ချစ်ခဲ့လို့ မှားသွားတာပါ........
မှားလို့ ချစ်ခဲ့တာ မဟုတ်ပါဘူး......
မင်းကို တွေ့ တဲ့ အချိန်က....
မင်းနှလုံးသားမှာ...ဒါဏ်ရာတွေ နဲ့ လေ..
ကိုယ်လေ...ဘယ်လိုမှ ...မရှောင် သွားရက်ပါဘူး...
မင်းကို သက်သာစေချင်တာပါ။
မင်းရဲ့ငိုသံတွေ....မင်းရဲ့တမ်းတသံတွေကို......
ကိုယ်ကရပ်တန်.စေချင်တာပါ......။
ဒါကြောင့် လည်း.....ကိုယ့် ရဲ့ အကြင်နာ...မေတ္တာတွေနဲ့
မင်းလေးရဲ့.......... ကွဲကြေနေတဲ့ နှလုံးသားကို ....
ချစ်ခင်ယုယစွာ....ထွေးပိုက်ကုသပေးမိတာပါ.....။
ဒါပေမဲ့.....ပေါ.
ကိုယ့် ရဲ့ အချစ်တွေ က....ဆေးမြီးတိုလေးတွေပါ......
မင်းဘ၀တစ်ခုလုံး အေးချမ်းသာယာအောင်....မကယ်တင်နီုင်ပါဘူး.....
ကိုယ်တစ်ယောက်ထဲတောင်....ဖွဖွလေးထိုင်နေရတဲ့ ..ဒီလှေပေါ်ကို...
မင်းကို...အကြာကြီး တင်မသွားနိုင်တာကိုတော့ နားလည်ပေးပါနော် ။
မင်းနဲ့ ကိုယ်တို့ အချစ်တွေက....တဖြေးဖြေး ကိုယ်တို့ ရဲ့နှလုံးသားကို......
ကင်ဆာတစ်ခုလိုရစ်နှောင်လာတော့ ကိုယ်အရမ်းစိုးထိတ်လာမိတယ်...
မင်းပြောသလို...အချစ် ကိုကိုးကွယ်နေရာပေးပြီး...
ချစ်ရင်လက်တွဲရဲ ရမှာလား
တူနှစ်ကိုယ်တဲအိုပျက်မှာနေရဲတဲ့ သတ္တိ...ကိုယ့် မှာအပြည်.ရှိပါတယ်။
အချစ်အိမ်လေးဆောက် ပြီး....အချစ်မျက်နှာကို..ကြည့် ပြီး......
ချစ်ကမ္ဘာလေးထဲမှာ နေကြည့် ရအောင်နော်..........
ချစ်တေးလေး တွေဆို
အချစ်ကိုစာချယ်မှုန်း အပြုံးတွေနဲ့ ပျော်
ချစ်တယ်..နော်လို့ ချစ်သဘောလေးကခိုင်
ချစ်စကားတွေ လှိုင်လှိုင်ပြော .
.ချစ်အနမ်း တွေကြိုင်ကြိုင်မောတော့
ချစ်ပန်းရောင်စုံ..အဖူးသစ်တို့
ပွငိ့ လန်းလာချိန်မှာ သားရယ်သမီးရယ်
ဇနီးရယ် ဆိုတာဘဲရှိတော.တဲ့အချိန်...
ကျောင်းအပ်ချိန်မှာအချစ်ကပိုနေတယ်
ကျူရှင်လခ ကိုအချစ်နဲ့ ချေလို့ မရပါဘူး....
သူများတန်းတူု မ၀တ်နိုင် မစားနိုင် မသွားနိုင်...
ငေးငိုင်နေရမည့် ကိုယ်တို့ ရင်သွေးလေးတွေအတွက်..
ကိုယ်တို.ရဲ့အချစ်တွေဟာ..
သူတို့ လေးတွေအတွက်...
ဆိုးဝါးတဲ့ ဘ၀ကျိမ်စာ....မဖြစ်သင်.ဘူးလေ.....။
ဒါကြောင့် အချစ်တခုတည်းအတွက် မပေါင်းဖက်ဖို့
နှလုံးသားကွဲအက် အနေခက်ပြီး
ရင်ကွဲကျိမ်စာ....ဆိုလာရတာပါ..
နောင်တချိန်မှာ ..
ဆို့ နစ်စွာကျလာရမည့် မျက်ရည်တွေအစား
တာဝန်မယူ သတ္ထိနည်းတဲ့ ချစ်သူအပေါ်..
ဒေါသတွေ သွန်ချလိုက်ပါတော......
ကြေကွဲဝမ်းနည်း နေတဲ့ ...
အချစ်လေးရဲ့ဝေဒနာကိုကုပေးနေရင်း...
ကူးစက်ခံရတယ်ထင်တယ်...
ကိုယ့် မှာလည်း ..အလွမ်းဝေဒနာ ရှိနေပြီကွယ်..
တမ်းတမ်းတတ
ကျေကျေနပ်နပ် လွမ်းနေပါ့ မယ်....နော်
တကယ်တော့ ချစ်လို. မှားခဲ့တာပါ ..နော်
တတိုင်းမွှေး ။ ။
No comments:
Post a Comment