ညတစ်ည
အိပ်မရလို့ရင်ဘတ်ကိုအပြစ်တင်
သံစဉ်တွေပျောက်ရှသွားတဲ့သီချင်းထဲ
အမြဲဘဲချုပ်နှောင်ခံရတဲ့အတွေးစတွေ
လိုက်နာရတာတွေကိုချိုးဖေါက်ပေါက်ကွဲလိုက်တယ်.။
ဝိုင်ချိုချိုတခွက်ထဲမှာ
ခက်ဆစ်လွဲနေတဲ့ဘ၀ကိုဖျော်စပ်
အဖေါ်ကဒေါသနဲ့ မာန
တစစနဲ့ရစ်မူးလာမှ
ဒါလေးကချစ်ဒုက္ခတဲ့
ဒုက္ခကလည်းလှလိုက်တာ
ဝေဒနာကလည်းချိုလိုက်တာ
သောကတွေကလည်းနွေးထွေးလိုက်တာ
တန်ဖိုးဆိုတာတစ်ခုအတွက်
ကြယ်ကလေးကရီနေတယ်
လကလေးကပြုံးနေတယ်
လိပ်ပြာလေးကလည်းကနေတယ်
ငှက်ကလေးကလည်းတေးသီဆိုနေတယ်
ဒါပေမဲ့မင်းအပြုံးတစ်ပွင့်လောက်မထိုက်တန်ဘူး
နေမထွက်လည်းနေပါစေ
နေမထွက်လည်းနေပါစေ
လမသာလည်းနေပါစေ
လေပြေမလာလည်းနေပါစေ
မင်းကတော့ချစ်တယ်လို့ပြောသွားပါ
နေထိလို့ပူတာဆန်းသလား
မိုးထိလို့စိုတာဆန်းသလား
နှင်းထိလို့အေးတာဆန်းသလား
မင်းနှလုံးသားကိုထိမိလို့ဝေးရမှာတော့....ဆန်းတယ်
ချစ်တတ်လို...ချစ်လာတာမဟုတ်ပါဘူး
ချစ်လာလိုချစ်တတ်တာပါ
နီးနီးနေလို. ချစ်လာတာမဟုတ်ပေမည့်
ချစ်လာလို့ နီးနီးနေချင်လာတယ်
ချစ်သူဖြစ်ချင်လို့သူငယ်ချင်းဟန်ဆောင်တယ်ထင်ရင်
ဟန်ဆောင်ချင်တဲ့သံယောဇဉ်ကိုဖြတ်ပြစ်ပေါ့
သည်အပြစ်အတွက်
သူငယ်ချင်းကနေနှုတ်မထွက်ဘဲ
လည်ဆစ်ကိုသံယောဇဉ်နဲ့ပါတ်ခွေဆွဲပြီး
သောကအိုင်ထဲနှစ်ခွင့်ပြုပါတယ်
စာမဖြစ်ရင်လည်းနေပါစေ
ကဗျာမဖြစ်ရင်လည်းနေပါစေ
ချစ်နေရရင်သေပျော်ပါတယ်။ ။
တတိုင်းမွှေး။ ။
No comments:
Post a Comment