
ပြောခွင့် ပြုပါနော်
မမြင်ရရင်လည်းကြည့်မနေပါနဲ့
မြင်မှမမြင်ချင်တာ...........။
မကြားရဘူးထင်ရင်လည်းနားမထောင်ပါနဲ
ကြားမှမကြားချင်တာ........။
ပြောတာတော့ပြောပါရစေ
ရေးတာတော့ရေးပါရစေ
ချစ်တာကတော့ချစ်တာပါဘဲ
ချစ်ရသူလေး...ချစ်လားလို့မေးတိုင်း...
သူငယ်ချင်းဒီဇိုင်းနဲ့
သူငယ်ချင်း လိုချစ်တယ်လို့မဖြေပါနဲ့
မချစ်ဘူးလို့ဖြေပေးပါ
နဲနဲသက်သာလို့ပါ.....နော်
သူငယ်ချင်း..ပါဆိုတာ
ချစ်တာကိုမကျေနပ်
အသေသတ်တဲ့နောက်တနည်းလား..။
မသွားရပေမည့်သွားချင်တယ်လို့ပြောခွင့် ပြုပါ
မစားရပေမည့်စားချင်တယ်လို့ပြောချင်တယ်
မဆိုင်ရပေမဲ့ ပိုင်ချင်တယ်လို့ပြောခွင့်ပြုပါ
မနမ်းရပေမည့်နမ်းချင်တယ်လို့ပြောခွင့်ပြုပါ
မချစ်ရပေမည့်ချစ်ချင်တယ်လို့မပြောရဘူးလားချစ်သူ
ချစ်တယ်ချစ်သူရယ်...သိပ်ချစ်တယ်
မ ပေါင်းဖက် ရရင်...အလွမ်းဘုရင်လုပ်ပါ့မယ်
ပေါင်းဖက်ရရင်တော့.....အနမ်းသခင်ပေါ့
အချစ်ရဆုံးတစ်ယောက်အနေနဲ့ချစ်လိုက်တာ
တကယ်ဘဲငြင်းရက်လို့
သူငယ်ချင်းထက်ပိုမချစ်ရရင်
သည်ကားစင်မှာသည်ငတရင်ကိုကြိုးတုတ်
ကွမ်းတစ်ယာ ရေတမှုတ် ဆက်
တုတ်နဲ့နှက်လို့...သတ်လိုက်ပါချစ်သူရယ်....။
ပြောခွင့်....ဆက်လက်ပေးပါနော်.....
တတိုင်းမွှေး။ ။9-10-2012
No comments:
Post a Comment