Thursday, February 28, 2013

ချစ်ခြင်းအလင်္ကာ

 

ရင်မှာတည်ဖြစ်

ရင်မှာချစ်သည်

ထုဆစ်မိရာ

အလင်္ကာပါ....။

နုနယ်ပျိုမြစ်

အလှစစ်ကို

တွေ့ ချစ် တွယ်တာ

လှကညာနှင့်

ဖူးစာဖက်မိ

ဂွမ်း ဆီထိအောင်၏

ပေါင်းထိစိတ်ရွှင်

မိုးမမြင်ဘဲ

တူယှဉ်တွဲလျှက်

မခွဲရက်လို့

တွဲလက်တို့ပေါင်း

ချစ်တဲံ့ကြောင်းများ

မဟောင်းတေးသီ

ကမ္ဘာတည်အောင်

တူညီရေးတာ

ချစ်အလင်္ကာ....။

လှပယဉ်ကျေး

ဇနီးလေးကြောင့်

စိတ်အေးချမ်းသာ

ရေးသီမိရာ

ချစ်အလင်္ကာ...။

ကြင်သူမှမွေး

တို့ရင်သွေးလေး

ချိုအေးကြည်ရွှင်

သားကိုမြင်ရ

ဘ၀င်ဝတွင်

ခဏမှင်သက်

ပင့်သက်ကယ်မှား

အချစ်များစီး

တအားယိုဖိတ်

ချစ်တဲ့စိတ်မှာ

အေးစိမ့်သာလို့

ရေးလာမိရာ

ချစ်အလင်္ကာ...။

မိဖကိုချစ်

မယားချစ်ထက်

သားချစ်ပိုတာ

လင်္ကာသီရေး

မယုံသေးက

မေးကြည့်ကြတော့

  မိဖဖြစ်မှ

သိကြရမည်ပင်။

တတိုင်းမွှေး။ ။25-1-2013

No comments:

Post a Comment