မတန်တာကိုမေ့နေလို့
အတူနေဖို့ကြိုးစား
ရိုးသားဖို့လည်းမတတ်နိုင်
ကြိုးစားလို့လည်းမရပ်နိုင်
တက်မနိုင်တော့လှေဦးကရမ်း
ဟိုကမ်းကိုသွားရမှာလား
သည်ကမ်းမှာနားရမှာလား
မထွားလှတဲ့ လှေပေါ်မှိုင်
ကိုယ်ဖေါ့ထိုင်တစ်ယောက်စာဖြစ်သမို့
မောင့်မှာချစ်လို့လည်းမခေါ်တင်
ခေါ်ချင်တော့လည်းစိတ်ကမရဲ
အတိတ်ကမွဲတော့သဒ္ဒါလန်
ကဗျာမဆန်တာမောင့်ဘဝ
ကြောင့်ကြရတဲ့ဘ၀ကိုထူ
ဓနလိုသူပညာဘက်မှာဝေး
သက်လျှာလေးအတွက်စုံမက်စရာ
မလုံရှက်စရာမဖြစ်ရသေးခင်
ချစ်နှမခင်ကိုတမ်းတလျှက်
မှန်းဆရက်နဲ့ဝေး။ ။
တတိုင်းမွှေး။ ။
No comments:
Post a Comment