Thursday, February 28, 2013

မမတို့ရဲ့တန်ဆောင်မုန်း



မြှားနတ်မောင်လေး ငုတ်တုတ်ထိုင်

လေးသေနတ်ကိုကိုင်

ငိုင်တိုင်တိုင်နဲ့သူကတွေး

အပျိုကြီးတွေအရေး

ဟိုရွေးဒီရွေး မစွံနိုင်

အခုတန်ဆောင်တိုင်

အခြေယိုင်လို့ ကံခေတုန်း

ရိပ်လိုက်တော့ ကတုံး

အင်တာနက်သုံးတဲ့ မမရယ်

ဟိုင်းတာများလို့ဟိုင်းနေတယ်

ဝိုင်းနေပါတယ် အဖိုးကြီးများ

သတိထားမိ ရဲ့လား

ဂျီးမများ နဲ့မမရယ်

ရတာယူတော့ကွယ်

သူငါတွေလိုအချစ်သုံး

မမတို့ရဲ့တန်ဆောင်မုန်း။

                           တတိုင်းမွှေး။    ။

No comments:

Post a Comment