
ချစ်သူ...ဆိုတာလေ....အစကသိပ်မသိဘူး
ချစ်မိဖူး မှသေသေချာချာသိတာ
အချစ်နဲံ့ တွေမှ မာနဆိုတာခြေသုပ်ပုဆိုး
ဒေါသအိုး တွေက ခန္တီပါရမီတွေရ
တပ်မက်မှူတွေက...အသဝေါကုန်ခမ်း
ရက်စက်တဲ့စကားကြမ်း တွေကသားချော့ တေးဖြစ်
ချစ်တယ်လို့ပြောခွင့်ရတာ မဟာကံထူးရှင်
အိပ်မက် ရှင် အကြောင်းကိုစိတ်ကူးထဲမှာရေးပြ
ငြိုငြင်ရ မှာကိုသေမှာထက်ကြောက်
နောက်တော့မှအနမ်းတွေကို တိတ်တိတ်လေးခိုး
ဆိုးမိုက်တာလေး ကို အလိုလိုက်
မကြိုက်လို့ စိတ်ကောက်ရင် အသကုန်ချော့
သူမပျော့ရင် အလံဖြူပြ
သံသယ တွေကို အဝေးကိုဖျောက်
ပေးသလောက်ယူပြီးထားရာမှာနေ
အချစ်ရေ...လို့ခဏခဏခေါ်တတ်တာ
အချစ်ကို ပါတ်သက်မိလို့ပါနော်.....။
တတိုင်းမွှေး။
No comments:
Post a Comment