Thursday, February 28, 2013

ဆောင်းညအလွမ်း




ငွေနှင်းလေးလည်းဖွေးဖွေးကျ

အေးချမ်းလှပဆောင်းရဲ့ည

သော်က စပါယ် ဇလပ် သဇင်

ကိုယ့်ရင်ခွင်မှာ ရှိတဲ့အသွင်

နှင်းဆီ ခတ္တာ ရနံလေးက

ချစ်လွန်းသူကိုသတိရ

လှတ ပတ  လကလေးရယ်

ချစ်သူပျောက်ကိုရှာပေးဟယ်

တနယ်စီဝေးတဲ့  ချစ်သူများ

လကိုကြည့်ပြီး  ပြုံးပါလား

လကိုကြည့်ခါစေတဲ့အနမ်း

ချစ်သူ့နှခမ်း    ပါးကိုနမ်း

အရမ်းရမ်းတော့  မနမ်းပါ

ကိုယ့်ချစ်သူလေး   စိတ်ကောက်မှာ

ကောက်ရင်နမ်းမယ်   ချစ်သူလေး

ခေါင်းတိုးဝှက်ပြီး ပြုံးနေသေး

ကဗျာလေးစပ်ပေး  ချစ်သူရာ

ချစ်သူမေကတောင်းဆိုလာ

စပ်တဲ့ကဗျာထိုအကြောင်း

မင်းကိုချစ်ကြောင်း တမ်းတကြောင်း

လွမ်းညကျောင်းလေးဆင်းတော့မယ်

လမင်းကလေးအိပ်ချင်တယ်

ကြယ်စင်တွေပါလက်ခါသွား

ချစ်လို့ချစ်တာသိပြီလား.........။

မနက်လည်းကြုံ

ညလည်းဆုံ

အမြဲဆုံလည်း

ရင်ခုန်မြဲ

လွမ်းနေရဆဲ

တမ်းတဆဲ...ပါနော်..။

   တတိုင်းမွှေး။  ။

ကိုယ်တိုင်တွေးမိတာပါ။

No comments:

Post a Comment