“သွားတော့.မှာလား......”
မေးကြည့်.တာပါနော်...တားနေတာမဟုတ်ပါဘူး
လာပါနေပါလို့ ဖိတ်ခေါ်ခဲ့သူတစ်ယောက်အနေနဲ့ကတော့
ဘယ်သောအခါမှနှင်ထုတ်မှာမဟုတ်ပါဘူး
“ချစ်နေလို့ပါ ” ဆိုတဲ့ ဖိတ်စာလေးကြောင့်
မင်းတစ်ယောက် နှလုံးသားရင်ပြင်မှာ.
.နေချင်သလောက်နေခဲ့ပြီးပြီပေါ့....
သည်ကာလလေးမှာ မင်းပေးခဲ့ တဲ့ အချစ်လေး တွေ
မင်းပေးခဲ့တဲ့ အကြင်နာလေးတွေ
ပျော်ရွှင်မှုလေးတွေ..... ကရုဏာတွေကို
ပြန်သိမ်း အိပ်ထဲပြန်သိပ် ဇစ်ပိတ်ပြီးပြီလား ...
နောက်ထပ်မင်းထပ်သွားမယ့် နှလုံးသားအသစ်ဆီကို
ခရီးမသွားခင်....... ကိုယ့် ရဲ.နှလုံးသား က
ကြေငြာချက်လေးကို ဖတ်သွားပါဦးနော်...
မင်းစိတ်ကောက်တိုင်း ဒူထောက်တောင်းပန်ချော့ ခဲ့ရတာတွေ
အကောက်အပ်တိုင်းလက်ခံမိလို့ မင်းစိတ်ဆိုးတာကိုတောင်းပန်ရတာတွေ
မင်းမေးလိုက်ရင် ချက်ချင်းမဖြေမိလို့မင်းဆူတာခံခဲ့ ရတာတွေ
“ မျက်နှာများတယ် ” “ကောင်မလေးတွေနဲ.အီချင်တယ် ”
“မောင်ချစ်တာတကယ်မှဟုတ်ရဲ့ လား ” ဆိုတဲ.စွပ်စွဲချက်တွေကို
သက်သေတွေနဲ.ရှင်းပြပေးခဲ့ ရတာတွေကိုတစ်ခါမျှ နောင်တမရခဲ့ဘူးပါ။
ဒါပေမဲ့.ပေါ. ....ဒါပေမဲ့ ဒါပေမဲ့
မင်းစာမျက်နှာမှာ မင်းရဲ.ရီးစားလိုလို .ဘာလိုလိုလိုတွေရဲ့ ရေးထားတဲ့
မင်းနဲ့ အပြန်အလှန် ကော့ မက်တွေဖတ်မိတိုင်း ဖြစ်ရတဲ.ဒေါသ
ငါ့ ကိုအိပ်ချင်ပြီလို့.ပြောပြီးမှ ချက်ခန်းထဲမှာ မိုးလင်းပေါက်ထိုင်အီနေတာ
g-talk မှာမီးနီပြပြီး တညလုံးသူများနဲ့.ပြောနေတာကိုထိုင်ကြည့်ရတဲ့ .ဒေါသ
ပြောနေရင်းတန်းလန်း အကောက်ပိတ်ပြီးထွက်သွားလို့ ငုတ်တုပ်ကျန်ခဲ့ ရတဲ့ .ဒေါသ
သူတို့ ဘက်ကဘဲချစ်နေတာပါ လို့ .ပြောထားတဲ့ .ကောင်လေးတွေအိမ်မှာ
မင်းကသွားသွားပြီးကော့ မက်တွေရေးနေတာကို
နေ့ တိုင်းမြင်နေရတဲ့ ဒေါသ ...ငါရင်ဘတ်ထဲမှာမြိုထားတာများနေပါပြီ
ပိုဆိုးတာက နိုင်ငံကျော်စာရေးဆရာတစ်ယောက်မဖြစ်နှိုင်ပေမဲ့
ဆိုက်ထဲမှာ ဘလော့ .လေးတွေရေးနေလို့ ရေးတင်လိုက်ရလို့
ကော.မက်ကလေး လေးငါးခုလောက်ရရင်.....ကိုယ်ရေးလိုက်လို.
လူ နှစ်ဆယ်လောက်ဖတ်သွားရင် .အတိုင်မသိပျော်မြူးနေတတ်တဲ့
ငါ့ရဲ့ ၀ါသနာကို အလေးမထားတာ ငါ.ကိုအားပေးတဲ့
စာဖတ်သူတွေနဲ့ငါ့ ကိုစော်ကားတာတွေကတော့ လွန်လွန်းနေပါတယ်
မင်းမရှိခင်ကတဲကငါ စာရေးနေတာပါ.......
မင်းအခုငါ့ ကိုပြောတာက ငါ.ကိုစိတ်နာတယ် ဟုတ်လား
စိတ်ဆိုးတာထက်ပိုတာပေါ့
မင်းထွက်သွားရင်....နှလုံးသားရင်ပြင်မှာ ကြေကွဲမှုတွေ တမ်းတမှုတွေ
လွမ်းဆွတ်နေတဲ့ အသည်းကွဲသမားတွေ....လုံးဝမကျန်အောင်
မောင်သိမ်းဆည်းရှင်းလင်းထားပေးမှာပါ
မနေချင်ရင်သွားပါ.....မတားပါဘူး တခုတော့ သတိပေးလိုက်ပါ့ မယ်
ဒီနှလုံးသားတံခါးကလေ ၀င်လိုက်ထွက်လိုက် မရပါဘူး
မင်းအတွက် ၀င်ခွင့် တစ်ကြိမ် ထဲသာရမှာပါ....
မောင့် .နှလုံးသားက မာန်မာန နဲ.နှလုံးသားပါ
“သွားတော.မှာလား......”
မေးကြည့်တာပါနော်...တားနေတာ မဟုတ်ပါဘူး
လာပါနေပါလို.ဖိတ်ခေါ်ခဲ.သူတစ်ယောက်အနေနဲ့ကတော့
ဘယ်သောအခါမှနှင်ထုတ်မှာမဟုတ်ပါဘူး.......
(ကဗျာမဟုတ် စာမဟုတ် တဲ့ သည်စာတစ်ပုဒ် က တိုက်ဆိုင်မှုရှိလျှင်
လုံဝ ခွင့် မလွှတ်ပါနှင့်)
ဆက်လက်ကြိုးစားပါ့ မယ် အာလုံးကိုလေးစားပါသည်။
တတိုင်းမွှေး။ ။
No comments:
Post a Comment