Thursday, February 28, 2013

ဖြစ်နိုင်ပါ့မလား

 
 ငါ့ဦးနှောက်ကပြောတယ်

 မဖြစ်နိုင်ဘူးဆိုတာဖြစ်နိုင်တယ်...တဲ့

 ချစ်သူရှိလား...လို့မေးတိုင်း

   မရှိဘူး.ဖြေနေတတ်တာ

 နှလုံးသားက   ခုထိနားမကြားသေးဘဲ

 သူ့တံခါးက

 ခုထိမဖွင့်သေးဘူး

ဟော...တဒင်္ဂလေးမှာ

သူ့ကိုမြင်တော့

  ငါ့နှလုံးသားကပြောတယ်

 သူပြုံးပြတာကိုကြားရတယ်တဲ့

  မျက်လုံးတွေထက်အရင်

  လက်ကအလှဘွဲ့ကိုဆိုပြတယ်

အိပ်မက်တောင်မက်ခွင့်မပေးတဲ့

  အတွေးတွေက ဦးခေါင်းကိုဗိုလ်ကျတယ်

 နှုတ်ခမ်းကပြောရမည့်စကားတွေကို

  မျက်လုံးကအဖြေတောင်းနေတယ်

  နောက်ဆုံးမှာပေါက်ကွဲလာတာက

 ` မင်းကိုအရမ်းချစ်တယ် ´ တဲ့

မင်းမျက်နှာက

အပြုံးတစ်ခု  အတုတော့မဟုတ်ဘူး

လျှပ်စီးလိုလက်သွားတာ

မြင်ရတဲ့ နှလုံးသား ဆွံ့အသွားတယ်

 ငါ့ဦးနှောက်ကပြောတယ်

  မဖြစ်နိုင်ဘူးဆိုတာဖြစ်နိုင်တယ်...တဲ့

ဟုတ်ရဲ့လားဗျာ.............

တတိုင်းမွှေး။  ။14-11-2012

No comments:

Post a Comment