ချစ်ကလေ မောင်ကကြည့် လိုက်တိုင်းမှာ.....
မောင် ..."ကျမကိုမကြည့် ပါ နဲ့ ကျမကမလှပါဘူး.."....
လို့ပြောပြီး....ခေါင်းကိုအမြဲငုံ့ လို့ နေတတ်တယ်နော်
"မောင် ကရုပ်လှတာကိုကြည့် နေတာမဟုတ်ပါဘူး.ချစ်ရဲ့.
ချစ်လေးရဲ့ နှလုံးသားအလှ ကိုကြည့် .နေတာပါ..."
မောင့် ကို မောင်လေးလိုခင်တဲ့ မမတစ်ယောက်ပြောတာကတော့
"မိန်းကလေးဆိုတာ မချောမလှလို့ရတယ်တဲ့ဒါပေမဲ့
အကျင့်စရိုက်/ စိတ်သဘောထား
ပြုစုပျိုးထောင်မှုကင်းမဲ့လို့မရဘူး။နော်တဲ့"
- အကျင့်စရိုက်ကောင်းတဲ့ မိန်းကလေးက အနုပညာထည်နဲ့တူတယ်။တဲ့
- ဘယ်လောက်ပဲ ချောမောလှပနေပါစေ...."
- အကျင့်စရိုက်မကောင်းရင် အပြစ်အနာအဆာရှိတဲ့ ပစ္စည်းနဲ့တူတယ်။
မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်အလှဟာအလွန်ဆုံးခံခဲ့ရင် ... အနှစ်(၂ဝ)ပေါ့ တဲ့နော် ..
အတွင်းစိတ်ရဲ့အလှက တစ်သက်လုံးခံသလိုလူကိုလည်း တစ်သက်တာ
ဆွဲဆောင်စေပါတယ်.... တဲ့ချစ်လေးရဲ့ ...
ဒါကြောင်.မောင် တစိမ့်စိမ့် ကြည့် .ပြီး ချစ်နေတာမင်းရဲ့စိတ်အလှပါ..နော်
မောင်တို့သူငယ်ချင်းသက်တမ်းလေးခိုင်မာလာချိန်
မောင်က ချစ်သူ ဖြစ်ခွင့် .တောင်းတော့
မင်းကလေ မောင့်ကိုခေါင်းငြိမ်.ခဲ့တယ်နော်
မောင်ကအဲဒီ မမကိုဝမ်းသာအားရပြောပြတော့ မမကြီးက
- ကိုယ်ချစ်တဲ့သူက ကိုယ့်ကို တကယ်မချစ်တဲ့အခါ....စွန့်လွှတ်ဖို့စဉ်းစားပါ... တဲ့.။
- ကိုယ်စိတ်ထိခိုက်ရပေမဲ့ ....သူ စိတ်ချမ်းသာစေပါတယ်....
- ကိုယ်မချစ်တဲ့သူက ကိုယ့်ကိုတကယ်ချစ်တဲ့အခါ.မှာတော့...
- .ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါ..တဲ့..။
- မျှော်လင့်ချက်တွေ မပေးမိဖို့ အရေးကြီးပါတယ်....လို့ သူကပြောပြတယ်
- အချစ်ဆိုတာတောင်းဆိုတိုင်း ရတာမဟုတ်ဘူး....မောင်လေးရေ. ...
- သူ့ဘက်က သဘောတူညီမှုလိုတယ်...ကွယ့်။
- အချစ်ဆိုတာ အတင်းဖန်တီးယူလို့လည်း မရဘူး.......
- ကိုယ့်ဘက်ကနှလုံးသားလိုတယ်...မောင်လေး...တဲ့
မောင့် .ရဲ့နှလုံးသားက ချစ်အတွက် ထာဝရပါ...
ချစ် နဲ့ မောင်တို့ အချစ်ကမှန်တာပေါ.နော်.............
ဒါပေမဲ့ချစ်လေးရယ် အလွှာမတူတဲ.ဘ၀နှစ်ခုပေါင်းစပ်ဖို.ကြတော့
ချစ်ကမောင့် အလွှာကိုဝင်လာဘို့ခက်ခဲနေတယ်နော်
မောင်က မမ ဆီကို သွားတိုင်ပင်တော.့မမ ပြောတာကလေ
နှစ်ယောက်သား ဘ၀တစ်ခုကို အတူတူ တည်ဆောက်တဲ့အခါ...
ကိုယ့် ရဲ.ချစ်သူကို ပြုပြင်ပြောင်းလဲပစ်ဖို့ကြိုးစားခြင်းထက်...
ချစ်သူဘက်က လက်ခံနိုင်အောင်ကြိုးစားခြင်းက ပိုပြီးအကျိုးရှိပါတယ်....တဲ့
တကယ်လို့ မောင် ကသာ မောင်ရဲ့လက်တွဲဖော် ချစ်လေး ကို
ပြောင်းလဲဖို့ ကြိုးစားနေပြီဆိုရင်...
ဒါဟာ ဘ၀ တစ်ခုကို တည်ဆောက်တာမဟုတ်တော့ပါဘူး...
စစ်ပွဲတစ်ခုကို ဆင်နွှဲနေတာဖြစ်ပါလိမ့်မယ် တဲ့ ချစ် ရဲ.
ဒါကြောင်.မို့ လည်းမောင် လေ မင်းနဲ့ နီးဖို.အတွက်
မင်းအသိုင်းအ၀ိုင်းက လက်ခံလာအောင်ကြိုးစားပါတော့ မယ်ချစ်လေးရယ်
ဒါတွေကတော့ ချစ်လေးအတွက်မောင်ပေးတဲ့ပဏာမချစ်လက်ဆောင်တွေပါ.......နော်..
သိပ်ချစ်တယ် ချစ်လေး.......
ချစ်လေးရဲ့
တတိုင်း..မွှေး။ ။
16-5-2012
No comments:
Post a Comment