Thursday, February 28, 2013

ဂျင်းစိမ်း


မာနကိုဈေးဆစ်

အပြစ်ကိုပုံကြီးချဲ့

မတည့်ရင်အိမ်ပြန်

နင်မှန်ရင်နင်သွား

နှလုံးသားကိုပုတ်မသွားနဲ့

ငါ့  တေးသံများ

မင်းနား မှာခါးသက်

မကြားရက်လို့

ရက်စက်တယ်ထင်ချင်ထင်

ငါကတော့ မိတ်သလင်ပါ

သိပ်ချဉ် နေစရာလိုပါဘူး ဂျင်းစိမ်းရယ်..။


အူတူတူ အတတ

ဘ၀မလှတဲ့ ငါ့လိုကောင်

လူလည်ခေါင်မှာကြိုးတုပ်

ဘိနပ်စုတ်နဲ့မျက်နှာကိုရိုက်

နင်စိတ်ကြိုက်တံတွေးထွေး

ခွေးကလေးလိုလေချွန်ခေါ်

စိတ်မှာပျော်ရင်ဖုန်းဆက်

နင်စိတ်ကွက်ရင်ပြန်မထူး

ဘီလူးလိုခြိမ်းခြောက်

စိတ်ကောက် လို့အပြစ်ရှာ

မပစ်သာအောင်ငိုကြွေး

နင်ပေးတဲ့အပြစ်

အချစ်တွေထက်ပိုများ

ခံစားမိသမျှသီးခံ

အပြန်ပြန်တွေးကြည့်မိတာက

ငါမရှိမှနင်ပျော်မှာပေါ့

ကဲ...ဒါဆိုရင်..

ငါလိုချင်တာမရနိုင်မှ

အောက်ကျနောက်ကျ အတတနဲ့

မရမက..ခခရရ

ခဏခဏ ငိုမပြတော့ဘူး

အလိုမကျလို့စိတ်တွေဆိုးမှ

လူဆိုးငတ ရိုးတော့ရိုးလှတယ်

မအ  ပါဘူးကွယ်.....နော်။

       တတိုင်းမွှေး။  ။11-11-2012

( မည်သူ့ကိုမှမရည်ရွယ်ပါ-သူငယ်ချင်းကိုယ်စားခံစားရေးသားမိပါသည်။ )

No comments:

Post a Comment