၁။ ။မျိုးဇာတ်အယူ တူမတူ လူကိုသေချာရွေး
၂။ ။အကျင့်ကောင်း၏ မကောင်း၏ သတိရှိလို့ရွေး
၃။ ။အမျိုးစင်ကြယ် မစင်ကြယ် အနွယ်သိအောင်ရွေး
၎။ ။ပညာတတ်ထား မတတ်ထား စဉ်းစားလို့သာရွေး
၅။ ။ဒေါသအမျက် ထွက်မထွက် အချက်သိအောင်ရွေး
၆။ ။ရဲစွမ်းသတ္တိ ရှိမရှိ သိအောင်စုံစမ်းရွေး
၇။ ။ ရောဂါကင်းသည် မကင်းသည် ရှင်းရှင်းသိအောင်ရွေး
၈။ ။သဘောထားကြီး၏ မကြီး၏ အပြီးသိအောင်ရွေး
၉။ ။မေတ္တာစစ်စစ် မစစ်စစ် အချစ်စစ်ကိုရွေး
၁၀။ ။အပျော်လိုက်စား မလိုက်စား အများကိုမေး သိအောင်ရွေး။
အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ` မောင်မှူးပြဇာတ်
´မှထုတ်နှုတ်တင်ပြပါသည်။
တတိုင်းမွှေး။ ။
No comments:
Post a Comment