တခါတလေမှာ....
စာတွေကို
ကဗျာနဘေအလှ.....ရွရွလေးတွေနဲ့
လှလှလေးသီကုံးမယ်..ကြံရွယ်စဉ်မှာ.....။
ဂဏှာမငြိမ်တဲ့
အစာအိမ်နံရံကြားက
ဆိုးရွားတဲ့
ခပ်ဝါးဝါးအမိန့်သံကြားလိုက်တော့မှ
ခါးမှာချည်ထားတဲ့ သီလကိုတန်းမှာတင်
ရင်ခွင်ထဲကဂရုဏာကိုနံရံမှာချိတ်
တိတ်တိတ်လေးနေဖို့ ဦးနှေက်ကိုတောင်းပန်
အမှန်ဆိုတာကိုမြင်တတ်တဲ့ မျက်လုံးကိုဖြုတ်သိမ်း ပြီးတော့ ပေါ့...။
လောဘကိုရှေ့ ဆောင်ထား
မာနဒါးကိုလက်မှာပြင်
ကြောမှာတင်သွားမယ့်မုသားတွေကိုစုနှောင်
ဟန်ဆောင်မာယာကိုခါးမှာပိုက်ရပေမည့်
ကျားစာမဖြစ်ချင် ကျားကိုအရင်သတ်ရမှာမို့
ဒေါသတချို့ လည်မှာဆင်
အမှောင်ကမ္ဘာတွင်ဝင် ကစားရတယ်
နှလုံးသားလေးရယ်...အားနာနေဆဲပါကွယ်။
တတိုင်းမွှေး။ ။
ကိုယ်တိုင်တွေးပါသညိ။
No comments:
Post a Comment