ကြာကြာတတ်တာတွေ
မကြာစေရန်
ကြာတွေလှူခါဆုတောင်းပါသည်
မကြာမီဘဲပြည့်စေသား။
(မောင်ပန်းမွှေး)
သည်လိုသခင်
ခင်လို့မြင်တယ်
မြင်လို့ကြိုက်တယ်
ကိုယ့်ထိုက်ကိုယ့်ကံ
ခံရပါစေ
ညာမနေဘူး
ချစ်မိပြီ
အပြစ်ပေးလည်းကိုယ့်ကုသိုလ်ပေါ့.......
အချစ်ပေးလည်းကိုယ့်ကုသိုလ်ပေါ့......။
(မောင်ပန်းမွှေး)
နေ့နေ့ညည
မေ့မရပါ
သတိတရ
တမ်းတတာပါ
မှန်းမှန်းဆဆ
လွမ်းရတာပါ...နော်
မပျော်တတ်ပေမဲ့
မျှော်တတ်အောင်လည်းသင်
မခင်တတ်ပေမည့်
ကြင်တတ်အောင်လည်းသင်
မတွေးတတ်ပေမည့်
ချစ်တဲ့အကြောင်းတွေလည်းရေးတတ်အောင်သင်ပေးတာ
ကျေးဇူးပါမမ
(တတိုင်းမွှေး)
No comments:
Post a Comment