက်
ဘ၀အဆက်ဆက်လွမ်းမည်နော်။
မျက်းဝန်းထက်ကို
ရေတွေခို
ချစ်ကိုတမ်းတရှိုက်မိသည်။
တတိုင်းမွှေး။
No comments:
Post a Comment