Thursday, February 28, 2013

နေတတ်ရင်ကျေနပ်ပါတယ်

စပါးကိုနွားများက

မိုးတွေကြားမှာထွန်ယက်ပေးတယ်

နှင်းတွေကြားမှာကောက်နယ်ပေးတယ်

ပြီးတော့လှည်းနဲ့သယ်ခဲ့ပေးတယ်

ရတဲ့စပါးနွားမစားအပ်

သူနေတတ်တယ်ကျေနပ်တယ်။

အဖေကပန်းရံလုပ်တယ်

အမေကအုတ်သယ်ဖုတ်တယ်

တကယ်နေရတာက...တဲစုတ်နဲ့ပါကွယ်။

အကိုကပန်းတိမ်လုပ်တယ်

အမကစက်ချုပ်ပါတယ်

အမနားမှာပန်တာ..ကော်နားကပ်ပါ

အကိုဝတ်တာ...ဖျာပုံရှပ်ပါ။

ကျနော်ချက်တာကထမင်းဆိုင်မှာ

ညီလေးလုပ်တာကလက္ဘက်ရည်ဆိုင်ပါ

အမေစါးတာငပိနဲ့ထမင်းကြမ်းပါ

အဖေသောက်တာရေနွေးကြမ်းပါ။

ဦးလေးကပိန်ပိန်

တိုက်အိမ်ကိုဆေးသုတ်

မြောင်းပုတ်ကိုရှင်းပေး

သီချင်းလေးတကြော်ကြော်

ဒေါ်လာရွှေဈေးလါမမေးနဲ့

ဘုံဆိုင်လေးကအေးအေးလေးပြန်

ပူပန်မတတ်..ပြုံးနေတတ်တယ်။

ရတဲ့စပါး နွားမစားအပ်

သူနေတတ်တယ်ကျေနပ်တယ်။

                 
                      တတိုင်းမွှေး။

                ကိုယ်တိုင်တွေးကဗျာ။


စပါးကိုနွားက

မိုးကြားမှာထွန်ယက်

နှင်းကြားမှာကောက်နယ်

ပြီးတော့
လှည်းနဲ့သယ်

ရတဲ့စပါး
သည်နွားစားတတ်ပေမဲ့ 
မစားအပ်ဘူးတဲ့
နွားကလည်း
နေတတ်တယ်ကျေနပ်တယ်။

အဖေကပန်းရံလုပ်

အမေကအုတ်သယ်ဖုတ်

နေရတာက...တဲစုတ်။

အကိုကပန်းတိမ်လုပ်

အမကစက်ချုပ်

အမနားမှာပန်တာ..ကော်နားကပ်

အကိုဝတ်တာ...ဖျာပုံရှပ်

ကျွန်တော်ချက်တာကထမင်းဆိုင်

ညီလေးလုပ်တာလက္ဘက်ရည်ဆိုင်

အမေစါးတာငပိနှင့်ထမင်းကြမ်း

အဖေသောက်တာရေနွေးကြမ်း။

ဦးလေးကပိန်ပိန်

တိုက်အိမ်ကိုဆေးသုတ်

မြောင်းပုတ်ကိုရှင်းပေး

သီချင်းလေးက တကြော်ကြော်
သူ့ဘ၀လေးနှင့်သူပျော်

ဒေါ်လာရွှေဈေးလါမမေးနှင့်
ဟိုဟာသည်အရေးလာမမေးနှင့်

ဘုံဆိုင်လေးကအေးအေးလေးပြန်

ပူပန်မတတ်..ပြုံးနေတတ်၏ ။

ရတဲ့စပါး နွားမစားအပ်
ကျုပ်တို့ကတော့

နေလည်းတတ်တယ်
ကျေလည်းကျေနပ်တယ်။


တတိုင်းမွှေး။


No comments:

Post a Comment