အချစ်...ဆိုသည်မှာ... ဘာညာ ဆိုပြီး ပညာရှင်တွေက...စာရေးဆရာတွေက
.
.ကဗျာဆရာတွေကအမျိုးမျိုး....အဓိပါယ်ထုတ်ကြသည်။ပုံစံပြခိုင်းနှိုင်းကြသည်။
သူတို့လိုကျနော်လည်းနှိုင်းပြချင်ပါသည်။
တကယ်တော့အချစ်ဆိုသည်မှာ.....ချဉ်လွန်းသော..ငံလွန်းသော...စပ်လွန်းသော
.ရှေက်သီးသုတ်ပါ...ချွေးသံရွှဲရွှဲ မျက်ရည်ဝဲရပေမဲ့ စားပြီးရင်း စားချင်အောင်ကောင်းသည်။
သူများစားတာမြင်ရလျှင်ကိုယ်လည်းစားချင်လာ သည်။ ရှေက်သီးသုတ်ပန်းကန်မြင်ရင်တောင်
သရေကျသည်။
ကျနော့ အချစ်အကြောင်းပြောရအောင်..
.အမြဲတန်းကျနော့ ကိုဂျောက် ချနေသည့် ကောင်မလေး
သူ.ကြောင့်..မကြာခဏကျနော်အိမ်မှာဆူခံထိသည်။
ကျနော်ပိုက်ဆံညာတောင်းတာတွေသူအမြဲဖေါ်ကောင်လုပ်သည်။
သူတို့ ကျောင်းကကောင်မလေးတွေကိုကျနော်တို့သွားရစ် တာကိုပင်အိမ်မှာ လာပြောသည်။
ဒါထက်မကသူ့ ကျောင်းကကော်မလေးတွေကို..ကျနော်တို့ဆိုး
ကြောင်းရည်းစားများကြောင်းလိုက်ဖွထားသည်။မေ့ နေလို.မိတ်ဆက်ပေးရဦးမယ်နော် `.မေနှင်းဖြူ.´
ကျနော့် ခြေရင်းအိမ်က ..သူ.အကိုနဲ့ကျနော်ကသူငယ်ချင်း..သူငယ်ငယ်ထဲက ကျနော့် ကို ကိုကို
လို့ ခေါ်ခဲ့ တာ....သူ့အကိုရင်း ....မိုးသက် ကိုကြတော့ ကိုမိုးလို့ ခေါ်တယ်။တစ်နေ့ကျနော်အင်တာ
နက်ထိုင်နေတုန်းး “ကိုကို ရေ..” သူ.အသံကြားတာနဲ့အခန်းထဲကသူတိုင်ချက်ဖွင့်
နှိုင်သောအရာမှန်သမျှလိုက်သိမ်းရသည်။
“ ကိုကို..ဖေဖေ အကိုမိုး ကိုထိုးနေလို့ လာဝိုင်းဆွဲပေးပါဦး ”
ဒီကောင်ညကသူ့ ကောင်မလေးအိမ်မှာမူးပြီးသီချင်းသွားဆိုတာအဖိုးကြီးသိသွားလို့ ဖြစ်မှာ
.ကျနော်ကမန်းကတန်းပြေးထွက်လာသည်။သူတို့အိမ်ထဲပြေးဝင်လိုက်တော့ ရီရီမောမောစကားထိုင်
ပြောနေတဲ့သားအဖကိုမြင်သည်နဲ့ကျနော်ချောက်တွန်းခံရပြီမှန်းသိသည်။ရုတ်တရက်ပြန်လျှင်
မကောင်းတတ်လို့စကားထိုင်ပြောနေရပေမည့်စိတ်ကတော့ တော်တော်တိုနေသည်။ခဏနေ
တော.မိနှင်း စပ်ဖြဲဖြဲ နဲ့ ပြန်ရောက်လာသည်။
“ ကိုကို....အိမ်မှာကွန်ပြူတာ ဒီအတိုင်းဖွင့်ထားတာလား ”
ဟိုက်သေပြီ။ ကျနော်ခုနက လိုင်းပေါ်က ကျနော့ ကောင်မလေးနှစ်ယောက် နဲ့ ထိုင်
အီနေတာ .ဒီအတိုင်းတန်းလန်းထားခဲ့မိသည်။ကျနော်နှုတ်ဆက်ပြီးအိမ်ပြန်ပြေးလာသည်။
တော်သေးတယ်စက်ကိုမပိတ်သွားလို...သေသေချာချာကြည့်လိုက်မှမျက်လုံးပြာသွားသည်။
ဒီကောင်မလေးကျနော့် အစားစာတွေရေးသွားသည်။
“ ဒီမှာမမ လာပြီး မချွဲ နေနဲ့ နင်ငါ့ ကိုကြိုက်ရင်..နှစ်ရက်အတွင်းလူကြီးစုံရာ
နဲ့ လာတောင်း ဦးစားပေးမယ်..ဒါဘဲ..”
နောက်တစ်ယောက်ကိုကျတော.
“ညီမ...အကို့ မိန်းမဗိုက်နာလို့သားဖွားမီးယပ်ကိုလိုက်ပို့ ပေးရမယ်
သားဦးတုံးကလိုဆူခံထိမှာကြောက်လို့ နောက်မှဆက်ပြောမယ်...”
သွားပြီတလလုံးလုံးအီတာတွေသွားကုန်ပြီ။သူ့ အကိုကိုပြောပြတော့ ရီ တာခံရသည်။
ကိုယ်ကလည်းမတိုင်ရဲပေ။ ဒါကတော့ အွန်လိုင်းမှာမို့ ထားပါတော့ ကျနော်နဲ့ ရုံးမှာ ရှိတ်တိတ်
တိတ်ဖြစ်နေသောမန်နေဂျာ မလေးအိမ်ကိုလာလည်တဲ.နေ့ ကလည်း....ကျနော်တို.နှစ်
ယောက်အိမ်ရှေ့ မှာစကားပြောနေတုံး မိနှင်းဖြူဇလုံတစ်လုံးကိုပိုက်ပြီးရောက်လာသည်။
“အစားကောင်းရလာလို့ ကိုကို့ ကိုလာကြွေးတာ မမလည်းစားပါလား .
...ကိုကိုလာတူတူစားမယ်..”
“နေပါစေကွယ် မမ ထမင်းစာများထားလို့ မစားတော့ ပါဘူး.”
“ ငါလည်းမစားတော.ဘူးနေပါစေ....နင်ဘဲစားတော့ ”
သူကြွေးမှာဘာမှန်းမသိပေမဲ့..မြန်မြန်လစ်အောင်နှစ်ယောက်လုံးငြင်းလိုက်ကြသည်။
သူကမလစ်တဲ.အပြင်နှစ်ယောက်ကြားမှာခုံဆွဲထိုင်လိုက်သည်။
“ မစားကြလည်းနေလေ အိမ်မှာဆိုအကိုမိုးကလုစားမှာ ”
ဇလုံကိုစားပွဲပေါ်တင်လိုက်တော့ အထဲမှာ ရှောက်သီးကို လှီးပြီးငံပြာရေနှင်.ငရုတ်
သီးမှုန့် ကိုနယ်ထားသည်။မြင်ရသည်နှင့် ပင်သွားတွေကြိမ်းလာသည်။ အဲဒီနောက်မိနှင်းဖြူ
ကျနော်တို.နှစ်ယောက်ကြားမှာရှူးရှူး ရှဲ ရှဲ နှင့် ထိုင်စားတော့ သည်။ဧည့်သည်တော့မသိ
ကျနော် မနည်းဟန်ဆောင်ပြီးသွားရည်မကျအောင်ထိန်းထားရသည်။
“ကို ကို မိတ်ဆက်ပေးဦးလေ..ဒီမမ ကလှတယ်နော်....”
“ အော်..ဟုတ်သားဘဲ...သူက ကိုယ်တို.ရုံးက ..သက်သက်ထွေး တဲ့ ”
“ ဟါ သိပြီ သိပြီ ကို ကို ခဏခဏ ပြောနေတဲ.့ မမလား ”
“ အို....ကိုလင်း က ဘာတွေပြောလို့ လည်း ”
ကျနော်တခါမှလည်း သူ့ ကိုဘာမျှမပြောပြဘူးပါ ။
``ကိုကိုကပြောတယ် မမက နံမယ်နဲ့ လိုက်အောင်သေး ခဏခဏထွက်တယ်
တဲ့ သက်သက်ထွေး ကသေးထွက်ထွက်တဲ့ ..ရီရတယ်..နော်..”
အဲဒီကထဲက မန်နေဂျာမလေးကျနော့ ကိုစကားမပြောတော့ ပေ။
ဒီမနက် ကျနော်မိနှင်း တို.အိမ်ဘက် ထွက်လာတော့ အိမ်ရှေ.ခြံထဲမှာ ငူငူကလေး
ထိုင်နေသော မိနှင်း ကို တွေ.ရသည်။ခါတိုင်းရွှင်ပြမြူးတူးနေသော မိနှင်းတစ်ယောက်အခု
လိုပုံစံမျိုး ကျနော်မတွေ့ ဘူးလို့ သူ.ဆီဦးတည်သွား လိုက်သည်။
“ ကိုကို ...အကိုမိုးဆီလာတာလားမရှိဘူးမေမြို့ သွားပြီ ”
“ ထားပါတော.နင်က ခုဘာဖြစ်နေတာလည်း ငေါင်တောင်တောင်နဲ.့”
“ မိနှင်းကို အိမ်ထောင်ချပေးတော့ မယ်တဲ့ ကိုကို ....အဲဒါ မိနှင်းကြောက်နေတာ အဲဒီလူက
ပိုက်ဆံလည်းရှိ ချောလည်းချောတော့ မိနှင်းကိုတအားနိုင်မှာ.....မိနှင်းကြောက်တယ်ကိုကို...”
မိနှင်းစကားကြောင်.ကျနော.ရင်ထဲမှာဝေဒနာတခုဝင်လာသည်။ဝမ်းနည်းတာ
လား နှမျောတာလား မသိ ခံစားချက်တခုမှန်းတော့ သိသည်။
“ နင်ကမကြိုက် ရင်ငြင်းလိုက်ပေါ့ ”
မိနှင်းကျနော.ကိုစကားပြန်မပြော ကျနော့ မျက်နှာကိုငေးကြည်.နေသည်။
ကျနော်အိမ်ထဲမ၀င်တော့ ဘဲပြန်လာခဲ့သည်။တမနက်လုံး ကျနော့ စိတ်တွေ
ဆောက်တည်ရာမရဖြစ်နေသည်။နေ့လည်လောက်မေနှင်းဆီကဖုန်းလာသည်
“ ကိုကိုအားလား အားရင်မေနှင်းကို ကားနဲ.လိုက်ပို့ပါလား....”
“မေနှင်း ..ဘယ်သွားမလို့ လည်း ”
“ရောက်တော့ သိမှာပေါ့ ကိုကို”
ကျနော်မေနှင်းတို့ အိမ်ဘက်ပြေးထွက်လာတော့သည်။
အိမ်ရှေ့ည မှာမေနှင်းကသရေအိပ်တစ်လုံးနဲ့ ရပ်စောင့် နေသည်။
“နင်မသွား ရဘူးမေနှင်း ....လာအခုငါနဲ့ လိုက်ခဲ.”
ကျနော်မေနှင်းလက်ကိုဆွဲပြီးကျနော့ အိမ်သို့ ဆွဲခေါ်လာခဲ့ သည်။ကျနော်.ခြံရှေ့
ရောက် တော့ မေနှင်း ကရပ်လိုက်ပြီး
“ ဘာတွေလုပ်နေတာလည်း ကိုကို..မေနှင်းကိုပြောပါဦး ”
ကျနော်မေနှင်းကိုကျနော့ ဘက်ဆွဲလှည်.ပြီးပုခုံးနှစ်ဘက်ကို ကိုင်ခါ..
.
“ သေသေ ချာချာနားထောင် မေနှင်း....ကိုယ်
လေ မေနှင်းကိုသိပ်ချစ်တယ်..မေနှင်းဘယ်သူ့ ကိုမှမယူရဘူး ကိုယ့် ကိုဘဲ
ယူရမယ် ကိုယ်မေနှင်းကို လက်လွတ်မခံနိုင်လို. ခု ခိုးပြေးလာတာ..”
မေနှင်းကျနော.ကိုမျက်လုံးလေးပြူးကြောင်ကြောင်နဲ့ ကြည့် နေတုံး
အိမ်ထဲကိုလက်ဆွဲပြီးခေါ်ဝင်လာတော့ ဖေဖေနဲ့ မေမေ ကအံသြပြီးကြည့်
နေကြသည်။ကျနော်ကဖေဖေ့ ရှေ့မှာ....ခြေစုံရပ်ပြီး....
“ ဖေဖေ ကျနော်တို့ နှစ်ယောက် ချစ်နေကြပြီ.... .ကျနော်တို့ ကို
လက်ထပ်ပေးပါ ..ဒါမှမဟုတ်ရင်ကျနော်တို့ထွက်ပြေးကြမှာ...”
“ဟေ့ ကောင် ငကြောင် မင်းဘာလာကြောင်နေတာလည်း မင်းတို့ကိုပေးစားမလို့ ညက
ဘဲသူ့ မိဘတွေနဲ့ ပြောထားတာ မိ နှင်းလည်းသိထား ပြီးသားသဘောတူပြီးသား...မင်းကသာ...”
“ ဟင် ..ဒါဆိုမိနှင်းကဘာလို့ ထွက်ပြေးမှာလည်း ...ကိုယ်ကိုမချစ်လို့ လား”
“အယ် ဘယ်မှာထွက်ပြေးလို့လည်း သူငယ်ချင်းဆီကသတိုးသမီး ၀တ်စုံ
သွားယူပြီးဝတ်ကြည့် မလို.. ၀တ်စုံထည့်မလို.သရေအိပ်ပါယူလာတာ..”
“ ဒီကောင်မလေးတော. ငါ လေ....ခေါက်ထည့်လိုက်ရ ”
“ ကို ကို နော်...........”
ဆက်လက်ကြိုးစားပါဦးမည် နော်။
တတိုင်းမွှေး။ ။
No comments:
Post a Comment