Thursday, February 28, 2013

ချစ်နေပေးပါ


 

တစ်ရက်လေးပင်

မခွဲချင်ဘူး

တူယှဉ်အမြဲ

တို့လက်တွဲလို့

မခွဲတစ်သက် ချစ်မယ်နော်။


အပြုံးလှလှ

ခုံးမျက်စလေး

ရင်ဝနွေးသွား

အသဲယားလျှက်

 တအားဖက်လို့နမ်းမိမယ်။


ချစ်ရကြင်ရ

သတိရတာ

လွမ်းရတာတွေ

တမ်းတနေတာ

ရက်တွေလည်းကြာ

 မျှော်ကာငေးမိ

 ရှေ့ရေးကြည့်မှ

 မချိရတယ်

 စိတ်အားငယ်လည်း

 တကယ်လက်တွဲ

ဘ၀ထဲဝင်

 ငြိုငြင်မလှ

  မ၀၀မ်းစာ

 နေတာဆင်းရဲ

မလွဲဒုက္ခ

 သောကစိတ်ပူ

မကြည်ဖြူမှ

  မျက်ရည်စနဲ့

 ချစ်ကပြေးထွက်

ချန်ထားရက်မှာကြောက်ပါတယ်။


တစ်ဦးဘဝ

တစ်ဦးကမေး

မလှတာလေး

ဖြည့်စွက်တွေးဖို့

ကူပေးဖို့ရာ

နည်းကောင်းရှာမည်ချစ်သူရေ။


 ချစ်သူဘဝ

 လှတတလေး

ရသမျှလေး

 မပျက်သေးခင်

ကိုယ့်ရင်ခွင်ကြား

ခိုနားပြေးဝင်

ချစ်နေချင်တယ် ချစ်တယ်နော်။


 တူယှဉ်တွဲဖက်

 အားပေးတတ်လို့

  မပြတ်ချစ်တာ

  အကြင်နာနဲ့

 ရင်မှာထွေးပွေ့

မင်းမမေ့အောင်နမ်းထားမယ်။


တစ်ရက်လေးပင်

.မခွဲချင်ဘူး

တူယှဉ်အမြဲ

တို့လက်တွဲလို့

မခွဲတစ်သက် ချစ်မယ်နော်။



                   တတိုင်းမွှေး။14-2-2013

ကိုယ်ပိုင်အတွေး။

No comments:

Post a Comment