`ဟိုင်း´ ဆိုပြီးခင်
`ရှင်´ ဆိုပြီးထူးလို့
ဒီနှစ်ဦးမှာ နှစ်ဦးရေစက်
အတူချက်လို့ ပျော်ကြတယ်။
မနက်လည်းထိုင် ညလည်းထိုင်
နက်ဆိုင်ကလေး လုပ်ကျွေးတယ်။
မစိမ်းလည်းမျှော် စိမ်းလည်းမျှော်
စောင့်မျှော်တာလေး ကြည်နူးတယ်။
စားပြီးပလား နေကောင်းလား
သတင်းစကား မေးကြတယ်။
ရည်းစားရှိလား တကိုယ်တည်းလား
ဝိုးတိုးဝါးတား ကြွားကြတယ်။
ခင်မင်တွယ်တာ သိပ်ကိုကြာ
ချစ်နေတာလည်း ရေးပြတယ်။
vzo ရှေ. အရင်တွေ.
လှပေ့ဆိုမှ ၀တ်ပြတယ်။
ရီပြ ပြုံးပြ စလိုက်ကြနဲ့
ဘ၀အရေး စတွေးတယ်။
ဖုန်းနံပါတ်လေး အပြန်လှန်ပေး
အချစ်ရေးများ ပြောကြတယ်..။
တကယ်ချစ်လား ချစ်သေးလား
ချစ်စကားများ သဲကြတယ်။
စားသောက်တဲ့ဆိုင် အတူထိုင်
ချစ်စတိုင်လေး ပေးကြတယ်။
ပန်းခြံပင်တန်း တူတူလှမ်း
ချစ်အနမ်းများအမှတ်တရကွယ်။
နဖူးလည်းနမ်း ပါးနှုတ်ခမ်း
ချစ်အနမ်းများနဲ့ ရှက်ကြတယ်။
မနက်တွေ.တော့ လွမ်းလိုက်တာ
ညနေပြန်တော့ လွမ်းနေပါ
အနမ်းတွေကြာလို့လည်း လွမ်းကြတယ်
အလွမ်းတွေကြာလို့လည်း နမ်းကြတယ်။
ဖိတ်စာလေးများ အတူဝေထား
လူကြီးများအား ကန်တော.ကြတယ်။
အသဲအသက် မခွဲရက်
တွဲလက်စုနှောင် မပြတ်အောင်
သက်ဆုံးအောင် ထိပေါင်းကြမယ်...။
တတိုင်းမွှေး။ ။
ဆက်လက်ကြိုးစားပါဦးမည်။
No comments:
Post a Comment