အဲဒီလိုဆုံခဲ့တာကကော... အချစ် စစ် လား...
ဟိုလေ...မယုံလို့...မေးတာမဟုတ်ပါဘူး
သူငယ်ချင်းတို့ ကြုံခဲ့ရတဲ့အချစ် နဲ့
ကျနော် ဆုံနေရတဲ့အချစ် စစ် တူ မတူ
တိုက်ကြည့် ယှဉ်ကြည့်မလို့ ပါဗျာ..
....ပြောပြမယ်...
ကျနော်လေ အချစ်စစ် နဲ့ တွေ့ တွေ့ ချင်းသိလိုက်ရတာကလေ....
ဟိုအရင်က..ကျနော်ကြုံခဲ့ရတာတွေက အချစ် မှမဟုတ်တာ
တပ်မက်မှုတွေ
ပိုင်ဆိုင်လိုမှုတွေ
သာယာမှုတွေ
အဲဒါကိုအချစ် လို့ ထင်မှားမိတာဘဲ...
တကယ်တော့ အချစ် ကိုတွေ့ ပြီးပိုင်ဆိုင်ဖို့ မ၀ံ့ရဲတော့ဘူး
ပိုင်ဆိုင်ဖို့ လည်းအားမထုတ်ချင်တော့ဘူး ။
သူလေးကို ကိုယ်တန်ဖိုးထားမြတ်နိုးသလို
တခြားသူတွေလည်း တန်ဖိုးထားစေချင်လာတယ်...
အချစ်က လှတာပေါ့ ဗျ..
တည်နေရင်လည်းလှတယ်
ရီနေရင်လည်းလှတယ်
ငိုနေတာတောင် လှတယ်
ချစ် ရဲ.အလှဆုံးအချိန်က စိတ်ကောက်ပြေလို့
ကျနော့ ကိုမျက်စောင်းလေးနဲ့ပြုံးပြီး ကြည့် တဲ့အချိန်
လှချက်ကတော့ ကျနော်ပြန်ပြောလို့ မတတ်အောင်လှတာပါဗျာ။
ကျနော.အချစ် ငိုနေတဲ့အချိန်တွေမှာဆို
ကျနော.ရင်ထဲတလှပ်လှပ်နဲ.
ဒေါသတွေတက်ပြီးလိုက် ငိုချင်လာတယ်...
အဲ ချစ်လေး ပျော်နေပြီဆိုရင်တော့
ဘာပြောကောင်းမလည်း
ရင်ထဲမှာ အီဆိမ့် ပြီးလိုက်ပျော်နေတာပေါ့။
တနေ့...နေ့ ကျနော်တွေးနေတာက
အချစ် ဘာလိုချင်နေလည်း
ချစ်လေးဘာစါးချင်နေမလည်း
ချစ်လေးဘယ်တွေသွားချင်နေမလည်း
ချစ်လေးဘာတွေအလိုမကျဖြစ်နေမလည်း
ဒါတွေဘဲတွေးနေတာပါ
ရုပ်ရှင်တောင် ချစ်လေးကြိုက်တဲ့မင်းသားဆိုကျနော်ကြိုက်တယ်
ချစ်လေးမကြိုက်တဲ့မင်းသားဆို လှဲ့တောင်မကြည့်ဘူးဗျာ ကဲ။
ကျနော်က ချစ်လေးရဲ့အချစ် ကို ရလို့ ကံကောင်းပေမဲ.
ကျနော့ ကို ချစ်မိတာ ချစ်လေးကံဆိုးနေမလားလို
.....တွေးတွေးနေမိတယ်ဗျာ။
ဒါကြောင့် ကျနော့ အတွက်နဲ့ ချစ်လေးမှာဖြစ်ဖြစ်
ချစ်လေးရဲ့ အသိုင်းဝိုင်း မှာဖြစ်ဖြစ်
ဂုဏ်သိက္ခာ ဘာညာထိခိုက်မယ်ဆိုရင်
ကျနော့ ရင်ဘတ်ထဲက အချစ်တွေကိုသော့ ခတ်ပြီး
ကျနော်စွန့် လွတ်ပါ့ မယ်ဗျာ....နော။
ဆက်ပြောရင်ခင်ဗျား အိမ်ပြန်ရမှာမဟုတ်တော့ ဘူး
အများကြီးကျန်သေးတယ်
ထါးပါ ..... ဒါကကျနော့် ရဲ့ အချစ်စစ် အကြောင်းတွေပေါ့......
ကဲပြောပြပါဦး...သူငယ်ချင်း ကြုံခဲ့ ဆုံ ခဲ့ ရတဲ့ အချစ် စစ်အကြောင်း
မရှိဘူးလို့ တော့ မညာနဲ့နော် .. သိပြီသား
ကဲ သူငယ်ချင်းအလှဲ့ ပြောပြတော့ .....
တတိုင်းမွှေး။ ။
No comments:
Post a Comment