တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများ
ကျောသားရင်သား မခွဲခြားဘဲ
တရားလက်ကိုင် အုပ်စိုးနိုင်ပါစေ.......။
ဟိုးတုန်းကလေ
မင်းတို့ကငိုစေ ငါငိုလေ၏
မငိုလေငြား မှားမလားလို.
မင်းတို့ကရယ်စေ ငါရယ်လေ၏
မရယ်လေငြား မှားမလားလို.........။
ဟိုးတုန်းကလေ
မင်းကဖြူဆို ဖွေးဖွေးပို၏
မင်းကစိမ်းဆို စိမ်းစိမ်းစို၏
ဟုတ်လားမေးလာ ခေါင်းငြိမ့်ပါ၏
ဟုတ်ပါ့မလား ခေါင်းခါသွား၏.......။
ဟိုးတုန်းကလေ
မျက်စိကိုမှိတ် နားကိုပိတ်လို့
ခေါင်းငြိမ့်ခေါင်းခါ စေခိုင်းပါသည်...
သိတာလည်းမသိ ရှိတာလည်းမသိ
အသိစိတ်ထဲမှာမင်း မင်းထဲမှာအသိစိတ်
အတိတ်ဟိုမှာ ရှိခဲ့ပါ၍
ရယ်ပါငိုပါ မင်းဆိုလာငြား
မငြင်းအားဘဲ ငါကားမှားခဲ့ဘူးလေပြီ.....။
အခုတော့လေ
မျက်စိလည်းမြင် နားတွင်လည်းကြား
မလှည့်စားနဲ့ မုသားလည်းဆို
စကားလည်းချိုလို. ဟိုလိုဒီလို
မင်းငိုစေလည်း ငါတည်မြဲတည်း
မင်းရယ်စေလည်း ငါတည်မြဲတည်း
ရယ်စမ်းငိုစမ်း မာယာကျမ်းနဲ.
တို့ကိုစမ်းလည်း ခပ်ရမ်းရမ်းဘဲပြောလိုက်မည်...။
ရယ်ခိုင်း ငိုခိုင်း မင်းခိုင်းတိုင်းလုပ်
ငါတို့ကတော့.လေ အရိုင်းမဟုတ်တော့ပါ..။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများ
ကျောသားရင်သား မခွဲခြားဘဲ
တရားလက်ကိုင် အုပ်စိုးနိုင်ပါစေ.......။
တတိုင်းမွှေး။ ။
No comments:
Post a Comment