(ပျော်ချစ်ကလေး )
ဖုန်းလေးဆက်တိုင်းအသံလေးချို
ဟိုလိုဒီလိုမကွဲပြား
အသည်းကြားကဆိမ့်လို.ချို
“ ကိုကို နေကောင်းလား ”တဲ့........။
ဖုန်းလေးဆက်တိုင်းအသံလေးချို
ဟိုလိုဒီလိုမကွဲပြား
အသည်းကြားကဆိမ့်လို.ချို
“ ကိုကို နေကောင်းလား ”တဲ့........။
အစ်ကိုအတုတွက်ခန့်စာပေး
ညီမလေးမှားရင်လိုက်လို.ပြင်
မလေးစားရင်ခေါင်းကိုခေါက်
နောက်တောက်တောက်နဲ့လျှာထုတ်ပြ
မူယာနှမ အပြုံးများရယ်
နှလုံးသားမှာ လသာတယ်။
မလာလည်းတ လာလည်းတ
တမ်းတမ်းတတမျော်နေရ
ခဏခဏဖျားတတ်တယ်
ဆေးလည်းကြောက်သေးတယ်
ဆေးသောက်ပါကွယ် ချော့ကာကြွေး
ချစ်စရာညီမလေး။
မသင်လည်းတတ်သင်လည်းတတ်
အချစ်ဇာတ်လေးကလာချင်
မပြောလည်းသိ..ပြောလည်းသိ
နှလုံးသားချင်းသိတယ်ထင်
ကိုကို့ ရင်မှာမြတ်နိုးထား
ချစ်သူရှိနေသလား....တဲ့...။
မပြောလည်းခက် ပြောလည်းခက်
အချစ်စစ်တွက် ပြောမထွက်
နေရခက်တော့ပြောလိုက်မည်...
မနက်မနက်ဖုန်းဆက်သည်
ပြုံးမျက်ချိုချိုမေတ္တာတေး
ကိုကိုခေါ်ကာချစ်သလားမေး
အဲဒါ.....ရည်းစားလေး..လို့.....။
စောစောစီးစီးထလို့ထိုင်
ဖုန်းလေးတကိုင်ကိုင်
ငိုင်တိုင်တိုင်နဲ့မျှော်လင့်ထား
ဟော....ဖုန်းကလေးမြည်သံကြား.....။
ဖုန်းလေးဆက်တိုင်းအသံလေးချို
ဟိုလိုလိုဒီလိုလိုမကွဲပြား
အသည်းကြားကဆိမ့်လို.ချို
“ ကိုကို ..တကယ်ချစ်လား ”တဲ့
“ ချစ်တယ်...ချစ်တယ် အရမ်းချစ်တယ်”
ဟစ်ကာလည်းအော်...စိတ်ထဲပျော်
မပျော်လည်းချစ်ပျော်လည်းချစ်
ပျော်ချစ်ကလေးဖြစ်သွားတယ်....။
တတိုင်းမွှေး။ ။
(လိုအပ်တာတွေရှိနေပါသေးသည်။ကြိုးစားပါဦးမည်...နော်။)
No comments:
Post a Comment