သခင်..နံ့သာမွှေးမွှေး
ပန်းကလေးနဲ့ အဝေးသို့ပြန်
ဘယ်ရပ်ထံကိုသွားမှာလည်း.....။
ပန်းကလေးနဲ့ အဝေးသို့ပြန်
ဘယ်ရပ်ထံကိုသွားမှာလည်း.....။
သခင်.....ရင်ခွင်ထဲမှာ
နွေးထွေးစွာနဲ့ ခိုပါ နားပါ
ရီပါပြုံးပါ အမုန်းမပါဘူး
အချစ်ရူးလေး မော်ဖူးပေးတာ
လိုချင်တာရ ရတာလည်းသုံး
ဘ၀ဆုံးထိ အပြုံးလှလှ
အတတလေး တတိုင်းမွှေးလို့
ခလေးလေးလိုထားပါ့မယ်...။
သခင်....
တခါတလေမှာ သိပ်ချစ်လာလို့
ချစ်လို့ပြောတာ စိတ်မောစရာလား
ချစ်လို့မေးတာ စိတ်လေးစရာလား
ချစ်လို့စတာ စိတ်မချစရာလား
ချစ်လို့ဆူတာ စိတ်ပူစရာလား
ချစ်လို့တိုတာ မင်းငိုစရာလား
ချစ်လို့ငေါက်တာ စိတ်ကောက်စရာလား
ချစ်လို့ချစ်တာ သတိရပါနော်။
သခင်....သည်ကောင်လေးက
အတယ်ဆိုတာ.....မသိတာလား
အူတယ်ဆိုတာ မသိတာလား
ထူတယ်ဆိုတာ မသိတာလား
ပိန်းတယ်ဆိုတာ မသိတာလား
မသိလည်းနေ...မင်းစိတ်ပြေရင်
ချစ်လို့နေတာ သိလိုက်ပါနော်...။
သခင်...အပြစ်မြင်ခါ
ဆူတာလည်း မကြိုက်
အလိုက်တာလည်း..မဟန်
ကိုယ့်ထိုက် ကိုယ့်ကံ ကိုယ့်ကိုချန်ဖို့
နံ့သာလိမ်းကျံ ပန်းစိမ်းပန်၍
အိမ်ပြန်မှာလား....ချစ်သူလေး။
သခင်..နံ့သာမွှေးမွှေး
ပန်းကလေးနဲ့ အဝေးသို့ပြန်
ဘယ်ရပ်ထံကိုသွားမှာလည်း.....။
ပန်းကလေးနဲ့ အဝေးသို့ပြန်
ဘယ်ရပ်ထံကိုသွားမှာလည်း.....။
တတိုင်းမွှေး။ ။
No comments:
Post a Comment