Thursday, February 28, 2013

ထားပါလေ......ရှိပါစေတော့



 ထားပါလေ......ရှိပါစေတော့

ရှိရှိသမျှအမှားတွေစုပုံသိမ်းပြီး

ဝေဒနာအိပ်စုတ်စုတ်လေးမှာထည်.

အကြင်နာမဲ့နေတဲ့ သောကချောင်းမှာမျှောပြီး

အလောတကြီးနဲ.မင်းဆီပြန်အလာ

နှလုံးအိမ်အ၀မှာမင်းမေးလိုက်တာက

ရှင်ကဘယ်သူလည်း

ဘယ်ကလည်း

ဘာကိစ္စလည်းတဲ့   ။


 ထားပါလေ......ရှိပါစေတော့

ဒီနေ.လည်း

အသည်းကွဲပြီးမငိုရအောင်

ခပ်ပြောင်ပြောင်စာအုပ်လေးတွေငှားဖတ်လိုက်မိတယ်

ကာတွန်းစာအုပ်ပါငှားဖတ်မိတယ်

အားလုံးကကြည်.ပြီးသား    မရီရဘူး

ချာလီချက်ပလင် ဟာသကား

ကြောင်နဲ.ကြွက် ကာတွန်းကား

ပြီးတော.ဟာသကားတွေကြည်.မိတယ်

အားလုံးက ကြည်.ပြီးသား  မရီရဘူး

မထူးခြားတဲ့အတွေးမို့

မင်းပေးခဲ့တဲ့     မင်းရေးခဲ့တဲ့

မင်းစာလေးတွေ ပြန်ဖတ်မိတယ်

အားလုံးက ကြည့်ပြီးသား  ရီလိုက်ရတာဖတ်ဖတ်ကိုမောလို့....။


 ထားပါလေ......ရှိပါစေတော့

မင်းကိုတမ်းတ လွမ်းနေရရင်

ငါ့ဘ၀င်မှာအနေခက်လို.

မနက်မနက်မှာ  “ မလွမ်းပါ ” လို.

ငါရေးထားတဲ.စာအုပ်လေးတွေတောင်

ပိသာဈေးနဲ.တောင်ရောင်းရင်ရနေပြီဟ။


 ထားပါလေ......ရှိပါစေတော့

ငါရေးနေတဲ.စာတွေကဗျာတွေကြား

ငါ့ရဲ.အိပ်မက်နဲ.အတွေးတွေကြား

နင်ဂျာကားကဒါးသမားအတိုင်း

မင်းဘယ်သိုင်းနဲ့များပုန်းနေတာလည်းနော်။

 ထားပါလေ......ရှိပါစေတော့...

.............တတိုင်းမွှေး။  ။



No comments:

Post a Comment