.....ကျနော်ဖြေဖို.ခက်နေပြီ
"အဲဒါထက်ဆိုးနေတယ် နောင် ဟေ....ဘယ်လိုဖြစ်ပြန်ပြီလဲ
သေးသေးကို ချဲ့ နေတာလေ...
တနေ့ကသူနဲ့ဖုန်းဆက်နေတုံးဧည့်သည်လာလို့ငါကခဏနော်လို့.ပြောတာ.
..သူကမိန်းမလားယောက်ကျားလားမေးတယ်ငါလည်းအမှန်တိုင်း
မိန်းမပါလို့.ပြောတယ်သူကသူ့.ထက်အရေးကြီးရင်
သူတို့နဲ့ဘဲပြောဆိုပြီးဖုန်းချသွားတယ်.."
"...မင်းကပြန်မချော့ ဘူးလား........"
"ချော့.ပါတယ်ကွာနေ့ တိုင်း....ငါဖုန်းပြောရင်နားထောင်တယ်...
.ပြန်မပြောဘူးကြာတော.ငါလည်းငါ.ကိုယ်ငါရှက်လာတယ်..
..သူကငါ့ရဲ.တောင်းပန်သံ
ကိုအရသာခံနေသလိုဘဲ......မင်းစဉ်းစားကြည်.လေငါက
၂၀ ကျော်လူငယ်လေးမဟုတ်ဘူးလေ
လုပ်ငန်းတခုကိုဦးဆောင်နေတဲ့လူတယောက်..."
" အေး ...မင်းကပြောတာကတမျိုး ...ငါ့ညီမ သူသူပြောတာက...
မင်းကမျက်နှာများတယ်တဲ့ ကောင်မလေးတွေနဲ့
တွဲတာသူ ခဏခဏတွေ့တယ်တဲ့"
`ဒါကလည်း နောင် ငါကအလုပ်ကိစ္စနဲ့ပါတ်သက်နေရတာလေ.....
ခဏခဏရှင်းပြနေရတယ် မမခင်နဲ့တုန်းကလည်း
ဘယ်လောက်အားနာစရာကောင်းလည်း ငါတို့ ကိုငယ်ငယ်ထဲက
မင်းကိုနောင် လို့.ခေါ်တယ် ငါ့ကို မောင် လို.ခေါ်တယ်
တနေ့ ကငါနဲ့မမခင်စကားပြောနေတုန်းသူကမမခင်ကို ဘာလို့ မောင်
လို့.ခေါ်တာလဲလို့.မေးထဲ့လိုက်တာလေ မင်းအမကိုငါတော်တော်အားနာတယ်
သူ.့ကိုပြောတော့ .စိတ်ဆိုးလည်းမတတ်နှိုင်ဘူးတဲ့
ငါ့ ကို မောင် လို.
သူ.တစ်ယောက်ထဲခေါ်ခွင့်ရှိတယ်တဲ့...ငါဘာလုပ်ရမလဲမသိတော.ဘူး.....
ချစ်သူဘ၀က လုံးဝပျော်စရာမကောင်းဘူး.
..ကြည်နူးဖွယ်ရာမကောင်းဘူး....
အရှုံးသမားတယောက်လိုအညံ့ခံနေရတယ်.."
"ဒါကတော့.သူက မင်းကို သိပ်ချစ်တာကိုး....."
"သူကချစ်တာနဲ့မတူဘူး ..ချုပ်ချယ်တာ ငါ့ကိုနားလည်မပေးတာ..."
"ဒါနဲ့မင်းက သူကို ဖုန်းမဆက်တော့.တာလား...."
".အေး မဆက်ဘူး..."
"သူကလည်းဆက်မှာမဟုတ်ဘူးတဲ့ သူသူ ပြောတာ.....မင်းဘာလုပ်မလည်း
မင်းတို.ကဒီလောက်ချစ်နေရက်နဲ့. ပြတ်ကြတော.့မလား"
"မတတ်နိုင်ဘူး နောင်...ငါသူ့.ဆီကတောင်းဆိုခဲ့တာ..ချစ်ခွင့်. တစ်ခုထဲ
ငါပေးလိုက်ရတာက ယောက်ကျားတယောက်ရဲ့သိက္ခာ
ယောကျာ်းတယောက်ရဲ့ .မာန ငါ့ရဲ့လူမှုဆက်ဆံရေး
သူလည်းငါ့ .ကိုမယုံကြည် တော့ဘူးဒီတော့.
ငါကဆက်ပြီးဒူးမထောက်တော့.ဘူး
တော်လောက်ပြီ နောင်.....ငါတို့.ရှေ.ဆက်ရင်ပိုပိုဆိုးလာမယ်...."
"အေးပါကွာ မင်းကပြတ်နေမှတော့.ငါမပြောတော့.ဘူး...ပြန်မယ်.."
"အော်..မင်းနဲ့တွေ.ချင်လို.တဲ့...အပြင်မှာလူတယောက်စောင့်.နေတယ်...."
"ဘယ်သူလည်း...."
"မိတ်ဆွေဟောင်းထဲကဖြစ်မှာပေါ့......ငါလွှတ်ပေးလိုက်မယ်နော်."
နောင်ပြောတာကိုကျန်ာစဉ်းစားနေတုန်း ..........
"မောင်......"
"မောင်ပြောတာတွေမိသန့် .အကုန်ကြားတယ်..
.မောင့် .ကိုလည်းနားလည်တယ်
နားလည်လွန်းလို့.လည်းစိတ်မချတာပါ မောင် ၊
မောင့် .ရဲ့ရိုးသားတည်ကြည်မှုတွေကြောင့်.
မောင့် .ကို မောင်ဖွင်.မပြောခင်ကထဲက
မိသန့် .ကချစ်ခဲ့ရတာပါမောင် ရယ်
ခုမောင်ရိုးရိုးသားသားခင်နေတဲ့..မိန်းခလေးတွေရင်ထဲမှာ
ဘာဖြစ်နေမယ်ဆိုတာ မိသန့်ကပိုသိပါတယ်မောင်
မိသန့်.က မောင့်.ချစ်သူလေ
ချစ်သူတယောက်မှာသ၀န်တိုခွင့် .တော့.ရှိရမှာပေါ့
မောင်...ကျမကို သ၀န်တိုခွင့်.တော့.ပေးပါနော်......"
"မိသန့်. ....ချစ် ...တကယ်ပြောတာနော်..တို ..တို..
ချစ်လို့ .တိုတာကြိုက်သလောက်တို .
..မိသန့် .ကချစ်တယ်ဆိုရင်ရပြီ ..ပေးတယ် ဗျာ သ၀န်တိုခွင့်.ယူစေဗျား..........."
".ဟေ့ ကောင်မလေးကိုလွှတ်လိုက်....":
ဟားဟားဟား..တော်ပြီ ဆို ပြတ်ပြီ ဆို....ခုတော့ .မလွှတ်တော.ဘူး.....။"
ချစ်သူတိုင်း သ၀န်တိုခွင့်.ရှိပါသည်။ ။
တတိုင်းမွှေး။ ။
No comments:
Post a Comment