“ ဘယ်လိုဖြစ်ရတာလည်း မေလေး...ရယ် ”
ဆရာဝန်လုပ်သက် ကိုးနှစ်မှာတခါမှမကြုံဘူးသော အဖြစ်မို့
တူမဖြစ်သူမေလေးကိုအံသြစွာ ကြည့်နေမိသည်။
မေလေးကတော့ မျက်ရည်တွေသွင်သွင်စီးကျလျှက်မိမိကိုတောင်းပန်နေသည်။
“ဘယ်သူ့ကိုမှမပြောပြပါနဲ့နော်..တီတီလေး ရယ် မေမေတို့ကိုလည်းမပြောပါနဲ့ နော် ”
ဒေါက်တာခင်သက်မာ တူမဖြစ်သူ ခင်မေလေးကို ကြေကွဲစွာငေးကြည့် နေမိသည်။
တူမဆိုပေမဲ့ မေလေးကိုညီမလေးတစ်ယောက်လိုချစ်ခဲ့ သည်။
မေလေးကငယ်စဉ်ကပင်အနေအေး သည်။အပေါင်းသင်းလည်းသိပ်မရှိသလို
စကားလည်းနည်းသည်။အချိန်ရှိတိုင်းစာအုပ်တစ်အုပ်ဖတ်နေတတ်သည်။
မေလေးဆယ်တန်းအောင်တော့ ကျောင်းဆက်မတက်ချင်ဘူးလို့မိဘတွေကိုပြောပြီး
အိမ်မှာဘဲစာဖတ်နေတော့သည်။
သမီးကိုချစ်ပြီးကြွယ်ဝချမ်းသာတဲ့မိဘတွေကလည်းသမီးသဘောကိုအလိုတူခဲ့.သည်။
မနှစ်ကတော့ဖခင် ဦးတင်လေး၏ဆောက် လုပ်ရေးလုပ်ငန်းမှရှယ်ယာ
ဝင်တစ်ဦး၏သားဖြစ်သူ ကိုတင်ထက်အောင်နှင့်မိဘများကအိမ်ထောင်ချပေးခဲ့သည်။
မင်္ဂလာပွဲကိုလည်းခန်းနားစွာကျင်းပပေးခဲ့ ကြသည်။
တင်ထက်အောင်ကလည်းဦးတင်လေး၏ဆောက်လုပ်ရေးလုပ်ငန်းကအား
ကိုးရသောနိုင်ငံခြားပြန်အင်ဂျင်နီယာတစ်ဦးပင်ဖြစ်သည်။
သူတို့အိမ်ထောင်ရေးမှာအပူပင်မရှိအေးဆေးစွာပင်။
အိမ်ထောင်သက် တစ်နှစ်လောက်ပင်ရှိလာပြီ။ငွေကြေးချမ်းသာသောမိဘများကမြေးဦး
ကလေးတစ်ယောက်လောက်တောင်းတလာကြသည်။
တနေ့နေ့နဲ့အခြေအနေကမထူးခြားလာတော့ မိခင်ဖြစ်သူဒေါ်ရင်ရင်မေ
တစ်ယောက် ညီမဖြစ်သူမီးယပ်သားဇွားဆရာဝန် ခင်သက်မာ ကိုတိုးတိုးတိတ်တိတ်
အကူညီတောင်းရတော့သည်။
ဒေါက်တာဒေါ်ခင်သက်မာ က တူမဖြစ်သူကိုအိပ်ခန်းတွင်းခေါ်ပြီး
နဲနဲ လောက်စမ်းကြည့် ရအောင် လို့ပြောတော့မှမေလေးက မျက်ရည်လေး
အ၀ဲသားနှင့် ရှင်းပြတာကိုရင်နင့်စွာသိရသည်။
“ မေလေးက သူ့ကိုမင်္ဂလာမဆောင်မီ နှစ်ရက်လောက်ကမှတွေ့ဘူးတာပါ
စကားလည်းခဏလေးပြောဘူးတာ..မင်္ဂလာဆောင်တုန်းကလည်းသူ့မျက်နှာ
ကိုစေ့ စေ့မကြည့်ရဲခဲ့ဘူး ”
“ဟုတ်တယ်လေ မေလေးက ရှက်နေမှာပေါ့ ”
“ညနေပိုင်းကျတော့ သူ့သူငယ်ချင်းတွေကိုဟော်တယ်မှာညစာ သွားကြွေးတယ်
မေလေးကိုလည်းခေါ်တယ်မေလေးကမလိုက်သွားဘူး အိမ်မှာနေခဲ့တယ်..”
“အင်း...နောက်တော.ကော”
“အဲဒီညက....လေ........................................
***********************************
************************************
မေလေးအ၀တ်စားလဲပြီးမှန်တင်ခုံရှေယမှာထိုင်နေသည်။မိမိ၏မျက်နှာ
ကိုမှန်ထဲမှာပြန်ကြည့် နေမည့်သည်။မကြာခင် အပျိုစင်ဘ၀ကိုစွန့်လွှတ်ရမည့်အရေး
ကိုရင်လေးစွာတွေးနေမိသည်။
မိတ်ကပ်ပြင်ပေးသော မာမီမြင့်၏စကားများကိုလည်းပြန်ကြားရောင်နေမိသည်။
“ကြည်.စမ်းပါဦး..မေလေးနှုတ်ခမ်းလေးကဖူးနေတာဘဲ..
အပေါ်ကပါးပါး လေး အောက်
နှတ်ခမ်း လေးကတော့အိနေတာဘဲ.
.နှမျောလိုက်တာအေ...အသဲလည်းယားလိုက်တာ..မေလေးရေ. .နင်အစား
ငါရင်ဖိုလိုက်တာနင်တော.မချောင်ဘူးနော်.....နင်.အစားငါရင်လေးလိုက်တာ....”
ဘာကြောင့်လည်း...ဘာတွေဆိုးဆိုးဝါးဝါးဖြစ်မှာမို့လည်းတွေးရင်းနဲ့ကို
မေလေး ကြောက်စိတ်တွေဝင်နေမိသည်။ည တစ်နာရီလောက်မှ
ကားဝင်လာသံကိုကြားရသည်။
ကိုတင်ထက်အောင်ပြန်လာပြီ....မေလေးကုတင်ပေါ်သို့ ပြေးထိုင်မိသည်။
နောက်တဖန်ထပြီးမှန်တင်ခုံမှာပြန်ထိုင် ပြန်သည်။အိမ်ဖေါ်လေးများတခါးဖွင့်
ပေးသံ၊လှမ်းလာသောခြေသံတွေကမေလေး ကိုခြောက်လှန့်နေတော့သည်။
“ မေးလေးမအိပ်သေးဘဲ ထိုင်စောင့် နေတာကိုး ”
စကားသံကြောင့် မေလေးမော့ ကြည်.လိုက်တော့ရဲထွတ်နေသော
မျက်နှာနှင်.မိမိကိုစူးစူးဝါးဝါးရပ်ကြည်.နေသောကိုတင်ထက်အောင်ကိုထိတ်လန့်
ဘွယ်မြင်ရသည်။အခန်းတွင်းသို့ဒရိမ်းဒရိုင်လှမ်းဝင်လာပြီးမေလေးအနားမှာ ရပ်လိုက်
သည့်အခိုက် မှာမေလေးနှခေါင်းထဲသို့အရက်နံ့ ထောင်းကနဲရလိုက်သည်။
နောက်မေလေးကိုပုခုံးမှကိုင်ပြီးဆွဲမထလိုက်ပြီး
“အိပ်နှင့် ရောပေါ့ မေလေးရယ် လာ..ထ သွားအိပ်တော့ ”
မေလေးမော့ ကြည့်လိုက်တော့ ရမက်ခိုးတွေဝေနေသောကိုတင်ထက်အောင်၏
မျက်လုံးများကိုမြင်နေရချိန်တွင် စူးရှသောအရက်နံ့ နှင့် ချွေးနံ.တို့ ရောပြွန်းနေသော
အနံ့ဆိုးကိုရှူနေရချိန်မှာရုတ်တရက်ကိုတင်ထက်အောင်မျက်နှာက
မေလေးမျက်နှာဆီသို့ ထိုးကပ်လာသည်။
“အို........ကျမကိုလွှတ်ပါ”
မေလေးကသူ့ ရင်ဘတ်ကိုတွန်းထုတ်ပြီးနောက်ဆုတ်လိုက်သည်။မူးနေတဲ.
ကိုတင်ထက်အောင်ကတော့တွန်းလိုက်သည့် အရှိန်နှင့်အနောက်သို့လန်ပြီးလဲကျ
သွားခါခေါင်းနှင့်ကုတင်စွန်းဆောက်မိသွားခဲ့သည်။
ငြိမ်ကျသွားသောသူ့ကိုမေလေး ကြက်သေသေပြီးရပ်ကြည့် နေမိသည်။
အတန်ကြာမှ ကိုတင်ထက်အောင်ခေါင်းကိုလက်နှင်.အုပ်ပြီးလူးလဲထလာသည်။
နောက်မေလေးမျက်နှာကိုစေ့ စေ့ကြည့် ခါ....
“ အော်..မင်းက သူဌေးသမီးဆိုပြီး ကျုပ်ကိုလမ်းဘေးကလူလိုဆက်ဆံလိုက်တာပေါ့
လေ. ရပါတယ်...
ကျုပ်ကလည်း ဒီလောက်အောက်တန်းကျတဲ့ ကောင်မဟုတ်ပါဘူး..”
နောက်တော့ ခေါက်ထားသောခေါက်ကုတင်( DREAM BAD )လေးကိုဆွဲပြီး
အခန်းထောင်.့မှာ သွားအိပ်နေတော့သည်။
မေလေးကတော့ မိုးလင်းသည်အထိမျက်ရည်များနှင့် မှန်တင်ခုံရှေ့မှာထိုင်လျှက်။
အဲသည်ကတည်းကသူညညဆိုညဥ့်နက်မှပြန်လာတယ်။
ပြန်ရောက်ရင်လည်းဘာမှမပြောဘူးအိပ်ဆေးသောက်ပြီးကုတင်ဘေးမှာ
( DREAM BAD )နှင့်အိပ်သည်။ဒီဘက်ဘေးမှာတော.မေလေးကဂွမ်းကပ်ကိုခင်းပြီး
အိပ်သည်။အလည်မှာတော့အိပ်စက်သူကင်းမဲ.နေသည့် မင်္ဂလာဦးကုတင်ကြီး။
သည်လိုဖြစ်နေတာကိုမိဖများလည်းမသိကြပေ။
လူကြီးများရှေ့မှာဟန်မပျက်နေကြသည်။
ထိုနောက်ပိုင်း ကိုတင်ထက်အောင် တစ်ခါမျှအရက်သောက်တာမတွေ.ရပေ။
********************************
“ အော်.ဒါကြောင့် မေလေးက
လက်ထပ်ပြီးတစ်နှစ်ကျော်တဲ့ အထိအပျိုစင်ဘ၀နဲ့ ရှိနေတာကိုး.”
“ ဟုတ်ပါတယ် တီတီလေး မေလေးသူနဲ့
တူတူမအိပ်ပေမဲ.မယားဝတ်ငါးပါးတော့တတ် နှိုင်သမျှလုပ်ပေးပါတယ်....
.နောက်မှသိရတာက..ကိုကိုက......အဲ..သူကိုမေလေးကမာမီတို့ ရှေ့မှာ
ကိုကို လို့ ခေါ်တယ်လေ....ကိုကို ကအရက်မသောက်တတ်ဘူး..ဟိုလေ အရက်နဲ့
မတည့်ဘူး အလတ်ဂျစ်ဖြစ်တယ်...သောက်မိရင် တစ်ကိုယ်လုံးနီတက်လာပြီး
မျက်လုံးတွေလည်းနီရဲလာရောတဲ.့...အဲဒီညက ကိုကို့ကို သူငယ်ချင်းတွေကအတင်း
တိုက်လိုက်တာ..ပြီးတော့ အန်တဲ့ သူငယ်ချင်းတွေကို...ကိုကိုကလိုက်ပြုစုပေးလို့
ကိုကို့ ကိုယ်ကနံစော်နေတာတဲ့ ”
“ဟုတ်လား မေလေးကို ဘယ်သူပြောတာလည်း ”
“သူ့ သူငယ်ချင်းဒေါက်တာလင်းထက် ပြောပြလို့ မေလေး သိရတာ...
အဲဒီတော့ မှမေလေး လည်းမှားမှန်းသိ ရတာလေ.....
.ဒါပေမဲ့ တီတီလေး ရယ်မြန်မာအမျိုးသမီးတစ်ယောက်အနေ နဲ့ ကိုယ့်လင်သား
ဘဲဖြစ်နေပါစေဦးတော့ ကျမမှားပါတယ်....ကျမနဲ့ လာအိပ်ပါလို့ ဘယ်လို
မျက်နှာနဲံပြောလို့ ထွက်မှာလည်း......ပြီးတော ခုလိုသာဖြစ်လာရတယ်
သူက ကျမကိုချစ်တယ်လို.တစ်ခါဘူးမျှ..........”
“သိပါပြီ..ကလေးရယ်....မင်းကိုတီလေး ဒီပြသနာတွေကိုဖြေရှင်းပေး
မှာဟုတ်ပြီလား...တီလေးတိုံကသမားတော်ပါ..
လူနာအတွက် ဘယ်ဆေးကိုဘယ်လိုတိုက်ရမယ် ဆိုတာသိပါတယ်..
မင်းသာတီလေးပြောသလိုသာနေ ဟုတ်ပြီလား ”
************************************
************************************
တင်ထက်အောင် တစ်ယောက် ဒေါက်တာ ခင်သက်မာ ရှေ့တွင်
စိုးရိမ်သောမျက်နှာနှင့်ထိုင်နေသည်။
ဒေါက်တာ ခင်သက်မာက မေလေး ၏ရောဂါနှင့်ပါတ်သက်ပြီး
ပြောစရာရှိသည်ဆိုလို့အပြေးရောက်လာ ရသည်ပင်။
“ မေလေး ဘာရာဂါဖြစ်လို့ လည်း တီလေး...”
“အေး မေလေးမှာကုရခက်တဲ့ ရာဂါတစ်ခုရှိလို့ မင်းကိုခေါ်လိုက် ရတာလေ
သူ့ ကိုကုဖို့ ကမင်းအကူညီလိုတယ်လေ..”
“ ပြောပါတီလေး ဘယ်မှာဘဲ ကုရကုရ
ဘယ်လောက်ဘဲကုန်ကုန်ကျနော်ကုပေးပါ့မယ်.”
“ ဘယ်လောက်မှ မကုန်ဘူး မင်း ဒီကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်
...မင်းမနှစ်သက်သဘောမကျတဲ.မိန်းခလေးတစ်ယောက် ကိုယူပြီး
ရက်ရှည်လများညှဉ်းပန်းရတာရပ် လိုက်တော့ ခု မေလေးမှာစိတ်ကျရောဂါရနေပြီ...
အခြေနေကထင်တာထက်ဆိုးနေတယ် မင်းလည်းချစ်မှမချစ်ဘဲ......”
“အာ ကျနော့ ကိုသည်လိုမပြောပါနဲ့ ကျနော်က မေလေးကိုမြင်မြင်ချင်း
ချစ်မိလို့သဘော ကျလို့ နှစ်သက်မြတ်နိုးလို့
သူ့အဖေကို ကိုယ်တိုင်ဝင်ပြောပြီးတောင်းရမ်းခဲ့ တာပါ..”
“ ကဲ ဒါဆိုရင်..မင်းမေလေးကို ချစ်ပါတယ် လို့ ဘယ်တုန်းက
ပြောခဲ့ဘူးလည်းငါ့.ကိုပြောလေ”
“ ဒါကတော့ သူက ကျနော့ကို မချစ်ဘူးလို့ ထင်........ဟင်...
နေပါဦး..... ..ဒါတွေကို တီလေးက ဘယ်လိုသိတာလည်း.....”
“ အေး ငါသိနေတာကတော့အများ ကြီး..ပြောပြရရင်တော. ..........
...............................................................”
*********************************
********************************
ညနေကထူးထူးခြားခြား ကိုတင်ထက်အောင် မှ စေ့စပ်ပွဲတစ်ခုကို
အတူသွားရမည်ဆိုလိ မေလေးတစ်ယောက်မှန်တင်ခုံရှေ့တွင်ချယ်သနေရသည်။
တစ်ခါဘူးမျှခုလိုတူတူပွဲ မတက်ဖူးလို့ပျော်နေသည်။
“မေလေး က အရမ်းလှတာဘဲ ”
သူ့အသံကိုရုတ်တရက်ကြားလိုက်ရလို့လှည့်ကြည့်လိုက်တော့
ကိုတင်ထက်အောင်တစ်ယောက်မိမိကိုလက်နောက်ပြစ်ပြီးပြုံးကြည့်
နေသည်ကိုတွေ့လိုက်ရသည်။နောက်လက်ကိုထုတ်လိုက်ပြီး
နီရဲလှပသောနှင်းဆီပန်းတစ်ပွင့်ကိုမေလေးကိုကြင်နာစွာကမ်းပေးရင်း
“ ရော့ပါ မေလေး ..ကျေးဇူးပြုပြီးလက်ခံပေးပါ..
ကျနော်.နံမယ်တင်ထက်အောင် ပါ..
ဟောဒီကမေလေး ကို...စမြင်တဲ့ အချိန်ကနေပြီး ချစ်မိနေလို့ပါနော်...
ကျနော်ကိုမေလေး ရဲ့လက်တွဲဖေါ်အဖြစ်....ဟောဒီက
မေလေးအနားမှာ..တသက်လုံးချစ်နေခွင်.ပြုပါနော်....
သိပ်ချစ်နေလို့ ပါမေလေးရယ်.....”
မေလေးသည်နှင်းဆီပန်းကို..တုန်တုန်ရီရီ နှင်းလှမ်းယူလိုက်သည်။
ဘာကြောင့်မှန်းမသိ မေလေး၏မျက်ဝန်းများမှမျက်ရည်များစီးကျလာမိသည်။
“ကို..ကို..ရယ်..”
သူ့လက်လေးကမေလေး ရဲ.မေးဖျားလေးကိုမော့ ပြီး
နဖူးလေးကိုညင်ညင်သာသာ လေးနမ်းရှိက်လိုက်တော့
မေလေးသူ့ ရင်ခွင်ခေါင်းကလေးတိုးဝင်မှီထားလိုက်မိသည်။
နောက်..မျက်ရေတွေကိုကမန်းကတန်းသုတ်လိုက် ပြီးခေါင်းလေးမော့လို့
“ အယ်...စေ့ စပ်ပွဲသွားမယ်ဆို...မိတ်ကပ်တွေပျက်ကုန်ပြီ...”
“ အခုရောက်နေပြီလေ....မေလေးနဲ့ ကိုကိုတို့ ရဲ့ စေ့စပ်ပွဲရော
မင်္ဂလာဆောင်ရောလေ...အခုမှကိုကိုတို.ရဲ့ မင်္ဂလာဦးည..လေ”
“ သွား လူဆိုးကြီး...သူများကိုပစ်ထားပြီး...အခုမှ...”
ထိုနောက်.. ...အင်း....ထို.နောက်ပေါ့
ဆက်ရေးရင် အပျိုကြီးတွေကော့မက်ပေးမှာမဟုတ်လို့
ဒီမှာဘဲပြီးလိုက်တော့မယ်နော်
ဆက်လက်ကြိုးစားပါဦးမည်။

တတိုင်းမွှေး။
No comments:
Post a Comment