နှစ်ထောင်တစ်ဆယ့်သုံး
အမုန်းမပွားအပြုံးနဲ့သွားကြ
အရှုံးသမားတွေလည်းသွားနိုင်တယ်
မပြိုင်ဘဲနိုင်သူလည်းချီတက်
ရှေ့ဆက်ညာမည့်သူတွေလည်းခရီးဆက်
ခွက်ဆွဲတောင်းမည့်သူတွေလည်းနယ်လှည့်
မျက်နှာမပျက်စေချင်သူတွေလည်း
ဆက်ပြီးရက်စက်စက်ပေါ့
အိမ်ကြက်တွေကလည်းအသံတွေထွက်
မျက်နှာချိုသွေးမည့်သူတွေကအလှပြင်
တစပြင်ကလည်းဆက်ငိုကြ
အော်လို့ရလို့အော်နေကြသူတွေဆက်အော်
တော်လို့ပွတဲ့သူတွေလည်းဆက်ပျော်
မျှော်တာရအောင်တော့
ဘယ်ကောင်မှအလကားမပေးဘူး
ရူးရူးမိုက်မိုက်ကိုယ့်ထိုက်ကိုယ့်ကံ
ညံနေအောင်ဆက်ရေးဖို့
တို့လည်းလိုက်မယ်နှစ်သစ်ရေ....။
တတိုင်းမွှေး။ ။
ကိုယ်တိုင်ရေးတာနော်။
No comments:
Post a Comment