`အချစ်´ ဟုခေါ်တွင်အပ်သောအရာကိုကျနော်တွေ.မိသည်.ခဏတွင်
ကျနော.မျက်ဝန်းတွင် မျက်ရည်များဝဲခိုမိလေတော.သည်။
>>>>>>>>>
ကျမဘလော့ကလိုအပ်ချက်လေးတွေကိုထောက်ပြပေးတဲ.အတွက်ကျေးဇူးတင်ပါတယ်၊
နောက်ကိုလည်းဝေဖန်ထောကိပြပေးပါရန်ဖိတ်ခေါ်ပါသည်..ရှင်.။
သည်စာကြောင်းလေးတွေက အချစ်ရဲ.အစ လို.ပြောလို့ရတယ် သိလား
အဲဒီကအစကျနော်နဲ့ ကောင်မလေးရင်းနှီးခဲ့ တာလေ
သူက..ဘလော့ တွေကဗျာတွေရေးတယ်

ကျနော်ကသူရေးတာတွေဖတ်တယ်ကော့ မက်ပေးတယ်..
အဲဒီနောက်မှာ..သူနဲ.ကျနော်နဲ.အပြန်ပြန်အလှန်လှန်ကျေးဇူးတွေတင်
လက်ဆောင်တွေပေးရင်း..သူငယ်ချင်းတွေဖြစ်ကြတယ်
ချကိခန်းထဲမှာလည်းစကားတွေပြောဖြစ်ကြတယ်
`ကျနော့ နာမည်ရင်းက.....၀သန်....ပါ´
`အယ်...သူသူ နာမည်တောင်ပြောရခက်နေတယ်...ကိုဝသန်´
`ပြောပါဘာဖြစ်လို.လည်း´
`သူသူက မိုးချစ်သူ ပါ´
`ကျနော်က...26..ပါမမိုးချစ်သူ´
`သူသူလို့ ဘဲ.ခေါ်ပါနော်.....သူသူက 21...ပါ´
`သူသူ..ကျနော်ကမော်လမြိုင်မှာနေပါတယ်..´
`ကျမက..မန္တလေးကပါ...ရှင်.´
နောက်တော့ ပြောရတာလွပ်လပ်အောင်..g-talk မှာပြောကြတယ်။
စပြောတဲ့ နေ့ကဆို...ကျနော်ကကျေုင်းတုန်းကအလှဆုံး ပုံလေးအကောင့် မှာတင်ထားတာ
သူကလည်းတော်တော်..ချောသားဗျ..မျက်နှာလေးကဖူးနေတာဘဲ..ချစ်စရာလေး
ရက်တွေရင့် လာတော့အခေါ်လေးတွေလည်းညက်လာတယ်လေ..
သူသူက ကျနော့ကိုလေ....ကိုကို..လို.ခေါ်သလို
ကျနော်ကသူ့ကိုသူလေး..လို့ ခေါ်တာ......ဟုတ်ပါတယ်ဗျာ
သူငယ်ချင်းထင်သလို....ချစ်သူတွေဖြစ်သွားကြတာလေ..
ထင်တာက..အဲဒီတုန်းကကျနော်တွေ့.နေတာ..တကယ့် အချစ်လား...လီု့ လေ
ပြောလိုက်ရတဲ. g-talk ချက်လိုက်ရတဲ. vzo
လိုင်းများကျပြီဆို....စိတိထဲမှာငိုလို.တောင်ပေါက်ကွဲနေတာများ
တနေ့ နေ့.ပြောတဲ.စကား ....လိုရင်းကတော့
ချစ်တယ်.....အရမ်းချစ်တယ်...အရမ်းလွမ်းတယ်..
တကယ်ချစ်ရဲ.လား...ချစ်သေးလား...သတိရနော်....
ဒါတွေဘဲပြောတာ...ဒါတွေဘဲကြားရတာ..ဒါပေမဲ.နော်...
ကျနော်တို့ကအဲဒါကို ဘဲပြောပြီးရင်းပြောနေ ချင်တာဗျ
ကြားပြီးရင်း ကြားနေချင်တာဗျ....မရိုးဘူး...မအီဘူး..နော်
စိတ်ထဲမှာတောင်တွေးမိသေးတယ်......ဒါလားကွ `အချစ်´လို.။
နောက်တော.သူရန်ကုန်လာမည့်.နေ့ ရန်ကုန်မှာလူချင်းတွေ့ ဘို့ ချိန်းကြတာလေ
ကျနော်ကသဘောကျတာပေါ.ဗျာ.....အစထဲကမော်လဲမြိုင် ကမှမဟုတ်တာရန်ကုန်သားဘဲလေ
တိုင်းရင်းသားကျေးရွာ..မှာချိန်းလိုက်တာ...အဲဒီနေ့ကကျနော်ဝတ်စုံလေးစုံလောက်ကျတယ်...
လဲလိုက်...၀တ်လိုက်နဲ့ မှန်ရှေ့ မှာအကြာဆုံးနေတဲ.နေ့ ပေါ့ ဗျာ..။
လူချင်းလည်းတွေ.ရော......ချစ်စကားဘာညာတော့ မသိဘူး မုသားတွေတော့ ကွာတာဘဲ
`ဟင်း...ကိုကို ကအပြင်မှာတော်တော် မဲတာနော် အရပ်ကလည်းပုတယ်´
သူကပြောရတယ်ရှိသေး....သူလည်းဘာထူးလည်း..ဓါတ်ပုံသေးသေးလေးထဲမှာတော့
ဖြူဝင်းလို့ အပြင်မှာတော့ တော်တော်ညိုတာ....vzo မှာမမြင်ရတဲ့
တင်ကလည်းကောက်ချိတ်နေတာ...ခါးကလည်းတုတ်သေး...
21 နှစ်ပါဆိုတဲ့ သူသူက 26နှစ်ဖြစ်နေပြီး 26 နှစ်ပါဆိုတဲ့ ကျနော်က 30 ဖြစ်နေတယ်လေ
ပိုပြီး ရီရတာကတော့ မော်လမြိုင်က..ကိုဝသန်ကစမ်းချောင်းမှာနေပြီး
မန္တလေးက မိုးချစ်သူ ကကျောက်မြောင်းမှာဘဲနေတာတဲ.
ချောင်းထဲက...ကိုကို နဲ. မြောင်း ထဲကသူသူ ပေါ. ။
ထူးဆန်းတာက...အဲဒီပြစ်ချက်တွေကိုကျနော်တို. နှစ်ယောက်လုံးကကျေကျေနပ်နပ်
ခွင့် လွတ်ပြီးရီစရာ လိုသဘောထားနှိုင်ကြတာ...ဗျ။
အချစ်လေ......အချစ်ပေါ့ ဒါလောက်ကတော. ပျင်းသေး...နော
ဂျီတော့ မှာပြောတုန်းကနှတ်ဆက်ပြီဆိုရင်....K I ရေးပြီးရင် S တွေအများကြီးနဲ.
kissssssssssssssssssssssssss လို့ နှတ်ဆက်တတ်ခဲ့.ကြပေမဲ့
လက်တွေ.မှာတော့ လက်ကလေးကိုင်ဖို့ တောင်ကျနော် တစ်နာရီလောက်လုံးပန်းရတာ....
ဒါတောင် မျက်နှာမာ နဲ.ကြည့် လိုက်လို့ ပထမအကြိမ် မှာပြန်လွှတ်ပေးလိုက်ရသေးတယ် ။
သူသူကစက်မှုဇုံ ကစက်ရုံတစ်ခုမှာလုပ်နေသလိုကျနော်ကလည်း
သူငယ်ချင်းတစ်ယောက်နဲ့ အင်တာနက်ဆိုင်လေးတစ်ဆိုင်ဖွင့် ထားတယ်လေ။
ကျနော့ မှာကမိဘနှစ်ပါးလုံးမရှိလို့ .ဦးလေးနဲ့ နေနေရပေမဲ့ သူသူကတော့ အငြိမ်းစား
ကျောင်းဆရာမ..မိခင်ကြီးနဲ့ .နေတာလေ နှစ်လလောက်တော.ချစ်သူဘ၀ နဲ့
မိုးမြေတုန်အောင်ချစ်လိုက်သေးတယ်။လည်လိုက်ကြတာလည်းအနှံ့ ဘဲ
မှတ်မှတ်ရရ ရည်းစားဘ၀မှာနဖူးလေးကို နှစ်ခါ ပါးကလေးကိုတစ်ခါနမ်းဘူးတယ်။
ဘိုလိုတော့ ခါခါမျှမနမ်းဘူးလိုက်ဘုးဗျ။သူသူကလည်းအရှက် ကဲသလို
ကျနော်ကလည်းမဖက်ရဲဘူးဗျ။သူသူရဲ.နဖူးလေးကိုဖွဖွလေးနမ်းခွင့် ရတဲ့ .နေ့ ကဆို
ပျော်လိုက်တာများ...ငါတော့ အချစ်ဆိုတာကိုတွေ့ .ပြီလို့ .တောင်အော်မိသေးတယ်။
နောက်တော့ ကျနော်နဲ့ သူသူ လူကြီးတွေကိုနားဖေါက်ပြီးလက်ထပ်ကြတယ်။
ကျနော်ကလည်းပြေတီဦးမဟုတ်သလို သူသူ ကလည်း အူဝဲမဟုတ်တော့
မင်္ဂလာပွဲက ရှင်းရှင်းလေး...မနက်မှာ နှစ်ဖက်မိဘအိမ်နီးနားချင်းရပ်မိရပ်ဖတွေနဲ့
အတူ သံဃာတော်တွေကိုမင်္ဂလာဆွမ်းကပ်တယ်..နေ့ လည်မှာမိဘမဲ့ ဂေဟာမှာအလှူငွေ
သွားထည့် တယ်။ညပိုင်းရောက်တော့ သူသူရဲ့ သူငယ်ချင်းတွေနဲ့ ကျနော့်အပေါင်းသင်းတွေ
စုပြီးအိမ်မှာလဖက်သုတ်စားကြတယ်လေ။စကြ နောက်ကြနဲ့ .ပေါ့ ။
မှတ်မှတ်ရရ ကျနော်တို့ မင်္ဂလာဦးညအကြောင်းကိုပြောပြရဦးမယ်..
သူသူတို.အမေကတော့ အစောကြီးဝင်အိပ်သွားပေမဲ့ လူငယ်တွေကတော့
စလို့ .ပြောင်လို့ ကောင်းတုန်း ရှစ်နာရီခွဲလောက်မှာမိန်းခလေးတွေပြန်သွားကြပေမဲ့
ကျနော့ သူငယ်ချင်းသုံးယောက်ကတော့ စပ်ဖြဲဖြဲ မျက်နှာပေးတွေနဲ့ လေကန်နေကြတုန်းလေ။
နောက်ဆုံးကျနော်တောင်းပန်မှပြန်သွားကြတာ.သူတို.သွားမှကျနော်တံခါးတွေပိတ်ပြီး
အိပ်ခမ်းထဲဝင်လိုက်တော့ သနပ်ခါးလေးပါးပါးလူးထားတဲ့ သူသူကို ကုတင်စွန်း
မှာခေါင်းလေးငုံ့ .ပြီးထိုင်နေတာတွေ့ရတယ်.ဘာကြောင့် မှန်းမသိပေမဲ့သူသူဆီကို
သွားနေတဲ့ ကျနော.ခြေထောက်ကဒူးတွေလည်းတုန်နေတယ်ဗျ........
`တော်တော်ဆိုးတဲ.ကောင်တွေ...´ ကျနော်ကပြောလိုက်သော်လည်း သူသူ.ထံမှ
ဘာတုန့် .ပြန်သံမှမကြားရချေ။ကျနော်က ကုတင်တဖက်စွန်းမှာဝင်ထိုင်လိုက်သည်။
`သူလေး.....တော်တော်ပင်ပန်းသွားလား....´
` ဟုတ်....ရပါတယ်..ကိုကို ´
` အိပ် စို. နော် ´
`ဟုတ်ကဲ့ ´
ကျနော်က ခေါင်းအုံးပေါ်သို. အိပ်ချလိုက်သော်လည်း သူသူကလုံးဝမလှုပ်.....
` အိပ်ကြစို့ .လေ သူသူ ´
` ဟုတ်ကဲ့ ကိုကို ´
ပြောသာပြောသည်သူမက လုံးဝမလှုပ်ချေ........
` သူလေး.....ကိုကို့ကိုပြောစရာ ရှိလို.လား...´
` မရှိပါဘူး......ဟင်အင်း ရှိတယ်ကိုကို....မနက်ဆွမ်းကပ်တုန်းက...ဘုန်းဘုန်း က
အိပ်ရာမ၀င်မီ..လင်ယောက်ကျားကို ကန်တော.ပြီးမှ..အိပ်ရမယ်တဲ့ ...အဲ.ဒါ...´
`အား...လိမ်မာလိုက်တဲ. ကိုကို့ မိန်းမ ကွာ..တကယ့် မယားကောင်းလေးဘဲ ´
`ကိုကို...နော်...သူလေးကိုမနောက်နဲ့ ´
` မနောက်ပါဘူး ကဲ...ကန်တော့ ကန်တော.့´
`ကျနော်က ထထိုင်ရင်းပြောလိုက်သည် ´
`ရပါတယ်ကိုကို...ခဏလှဲနေလိုက်ဦးနော်...သူသူဘုရားအရင်ကန်တော့ လိုက်ဦးမယ်´
ကျနော်တဇောင်းလေးပြန်အိပ်ပြီး...လက်အုပ်လေးချီပြိး ဘုရားရှိခိုးနေသာ..အသစ်စက်စက်
ချစ်ဇနီးလေးကို မြတ်မြတ်နိုနိုး ကြည့် နေမိသည်။သူသူက လက်အုပ်လေးချီ မျက်စိလေးမှိတ်ပြီး
ဘုရားကိုအာရုံပြုနေသည်မှာ အရမ်းကြည့် .လို.ကောင်းသည်။
ပါးပြင်ကသနပ်ခါးကလည်း အခုမှခြောက်သွားဟန်တူသည် ရနံ့ သင်းသင်းလေး
ထွက်နေသည်၊ခါးကလေးကိုမတ်၍ လက်အုပ်ချီထားသော သူလေး၏ ကိုယ်ဟန်ကောက်ကြောင်း
လေးကအနုပညာလက်ရာတစ်ခုလိုကြည့် လို့ကောင်းနေသည်။
သူသူဘုရားရှိခိုးနေသည်မှာတော်တော်လေးကြာသည်။ဘုရားစာများတော်တော်လေးလည်း
ရဟန်တူသည်၊ဓမ္မစင်္ကြာလည်းဆက်ပြီးတောရွတ်နေသေးသည်။နဲနဲတော.ကြာသည်ဟုထင်သည်။
ကျနော.မျက်ခွံတွေလေးလာသည်...ကျနော်တော်တော်လေးအိပ်ငိုက်နေလေပြီ။ခဏနေတော့
သူသူဦးချလိုက်သည်ကိုတွေ.လိုက်ရတော့ ကျနော့ မျက်လုံးတွေပြန်ကျယ်လာသည်။(ဘာမှတော.
မဆိုင်ဘူးထင်တယ်နော်)ပြီးတော့ ကျနော့ ကိုအားနာဟန်နှင်.ကြည့် လိုက်ပြီး...
`ခဏနော်...ကိုကို..မင်္ဂလာဦးမှာ...မေတ္တာပို့လိုက်ဦးမယ်..သူသူကအလွတ်မရသေးလို.့´
ပြောပြောဆိုဆိုသူသူကအနီးမှာရှိနေသောစားပွဲပေါ်က...တရားစာအုပ်လေးကိုဆွဲယူပြီး...
မေတ္တာပို့ ကိုစပြီးရွတ်နေပါတော.သည်။
`အရှေ.အရပ်................´
ကျနော်နားထောင်နေမိသည်...အရှေ.အရပ်တခုထည်းတော်တော်ကြာသည်ထင်၊ပြီးတော့
အနောက်အရပ်၊နောက်တော့ တောင်အရပ်၊မြောက်အရပ်သို့ မေတ္တာပို့ နေသည်ကိုကျနော်
နောက်ဆုံးကြားပြီး အိပ်ပျော်သွားလေတော့ သည်။
(နောင်လာနောက်သားများသတိထားစရာ)

ကျနော့နဖူးလေးနွေးသွားသောအသိကြောင့် မျက်လုံးကိုဖွင့် .ကြည့် လိုက်တော့
ကျနော.မျက်နှာကို မိုးပြီးကြည့် .နေသောသူသူကိုပြုံးပြုံးလေး မြင်လိုက်ရသည်။
` ကိုကိုအိပ်နေတာခလေးလေးလိုဘဲ သူသူတောင်ကန်တော.ပြီးသွားပြီ´
`အင်း ဟုတ်တယ်.... ကိုကိုအိပ်ပျော်သွားတယ် ´
` ကိုကို ´
` ပြောလေ..သူ ´
` ကို ကိုး ´
``ပြောလေ...........´
`သူသူ့ကိုဘဲတသက်လုံးချစ်ရတော့ မယ်နော်...သိလား..ကိုကို ´
`ဟုတ်ပါပြီ ချစ်လို့ဘဲ ယူကြတာပေါ. နော်´
သူသူကကျနော်.ရင်ဘတ်ကို လက်ညှိုးလေးနဲ.ထောက်ပြီး....
` ကိုကို က..သူသူ.ကိုလေ အနိုင်လည်းမကျင့် ရဘူး အပြစ်လည်း
မရှာရဘူး...အပြစ်လည်းမမြင် ရဘူးနော်....သိလား´
`ဟုတ်ပါပြီ...သူသူ ကိုဘဲချစ်မယ်...သူသူ.သဘောကျ...သူသူလေး
ဘာဘဲလုပ်လုပ်..ဘာဘဲဖြစ်ဖြစ်..အပြစ်မမြင်ဘူးနော်..သိပြီလား ´
ကျနော်ကပြောပြောဆိုဆို....ခေါင်းရင်းကမီးခလုပ်ကြိုးလေးအားဆွဲ၍မီးပိတ်လိုက်တော့
အခန်းတခုလုံးမှောင်သွားသည်။သူသူ.ကိုယ်လုံးလေးအား ရင်ခွင်ထဲဆွဲပွေ.လိုက်တဲ့
အချိန်မှာ သူသူ.ထံမှစကားလုံးလေးတစ်ခုသဲ့သဲ့ ကြားလိုက်ရသည်။
`ကြောက်တယ်...ကိုကိုရယ်...´ တဲ့
အင်းအချစ်ကိုတွေ.ရမှာဘာလို့ များကြောက်ပါလိမ့် ...........

ဇာတ်သိမ်းပိုင်းလေး ( မဗိုက်နဲ့ကျနော်...) ကို..ဆက်ဖတ်ပေးပါနော်...အားနာလိုက်တာ...
တခါတည်းတင်ပေးထားပါတယ်..ကလစ်လိုက်နော်
တတိုင်းမွှေး။ ။
No comments:
Post a Comment