Thursday, February 28, 2013

သူငယ်ချင်း....တံတားလေး


   မေးချင်တာလေး.....ရှိနေသေးလည်း     ...မမေးရဲဘူး

  ပြောချင်တာလေး......ရှိနေသေးလည်း   ..မပြောရဲ ဘူး

  တောင်းချင်တာလေး .......ရှိနေသေလည်း  .မ.တောင်း ရဲ ဘူး

  သူငယ်ချင်း   တံတားလေး  ကျိုးမှာ  စိုးမိ တယ်....


 သူငယ်ချင်း....တံတားလေး

နဲ့နဲ့လေးနှင့် ရဲ့ရဲ့လေး

အချိန်တွေပေးပြီးအနိုင်နိုင်

မင်းလည်းလာနိုင်ငါလည်းလါနိုင်

မခိုင်လည်းခိုင်အောင်ဆောက်ခဲ့တယ်။


သူငယ်ချင်း.....တံတားလေး

တည့်တည့်လေးနှင့် နွဲ့နွဲ့လေး

တည့်တည့်လေးနှင့်ကိုယ်အမြဲလာ

မင်းရောက်လာရင်နွဲ့နွဲ့လေး

ဟိုမေးဒီမေးတူတူတွေး

ဘ၀အရေးတွေးကြတယ်။


သူငယ်ချင်း....တံတားလေး

အကြင်နာလေးတွေ.....ဟိုဖက်ပို့လိုက်

ဂရုဏာလေးတွေ.....   .ဒီဖက်ပို့လိုက်

အတွယ်တာလေးတွေ...ဟိုဖက်ပို့လိုက်

စာနာတာလေးတွေ.. .  ဒီဖက်ပို့လိုက်

ဟိုဖက်ပို့လိုက်     ဒီပို့လိုက်

ဒီဖက်ပို့လိုက်    ဟိုပို့လိုက်

စိတ်ကြိုက် တံတားလေးမခိုင်ဆွေး

တဖြေးဖြေးယိုင်မထိမ်းနိုင်

တူတူပြိုင်ပြီးပြင်ရအောင်.....။


သူငယ်ချင်း....တံတားလေး

မေတ္တာလေးကိုအုတ်မြစ်ထိုင်

အချစ်တိုင်လေးခိုင်ခိုင်ထူ

သစ္စာ ယူကာအခင်းထား

ချစ်သူတံတားလေးဆောက်လိုက်ပြီ။

                          တတိုင်းမွှေး။  ။23-11-2012

No comments:

Post a Comment