
အချစ်ရေ......
နေ.တိုင်းလွမ်းနေတယ်ဆိုတာ
မောင်...ညာခဲ့တာပါချစ်သူ.....။
ညတိုင်းလွမ်းနေတယ်ဆိုတာ..
မောင်ညာခဲ့တာပါချစ်သူ.....။
အချစ်ရေ.....
တသက်လုံးချစ်တယ်ဆိုတာ
မောင်ညာခဲ့တာပါချစ်သူ...
ချစ်သူအနားမှာနေချင်တယ်ဆိုတာ
မောင်...ညာခဲ့တာပါချစ်သူ....။
အချစ်ရေ.....
မိုးတွေရွာတိုင်းသတိရတယ်ဆိုတာ
မောင်ညာခဲ့တာပါချစ်သူ....။
ချစ်သူနဲ့ဝေးရင်သေမယ်ဆိုတာ
မောင်ညာခဲ့တာပါ.....ချစ်သူ....။
တကယ်တော့..အချစ်ရယ်
နေ့ရယ်ညရယ်မဟုတ်ပါဘူးနော်..
အချစ်ကို..လွမ်းတာ အချိန်တိုင်းပါ
ချစ်နေတာတစ်သက်တာအတွက်မဟုတ်ပါဘူး
မောင်က ဘ၀အဆက်ဆက်ပေါင်းဖက်ဖို့ပါနော်..။
တကယ်တော့အချစ်ရယ်...
မောင်နေချင်တာချစ်သူအနားမှာမဟုတ်ပါဘူး
ချစ်သူရဲ့နှလုံးသားထဲမှာရှိနေချင်တာပါ
မိုးရွာရွာနေပူပူ
အသက်ရှူတိုင်းအချစ်ကိုတမ်းတမိနေတာပါ..ချစ်သူ။
တကယ်တော့အချစ်ရယ်....
အချစ်က..ချစ်ပါတယ်လို့..ဖြေလိုက်ကတည်းက
မောင့်နှလုံးခုန်သံတွေ..ရပ်တံ့သွားပြီးသားပါ..ချစ်သူ။
တကယ်တော့....
မောင်ညာခဲ့တာပါနော်.....ချစ်သူရယ်။
တတိုင်းမွှေး။ ။
No comments:
Post a Comment