ချစ်သူ
ချစ်သူပြောတာမှန်တယ်
ငါကလူမဟုတ်ဘူး
ငါက ငှက်တစ်ကောင်
မီးတောင်တွေကိုမျိုချပြီး
ရင်ဘတ်ကြီးကို အပူပေးတဲ့ငှက်
တပ်မက်မှုကို လက်မှာဆုပ်
နောင်တကိုလှေခါးလုပ်တဲ့ငှက်
မြတ်နိုးမှု ရင်မှာပိုက်
မှောင်မိုက်မှာအိပ်မက်မက်တဲ့ ငှက်
အဖက်ဖက်ကအရှုံးပေ
အမုန်းဆေးကိုအ၀သောက်တဲ့ငှက်
ချစ်တတ်တာတစ်ခုအတွက်
မာန ကိုမြေပေါ်မှာရေးပြဈေးချတဲ့ ငှက်
နှလုံးသားဈေးကွက်မှာဆူညံ
သွေးပွက်ပွက်အန်အောင်အော်ပြ တဲ့ငှက်
ချစ်သူရဲ့လှပတဲ့အဆင်း
ကဗျာအတွင်းမှာဖျော်စပ်တဲ့ငှ က်
အပြုံးတစ်ခုနဲ့ပြုစားတာကိုခံ
မုသားအသံကိုအမှန်ထင်တဲ့ငှက်
ချစ်တဲ့သူအတွက်သံချိုတေး
နှလုံးသားလေးနဲ့တီးခတ်ပေးတဲ့ ငှက်
နေ့စဉ်ရက်ဆက်မပျက်ကွက်
အချစ်ကိုအချစ်လို ချစ်တဲ့ငှက်
အခုတော့ သည်ငှက်ကလေး
ပက်လက်ကလေး ငိုနေတယ်
ချစ်သူပြောတာမှန်တယ်
ငါကလူမဟုတ်ဘူး
ငါက ငှက်တစ်ကောင်
အမှန်တော့ ငါက
လွမ်းနေရတာနေ့စဉ်ရက်ဆက်
မျက်ရည်ဥတဲ့ အလွမ်းငှက်။
တတိုင်းမွှေး။
ချစ်သူပြောတာမှန်တယ်
ငါကလူမဟုတ်ဘူး
ငါက ငှက်တစ်ကောင်
မီးတောင်တွေကိုမျိုချပြီး
ရင်ဘတ်ကြီးကို အပူပေးတဲ့ငှက်
တပ်မက်မှုကို လက်မှာဆုပ်
နောင်တကိုလှေခါးလုပ်တဲ့ငှက်
မြတ်နိုးမှု ရင်မှာပိုက်
မှောင်မိုက်မှာအိပ်မက်မက်တဲ
အဖက်ဖက်ကအရှုံးပေ
အမုန်းဆေးကိုအ၀သောက်တဲ့ငှက်
ချစ်တတ်တာတစ်ခုအတွက်
မာန ကိုမြေပေါ်မှာရေးပြဈေးချတဲ့
နှလုံးသားဈေးကွက်မှာဆူညံ
သွေးပွက်ပွက်အန်အောင်အော်ပြ
ချစ်သူရဲ့လှပတဲ့အဆင်း
ကဗျာအတွင်းမှာဖျော်စပ်တဲ့ငှ
အပြုံးတစ်ခုနဲ့ပြုစားတာကိုခ
မုသားအသံကိုအမှန်ထင်တဲ့ငှက်
ချစ်တဲ့သူအတွက်သံချိုတေး
နှလုံးသားလေးနဲ့တီးခတ်ပေးတဲ
နေ့စဉ်ရက်ဆက်မပျက်ကွက်
အချစ်ကိုအချစ်လို ချစ်တဲ့ငှက်
အခုတော့ သည်ငှက်ကလေး
ပက်လက်ကလေး ငိုနေတယ်
ချစ်သူပြောတာမှန်တယ်
ငါကလူမဟုတ်ဘူး
ငါက ငှက်တစ်ကောင်
အမှန်တော့ ငါက
လွမ်းနေရတာနေ့စဉ်ရက်ဆက်
မျက်ရည်ဥတဲ့ အလွမ်းငှက်။
တတိုင်းမွှေး။
No comments:
Post a Comment