Thursday, February 28, 2013

မေးတာလား..ဖြေတာလား


ခဏခဏ အပ်ကြောင်းထပ်

နင်ကလည်း မရပ်ခိုင်း

ငါကလည်းရပ်ဖို့မတွေးတဲ့စကား

နင်မကြားတာတောင်ပြောနေမိ

နင်မရှိတာသိလည်းပြော

နင်မသိ လည်းပြောနေတာများ

အမေးလားအဖြေလား

မကွဲပြားပေမဲ့

မမေးလည်းဖြေပြီး

မဖြေလည်းမေးတဲ့အဖြစ်

အသစ်တော့ဟုတ်ဘူး

`` ချစ်တယ်နော်....´´ တဲ့



တတိုင်းမွှေး။  ။29-1-2013

ကိုယ်တိုင်ရေးကဗျာ

No comments:

Post a Comment