ကျနော် မသိခဲ့ သောသူမနှင့် သူမမသိခဲ့.သော....ကျနော်တို့ ပေါင်းခဲ့ .ကြချိန်မှာ
ပျော်စရာလေးတွေလည်းရှိသလိုအဆင်မပြေမှုလေးတွေလည်းတွေ.ခဲ့ ရသည်။သိချင်လား
ကျနော်လည်းပြောပြမှာပါ..အရင်ဆုံးပြောချင်တာကအိပ်တဲ့ အချိန်လေ။
ကျနော်ကမီးဖွင့်ထားရင်မအိပ်တတ်ဘူး။သူသူကမီးပိတ်ထားရင်ကြောက်ပြီး
အိပ်မပျော်ဘူးပိုဆိုးတာကသူသူက အိပ်ရင်ဟောက်တာပါဘဲ၊ဟောက်တာဟောက်တာ
မော်တော်အင်ဂျင်ထက်တောင်ကျယ်အောင်ဟောက်တာ၊ဘာတတ်နှိုင်မှာလည်းဗျာခံပေါ့ ။
ကျနော်.ကြောင့် သူသူအဆင်မပြေတာကကျနော်ကအိပ်ဆော့တာတဲ့။ဟုတ်
တယ်ဗျကျနော်ကငယ်ငယ်ထဲကအိပ်ဆော့ တာလေပြီးတော့ အအိပ်ကလည်းဆိုးသေး..
ဒါကြောင့် လည်းအရှက်ကွဲရတာလေ၊တစ်နေ့ ကျနော်ညဘက်စက်တွေပြင်နေရလို.မနက်သုံး
နာရီလောက်မှပြန်အိပ်ရတယ်။
ကျနော်အိပ်နေတုန်း ရှစ်နာရီလောက်မှာသူသူအမ၀မ်းကွဲလင်မယားလာလည်
ကြတာလေ၊သူ.တို့ နဲ.အတူမျောက်မူးလဲ အမွှာနှစ်ကောင်လည်းပါလာခဲ့တာလေ၊ ကျနော.
အခန်းထဲပြေးဝင်လာတဲ့ခြေသံကြားလို.လုံချည်ကိုဆွဲတင်စောင်ကိုမြန်မြန်ဆွဲခြုံ
လိုက်ရတယ်။ဒါတောင်ဒီကလေးနှစ်ကောင်ပြေးထွက်သွားပြီး....အသံပြဲကြီးနဲ.
`မေမေရေ မေမေ ဟိုအခန်းထဲကဘဘအိပ်နေတာဖင်ကြီးပေါ်နေတယ်
ဖင်ကလည်းမဲမဲပြောင်ပြောင်ကြီး.......ဟီးဟီး ရီ ရတယ်..´
`တယ်ဒီကလေးတွေ ..ဘာတွေလျှောက်ပြောနေတာလည်း..တော်စမ်း ´
တော်သေးတာပေါ့ သူတို.အဖေကဟောက်လိုက်ပေလို့ဒါတောင်မှ....
`သားတို့ ကမြင်တာပြောတာကို ´....လုပ်လိုက်သေးတယ်သူတို.မိသားစု
မပြန်မချင်းကျနော်အပြင်မထွက်တော့ ပေပြီးအိပ်နေရတယ်လေ။
အင်းကောင်းချက်လေးတွေလည်းပြောပြရဦးမယ်နော်..သူသူက လေကျနော့ .ကိုအရမ်း
ဂရုစိုက်တာ၊ကျနော်ဆိုင်ကပြန်လာရင်အမြဲပြုံးပြီးကြိုနေတတ်တာ၊ညမအိပ်ခင်မှာလည်းအမြဲတမ်း
ကျနော့ ကိုနင်းပေးနှိပ်ပေးတတ်တာ၊စားတာသောက်တာဆိုလည်းကျနော်ကြိုက်တတ်တာကို
မေး ပြီးချက်ပေးတာ၊ပထမတော့ သူမေးရင်ကျနော်ပြောပေမည့်.နောက်မပြောရဲတော့.ဘူး။
ဘယ်ပြောရဲပါ့.မလည်းတစ်ခါကျနော်က ကြက်ဟင်းခါးသီးဟင်းချက်လို့.ကြိုက်တဲ့.အကြောင်း
လေး ပြောမိပါတယ်နောက်နေ့ .ကြက်ဟင်းခါးသီးကြော်နောက်နေ့.ကြက်ဟင်းခါးသီးအစာသိပ်
နောက်နေ့ ကြက်ဟင်းခါးသီးပြုတ်၊ကျနော့ကိုကြက်ဟင်းခါးသီးပါတ်လည်ရိုက်တာမနည်းတောင်း
ပန်ပြီးမချက်တော့ဖို.ပြောရတယ်ဗျာ။
မိန်းမယူပြီးမှ ကျုပ်တို.ယောက်ျားတွမသိသေးတဲ့ .အကြောင်းအရာတွေလည်းသိလာ
တာရှိတယ်ဗျ၊ ညားပြီးကာစတနေ့မှာ ကျနော်အိမ်ပြန်သွားတော့သူသူကျနော့ ကိုရှောင်ဖါယ်
ရှောင် ဖါယ်လုပ်တယ်ဗျ၊ညကျတော့ လည်းကျနော့ကိုမနင်းပေးတော့ဘူး။ပိုဆိုးတာကသူသူက
ကျနော့ နားမှမအိပ်တော့ဘဲသူ့ဘာသာသူခွဲအိပ်ဖို့.ပြင်ဆင်နေတာတွေ့ တော့ကျနော်လည်းမေးရ
တော့ တာပေါ့.၊
` သူလေး မင်းဘာဖြစ်နေတာလည်း..ကိုကို့ ကိုဘာများမကျေနပ်လို့လည်း ´
`ဘာမှမဖြစ်ပါဘူးကိုကို ရဲ့ ဒီနေ့ တွေမှာကိုကိုနဲ့တူတူနေလို့ မရလို.လေ ´
`အာ.......... ဘာလို့.နေလို.့မရတာလည်း ကိုကို့ ကိုပြောပါဦး ..´
`ဟင်း ..ကိုကိုကလည်းဝေးလိုက်တာ...မိန်းမတွေကိစ္စကိုဘာမှလည်းနားမလည်ဘူး
ဒီလိုကိုကိုရဲ့ မိန်းမတွေမှာတစ်လတစ်ကြိမ်ဖြစ်တတ်တဲ့သဘာဝကို...ကိုကိုမကြား
ဘူးဘူးလား...အဲဒီလိုအချိန်မှာ..ဘုန်းကံရှိတဲ့.ယောက်ျားလေးတွေနဲ.ထိထိတွေ့
.တွေ့ မနေရဘူး..ကိုကိုရဲ.့..ဘုန်းနိမ့် တတ်တယ်တဲ့မေမေပြောထားတာ့
.မေမေတို.ငယ်ငယ် ကဆိုရင်..ဆွမ်းတောင်မပေးလောင်းဘူးတဲ.
ကျောင်းဝင်းဘုရားမြေတောင်မနင်းရဘူးတဲ.့´
`အော်..အဲလိုလား....သိပါဘူး...နီးရက်နဲ.ဝေး..မြင်ရက်နဲ.ဆွေးပေါ. ဟင်း ´
` ကိုကိုနော်....ခဏလေးကိုများ ´
သူသူပြောတာဟုတ်မဟုတ်တော့ ကျနော်လည်းမသိ..ဟုတ်ခဲ.ရင်တော့နေ့တိုင်းနေ့တိုင်း
မာဆတ်အနှိပ်ခန်းမှာသွားနေကြတဲ့ကျနော့ သူငယ်ချင်းတွေ...လုပ်လို့ကိုင်လို့အဆင်မပြေနေတာ
ဒါကြောင့် များလား ဘာဘဲဖြစ်ဖြစ်..ဒီကောင်တွေကိုတော့သတိပေးရမည်။
တစ်နေ.ကျနော်ညဆိုင်ကပြန်လာတော့ သူသူကစာအုပ်တစ်အုပ်ကိုဖတ်နေသည်။
ကျနော်အနားရောက်တော့ သူသူကစာအုပ်ကိုဖတ်နေရင်းမှ....
` ကိုကိုရေ သူသူတို့မှာလူဦးရေတိုးသွားပြီ....´
`ဘာကိုပြော တာလည်း......´
`ကိုကိုကတော့ လေ..တုံးပ...သူသူဗိုက်ကြီးနေပြီ တော်ရေ. ´
`ကဗျာမဆန်လိုက်တာနော်....ရုပ်ရှင်ထဲမှာဆို..ယောက်ျားကိုနား နားကပ်ပြီး တိုးတိုးလေးပြော
ပြတာ..ဒါမှကိုကိုက၀မ်းသာအားရထခုန်မှာ ..ပြီးတော့သူသူက အော့ တာ အန်တာတွေ
လည်းတခါမှမတွေ့ ပါဘူး...´
`အဖြူအမဲခေတ် ကစကားတွေပြောနေပြန်ပြီ ကိုကိုကလည်း....
ဒီမှာရင်သွေးငယ်နှင့် ကျန်းမာရေးတဲ့ သူသူဖတ်နေတာလေ.....´
`ကိုကိုလည်းခလေးအဖေဖြစ်တော့ မှာပေါ့ နော်.......တမျိုးကြီးဘဲ ´
အဲဒီညကကျနော်တို့ .နှစ်ယောက်တော်တော်နှင့်အိပ်မပျော်ကြ...မကြာခင်မွေးဖွား လာမည့်
ကျနော်တို.ရဲ့ ရင်သွေးလေးအကြောင်းကိုမှန်းမျှော်ပြီးပြောနေကြသည်။ပြောနေရတာတောင်တော်
တော်ကြည်နူးဖို့ .ကောင်းနေသည်။ကျနော်ကသားလေးလိုချင်တယ်ပြောတော့ သူသူကသမီးမွေး
ရင်လာမချီနဲ့လို့.ပြောသည်။နောက်တော့ .ပြောရင်းဆိုရင်းကလေးနာမည်ကိစ္စရောက်သွားသည်။
ပြောသမျှ နာမည်မှန် သမျှပါယ်ခံထိသည်။
နောက်တော့ ဆိုက်တွေဖွင်.ပြီးနာမည်လှလှလေးတွေရှာသည်။ပါယ်သည်...ဥပမာ
ရဲရင့်.ရထာ(သင်္ဘောနံမယ်နဲ့ တူလို့)ချစ်ဦးမောင် (လက္ဘက်ရည်ဆိုင်နဲ့တူလို့) ယံယံ(ခေါက်ဆွဲမို့)
အမုန်းသခင်(နတ်ကတော်နဲ့ တူလို့)စာဂဘ၀င်(စာကလေးဗေဒင်လိုလို )တတိုင်းမွှေး(မဆိုးဘူး)
မိန်းခလေး အမည်တွေကျတော.လည်း.ရှင်းသန့်.မေ(တံမြတ်စီးလှဲတဲ့အသင်းလိုလို)မေသဇင်
(အပျိုကြီဲးဖြစ်တတ်တဲ့ အမည်)ရွှေမြို.သူ (မော်တော်နာမည်)မှုံနံသာ (အလှပြင်ဆိုင်အမည်)
ချစ်သူရရင်ခေါ်ရခက်မှာ...မမှုံ........ မနံ......မသာ..အဆင်မပြေ..တစ်ခုမှမကြိုက်။
ရုပ်ရှင်လောက၊အဆိုတော်၊မော်ဒယ်၊အစုံလိုက်ပေးကြည်.သည်တခုမှမကြိုက်နောက်ဆုံး
တော. စာအုပ်တအုပ်မှာနေ့ အလိုက်အမည်တွေချရေးထားရသည်။ကျားတစ်အုပ်မတစ်အုပ်။
အစပိုင်းတော့ သူသူကဘာမှမဖြစ်သလိုနောက်တော့ ထမင်းမစားချင်ပြီးတော့ဘာမှမစားချင်ဖြစ်လာ
သည်။ရေတောင်သောက်လို့မရဖြစ်လာသည်။ရေသောက်ရင်အန်သည်။ထမင်းနံ့ဟင်းနံ့ရလျှင်
လည်းအန်သည်။ဘာမှလည်းမလုပ်နှိုင်သူသူတို.အမေရှိလို့.တော်သေးသည်။
ကျနော်ကိုယ်တိုင်ဈေးသွားရသည်။အဆင်တော့ မပြေနောက်တော့.ကောင်မလေးတစ်
ယောက် ခေါ်လိုက်တော့ မှနဲနဲတော်သွားသည်။ဘာမှမစားဘဲနေရာမှ ရုတ်တရက်ညဘက်ကြီးငှက်ပြော
သီးစားချင်သည်ထပြောတော့ သည်။မနက်ကျဝယ်ပေးမည်ဆိုလည်းမရတပူပူဖြစ်နေတော့သည်။မနက်
တစ်နာရီပင်ထိုးနေလေပြီ။နောက် ဒေါ်လေးတို့ အိမ်ကနတ်တင်ထားသော ငှက်ပျောပွဲကို မျက်စိထဲမြင်
လာသည်။မထူးတော့.ပြီမို့.ဒေါ်လေးတို့ အိမ်ရှိရာစမ်းချောင်းသို့ ညဘက်ကြီးခြေလျှင်လျှောက်ခဲ.သည်။
အလျှင် စလိုထွက်လာရတော့ အင်းင်္ကျီပင်မပါ။သူသူခေါ်ပြီးကမ်းပေးလို.ပိုက်ဆံအိပ်တော့ ပါလာ
သည်။ ဒေါ်လေးတို့ အိမ်ရောက်တော့ တအိမ်လုံးအလုပ်ရှုပ်ကုန်သည်။ဒေါ်လေးကိုတောင်းပန်ပြီးကန်
တော့ပွဲမနည်းစွန့်ခိုင်းရသည်။ရွှေငှက်ပျောသုံးဖီးကို ဒေါ်လေးကမြွေခွံအိပ်နှင့် ထည့် ပေးလို.ထမ်းပြန်ခဲ့ရ
သည်၊ တော်တော်တော့.လေးသည်။လမ်ထိပ်ရောက်တော့ ကျနော့ ပုံကိုအမြင်ကပ်သည်နှင့် တူသည်ခွေး
တစ် ကောင်စဟောင်လိုက်သည်နှင့် ဘယ်ကဘယ်ကမှန်းမသိခွေးတွေတအုပ်ကြီးထွက်လိုက်တော့သည်။
ကျနော်လည်းသုတ်ခြေတင်ပြေးတော့ .ခြေချော်ပြီးဝမ်းလျှားထိုးလဲကျသွားသည်။ကမန်းကတမ်း
ပြန်ထလိုက်တော့ စီးထားတဲ.ကတ္တီပါဘိနပ်ပြတ်နေပြီးလုံချည်လည်းအောက်နားကဒူးအထိကွဲသွားသည်။
ဘိနပ်ကိုချွတ်ထားခဲ့.ပြီးငှက်ပျောသီးအိပ်ကိုထမ်းလို့ ခပ်သုတ်သုတ်နှင့် လာပြီးလမ်းချိုးတခုကိုအ၀င်မှာ
`ဟိတ်.....ရပ်စမ်း...ရပ်နေလို.ပြောနေတယ်..နော်..´
ကျနော.ကိုယ်ပေါ်သို့ လက်နှိပ်မီးတွေဝိုင်းထိုးရင်းလူတစ်အုပ်ကျနော.ရှေ.မှာပေါ်လာသည်။
`ဟေ. မင်းထမ်းလာတာဘာအိပ်လည်း ချစမ်း..´
ကျနော်မောလည်းမောကြောက်လည်းကြောက်နေတော့ စကားကပြောမထွက် မီးရောင်အောက်က
ကျနော့ ကိုယ်ကျနော်ပြန်ကြည့် မိသည်၊လုံချည်ကဒူးကွဲ..ဘိနပ်ကမပါ...ကြောပေါ်မှာအိပ်တစ်လုံး
ခါးမှာကပိုက်ဆံအိပ်တစ်လုံး၊အင်း .ကျနော်တော်တော်လေးရှင်းရပေဦးတော့ မည်....။
ရပ်ကွက်ရုံးမှာ တစ်နာရီနီးပါး ရှင်းပြပြီးမှပြန်လာရသည်။သူသူကိုတော့ ကျနော်ဘာမျှမ
ပြောပြတော့.ပေ။သူသူကတော့ မယုံနှိုင်လောက်အောင်စားသည်။အသီးမျိုးစုံကိုတစ်နေ့တစ်မျိုး
မထပ်အောင်ပူဆာပြီးစားသည်။တစ်ခါကဆိုသြဇာသီးတစ်ဗန်းလုံးထိုင်စားသည်။
``မင်းမိန်းမကတော.ယောက်ကျားလေးဘဲမွေးမှာ....အသီးအနှံတွေစားချင်လို့ လေ..
မိန်းခလေးဆိုရင်အသားငါး..အချဉ်မအစပ်တွေစားချင်တတ်တာအလှလည်းပြင်
လာတတ်တယ်´
သူသူအမေ၏အတွေ့ အကြုံသီအိုရီပါ။အိမ်မှာသူသူ့ အမေလို သိတတ်နားလည်သောလူကြီးတစ်
ယောက် ရှိတာတော်တော်လေးသိသာသည်။ဆောင်ရန်ရှောင် ရန်တွေအကုန်လုံးသွန်သင်ပြနိုင်သည်။
ကိုယ်ဝန်လေးလကျော်လာတော့ သူသူလည်းပုံမှန်ပြန်ဖြစ်သွားသည်။
အပါတ်စဉ်ကြာသပတေးနေ့တိုင်းသူသူကိုမိခင်နှင့် ကလေးဆေးခန်းသို့လိုက်ပို့ရသည်။ကျနော်က
သူသူကိုထီးကလေးမိုးပေးပြီး သူသူကသနပ်ခါးပါးကွက်ကြားလေးနှင့်ဗိုက်ဖုံးအင်္ကျီ.လေးဝတ်ထားပြီး
ကျနော့ လက်မောင်းကိုအားပြုပြီးလမ်းလျှောက်ရတာအင်မတန်အရသာရှိသည်။ရီးစားဘ၀ကလက်
ချင်းတွဲပြီး...လမ်းလျှောက်ရတာထက် အဆပေါင်းများစွာတန်ဘိုးရှိသည်။ကိုယ့် ကိုကိုယ်..........
တာဝန်ကျေပြွန်သောသူ၊ မိသားစုဘ၀ကိုဦးဆောင်တည်ထောင်တတ်သောသူ၊ ဇနီးမယားကိုချစ်ခင်
ကြင်နာကာကွယ်စောင့် .ရှောက်ပေးတတ်သောသူအဖြစ်ဝင့် ၀င့် ကြွားကြွားရှိလှသည်။
သူသူလေးကိုယ်ဝန်ရှိတယ်လို.သိတဲ့ နေ့ ကစပြီးအသုံးအစွဲတွေလျှော့ ပြီးနေ့ စဉ်....
ထောင့် ငါးရာနှစ်ထောင်စသဖြင်.မွေးဖွားစရိတ်သီးခြားစုဆောင်းထားလို့.ငွေကြေးအတွက်တော့
ပူပင်စရာမလို။ကျန်းမာရေးအတွက်တော့ အစစအရာရာပြင်ဆင်ရသည်။ရေချိုးခမ်းမှာမချော်ရ
အောင်နေ့ စဉ်တိုက်ချွတ်ထားသည်။သံစတွေသစ်စတွေတစ်အိမ်လုံးရှင်းလင်းထားသည်။သူသူ
လေးကျန်းမာမှကျနော့ ရင်သွေးလေးဘေးရန်ကင်းကင်းရှင်းရှင်းလူ့.လောကထဲရောက်မည်။
ကိုယ်ဝန်ခြောက်လလောက်မှာထင်တယ်အပ်ထားတဲ့ (အို ဂျီ )ကအပ်ထရာဆောင်း
ရိုက်ဖို့.ပြောတယ်၊အဲဒီမှာစတွေ့ တာဘဲ၊ဒီကောင်လေ ကွေးကွေးလေးနေတတ်လိုက်တာ ချစ်စရာ
လေး၊ဟုတ်တယ်ယောက်ကျားလေးကြည့် လို.မ၀လို့ပုံတောင်ကူးလာသေးတာအဲဒါကျနော့သား၊
ကျနော့ကိုယ်ပွား၊ဒီကမ္ဘာကြီးပေါ်မှာကျနော့ကိုယ်စားနေရစ်ပြီးကျနော့ မျိုးဆက်တွေဆက်လက်
ပေါက်ဖွားပေးမည့် အကောင်၊ကျနော့ ကိုရှင် ဒကာရဟန်း ဒကာ ဖြစ်အောင်လုပ်ပေးမည့် အကောင်၊
ကျနော်တို့ လင်မယားအိုမင်းလာရင်ပြုစုကျွေးမွေး စောင့်.ရှောက်မည့်.အကောင်၊အဲဒါကျနော့ သား
ဒီက၀သန်နဲ.မိုးချစ်သူတို့ရဲ့သား၊
ကျနော်အဲဒီလိုတွေးနေရင်းတစုံတခုကိုသတိရလိုက်တယ်။ကျနော်လည်း
ကျနော့ အမေဘိုက်ထဲမှာ ဒီလိုလေးနေခဲ့ မှာဘဲ၊ကျနော.အဖေလည်းကျနော့ လိုတွေးခဲ့
မိမှာဘဲ ၊ကျနော်ကအဖေ ရည်မှန်းချက်ကြီးဖြစ်ခဲ့ မယ်မှန်းကျနော်အခုမှသိရတာပါလား။
နောက်ကျသွားပြီ၊ အဖေရိုက်လို့ မုန်းခဲ.မိတာတွေ အမေဆူလို့.ကောက်ခဲ့ တာတွေကို
ခုမှနောင် တရမိတယ်။ကျနော်အခုတာဝန် ကျေချင်တယ်ဆိုတော့ အဖေတို့အမေတို့က
မရှိကြတော့ ဘူးပေါ့.နော်။သားကိုရောက်ရာဘ၀ကခွင့် လွတ်ဖို့ဘဲတောင်းပန်ပါတယ်။
အောင်မယ်သည်ကောင်ကခုနစ်လလောက်ရောက်တာနဲ့ ကျုပ်ကိုစပြီးနှုတ် ဆက်
တာဗျနော်။ညညကျနော့ မိန်းမကပက်လက်လေးအိပ်နေတုန်း၊ကျနော်ကဗိုက်ကလေးကိုလက်နဲ့
့ပွတ်ပြီးသားရေလို့ .ခေါ်ရင်ဗိုက်ပေါ်မှာအဖုလေးပေါ်အောင်ပြန် နှုတ်ဆက်တာဗျ၊ကျနော်လည်း
မချင့် မရဲဖြစ်ပြီးမိန်မဗိုက်ကိုဘဲရွှတ်ကနဲနမ်းမိတ ဗျ၊ မရီပါနဲ့ ဗျာ...ချစ်တာကိုးဗျ။အဲဒီအချိန်.....မှာ
`ကိုကိုကလည်း....နော်´ ဆိုပြီးကျနော.ကို ကြည့် တဲ့
သူသူ.ရဲ့ မျက်လုံးတွေရဲ.ကျေနပ်မှုမျိုးအရင်တခါဘူးမျှမတွေ့ ဘူးပါဘူး။ (အိုဂျီ)ပေးထားတဲ့ ရက်
မတိုင်မှီလေးမှာဘဲ သူသူဗိုက်နာပါတယ်။တော်သေးတယ် မနက်ပိုင်းမို့ လို့သွားလာရတာလွယ်
ကူတယ်။ဆေးရုံကိုရောက်တော့ သူသူကိုနေရာ ချပေးတာက လေးယောက်ခန်းမှာ။နဲနဲကြာတော့
မှဆရာဝန်တစ်ယောက်ရောက်လာပြီးသူသူကိုစမ်းသပ်တယ်.............
နောက်တော့နာ၇ီလေးကိုမြှောက်ကြည်.ပြီး
`လိုပါသေးတယ်.....နဲနဲလေးစောင်.လိုက်ပါဦး...´ တဲ.
ဒီဆရာဝန် ကလေးမွေးတာရထားလာသလို များမှန်းနေလိုက်တာတော်တော်သိပ။
ခဏကြာတော့ အခန်းထဲကိုမွေးလူနာနောက်တစ်ယောက်ရောက်လာတယ်။
တမယ်လ်လူမျိုးထင်ပါရဲ့ လာထဲကအော်လိုက်တာ.....အသကုန်
`အာရိုးရိုး.....အမား....နာတယ်...အမား........နာလိုက်တာ...အာရိုးရိုး..´
ကျနော်ရေးမတတ်တဲ့ သံစဉ်တချို.့ လည်းပါတယ်အော်နေလိုက်တာဗျာ..သနားစရာ
ကမ္ဘာပေါ်မှာရှိသမျှအမေတိုင်း ဒီလိုဘဲမချိမဆန့် အော်ရတာပါလား၊ကျနော်သာမိန်းမဖြစ်
လို့ ကတော့.ယောက်ျားကိုနောက်တခါအနားပေးမကပ်ဘူး။ဆရာမတယောက်ဝင်လာပြီး
တမယ်လ်မွေးလူနာကိုစမ်းသပ်နေတယ်။ခဏကြာတော့ တမယ်လ်ကောင်လေးတယောက်
ဆွဲချင်းတစ်လုံးနဲ့.ရောက်လာပါတယ်။ကောင်မလေးသူ့ကိုလည်းမြင်ရော.....
`နင်ထွက်သွား....နင့် မျက်နှာလာမပြနဲ့ သွား...သွားလေ.....
တကိုယ်ကောင်းသမား.....နင်လုပ်လို့ ငါဒီလိုဖြစ်တာ.....´
ပြီးတော့ သူတို.ဘာသာနဲ့လည်းအော်နေလိုက်သေးတယ်၊ကောင်လေးကတော့ဘာမှမပြော
ဘဲပြန်ထွက်သွားပြီးအပြင်ကထိုင်ခုံလေးမှာသွားထိုင်နေပါတယ်။နာလေအော်လေ ကောင်လေး
ကိုပြသနာရှာလေပါဘဲ။ဆရာမနှစ်ယောက်တွန်းလှည်းနဲ့.မွေးခန်းထဲခေါ်သွားမှနားအေးတော.တယ်။
သူသူကတော့ ကျနော့ လက်ကလေးကိုတင်းတင်းဆုတ်ပြီးကျိတ်ပြီးညဉ်း နေရရှာပါတယ်။
နဲနဲကြာလာတော့ သူသူလည်းတော်တော်လေးအော်လာတယ်။နဖူးမှာလည်းချွေးတွေစို့လို့
၊သူသူ့အမေကတော.အင်္ဂုလိမာလသုတ်ကိုတစ်ခေါက်ပြီးတစ်ခေါက်ရွတ်နေရှာတယ်။ခဏနေတော့
သူသူကိုတွန်းလှည်းနဲ့ မွေးခန်းထဲခေါ်သွားတော့ ကျနော်ကလက်ကလေးကိုဆုတ်ပြီးဘေးကလိုက်
သွားတာအခန်းဝထိတိုင်ပါဘဲ။တံခါးပိတ်သွားတာတောင်အပြင်မှာငူငူကြီးရပ်နေမိတယ်။
ဒီတံခါးဝမှ နေပြီး သူသူနဲ့ ကျနော့ သားလေးကျန်းကျန်းမာမာနဲ့.ပြန်ထွက်လါပါစေလို့လည်း
ဆုတောင်း နေမိတယ်။ရုတ်တရက် တံခါးပွင့် သွားပြီးဆရာမတယောက်ထွက်လာပါတယ်။
`ရှင်ကဒီမှာဘာလုပ်နေတာလည်း...ဟိုးအပြင်မှာသွားစောင့်.နေလေ..´
ကျနော်အထဲကိုလှမ်းကြည်.လိုက်တော့ သူသူကိုမွေးခုံပေါ်မှာ မသက်မသာအနေအထားနဲ့
တွေ့လိုက်ရပါတယ်။ကျနော်လည်းလူနာခန်းဆီကိုပြန်လာတော.ခုနကတမယ်လ်လင်မယားကို
ကလေးလေးအလယ်ထားပြီးကြည်နူးနေတာတွေ့လိုက်ရတယ်။
`ကို......ကြည်.ပါဦး တန်ဘီလေးက ကိုနဲ့ တူတယ်နော်...ကို ´
ဟင်းခုနကတော့ ထွက်သွားလို.ပြောနေပြီး...ကျနော်စိတ်ထဲကပြောမိတာပါ။
` သားဦးလေးလား....´ ကျနော်မေးလိုက်တော့
`ဒါက သုံးယောက်မြောက်ပါ....´ကောင်လေးကပြန်ဖြေသည်။
အင်း..သူတို.ဒီလိုဖြစ်တာသုံးကြိမ်တောင်ရှိပြီထင်ပါရဲ.။ခဏကြာတော.အပြင်မှာ
စကားသံတွေကြားလို့ကျနော်ထွက်ကြည့် လိုက်တော့ ဂျူတီကုတ်လေးတွေနဲ့.ကောင်လေး ကောင်
မလေးတွေတအုပ်ကျနော်တွေ့ လိုက်ရသည်။`ဆရာဝန်တွေလား ´ ကျနော်အနားက မိန်းမတစ်
ယောက်ကိုမေးကြည့်.တော. ` ဆရာဝန်လောင်းတွေပါ လက်တွေ့ လာသင်ကြတာလေ´
` ဟိုက်...အဲဒါမှဒုက္ခ..´. .ဒီကောင်လေးတွေ...ဟို..မွေးခန်းထဲကကျနော.မိန်းမရဲ.့
အချက်အချာကို... သူတို.သင်ရိုးညွှန်းတမ်းထဲကဖတ်စာလို...အလွတ်လာကျက်နေရင်
ပြသနာဘဲလို.တွေးပူနေမိတယ်။
တော်သေးတယ်ခဏနေတော့ သူတို့အခြားအဆောင်ကိုထွက်သွားမှစိတ်အေးရတယ်။သူသူမွေး
ခန်းထဲဝင်သွားတာတစ်နာရီလောက်တောင် ကြာနေပြီခုထိမထွက်လာကြသေးပေကျနော်တော်တော်
လေးရင် ပူနေလေပြီ။ထမီအစိမ်းနဲ့ဆရာမကြီးတစ်ယောက်ထွက်လာလို့မေးကြည်. လိုက်တော့
` နင်.မိန်းမကတင်နဲနဲကောက်တော.မွေးရခက်တယ်..လေ´
တဲ့ ကျနော.မိန်းမကိုများသူကျတော့ မကောက်တာကျနေတာဘဲ။
ခဏနေတော.မှမွေးခန်းထဲက ခလေးငိုသံကြားရသည်။
အောင်လိုက်တဲ.အသံ ကျနေ့.သားလေကျနော့ သား။
သူသူကိုတွန်းလှည်းလေးနဲ့.ပြန်ထုတ်လာကြသည်။ခလေးတော့ ပါမလာသေး။
`ဆရာမ...ခလေးကော....´
`ရေချိုးပေးနေတယ်လေ...တကတဲ..´
အင်းဆရာမတွေအဖို့ ကတော့ကလေးတစ်ယောက်မွေးပေးလိုက်တာဘာမှမဖြစ်သလိုပါဘဲလား။
`ကလေးအဖေရေ....ဒီမှာရှင့်.သား..အာဇာနည်ကိုလာခေါ်တော့...´
ဆရာမခေါ်သံမဆုံးခင်မှာကျနော်ပြေးသွားပြီးအသာအယာပွေ့ယူလိုက်သည်။
လက်ထဲရောက် မှကြည့် လိုက်တော့ .အနှီးထုတ်ထဲကသန်သန်မာမာနဲ့ .ကိုယ်လက်အင်္ဂါအစုံအလင်နဲ့
ငိုနေတဲ.ကျနော.သား။ကျနော့မျက်ဝန်းမှာ ၀မ်းသာမှုမျက်ရေတွေလည်းစို.့လို.။
တွေ.ပါပြီလောကမှာပြောပြောနေတဲ့ အချစ်..လို့ ခေါ်ထိုက် တဲ့ အချစ်လို့ သတ်မှတ်
ထိုက်တဲ.အရာ။အချစ်ဆိုတာဒါကိုးဒါကမှတကယ့် .အချစ်..........
`အချစ်´ ဟုခေါ်တွင်အပ်သောအရာကိုကျနော်တွေ့ မိသည်.ခဏတွင်
ကျနော့ မျက်ဝန်းတွင် မျက်ရည်များဝဲခိုမိလေတော့သည်။
ဆက်လက်ကြိုးစားပါဦးမည်.......
တတိုင်းမွှေး။ ။6-8-2012(09း00)
ဒီဘလော့ တစ်ခုရေးရန်အတွက်..ကျနော်ကပ်ကပ်သတ်သတ်မေးသမျှကို....ဆဲဆဲဆိုဆို
ဖြေပေးကြသော.အန်တီဒေါ်လှကြည်တို.ဇနီးမောင်နှံနှင်.သူငယ်ချင်းမများကိုအထူးကျေးဇူး
တင်ရှိပါသည်။မအားသည်.ကြားမှအားပေးကြသည့်.စာဖတ်သူများအားလည်းအထူးကျေးဇူး
တင်ပါသည်။လိုအပ်ချက်များရိုင်းစိုင်းမှုများပါရှိသွားခဲ.သော်ခွင့်.လွှတ်ပေးကြပါရန်လေးစား
စွာဖြင်.တောင်းပန်အပ်ပါသည်။
တတိုင်းမွှေး။ ။
No comments:
Post a Comment