စားမကုန်တဲ့ ပန်းသီးတစ်လုံးကို
စပ်တူစားပြီးမှ
ဘ၀ဆိုတာ..ပူတာခါးတာ
မဆိုင်တော့ပါချစ်သူ.....ရယ်။
ချစ်သူကတပါတ်ရစ်လည်းလုပ်မရသလို
အသစ်လည်းမဟုတ်ဘူး..လေ
အသစ်လည်းမဟုတ်ဘူး..လေ
ပင်လယ်တစ်ခုကို...ရင်ဘတ် မှာ..၀င်ခွင့်ပေးထားတာပါ
ငတ်လို့သောက်တယ်မထင်နဲ့
ငတ်လို့သောက်တယ်မထင်နဲ့
နှလုံးသားကဆာနေတာပါ.....ဟ။
ဆိုင်ပေါ်ကသကြားလုံးတွေကို
မင်းနှုတ်ခမ်းလေးနဲ့လဲပြီးကတည်းက
အကြင်နာတုတ်ကွေးက
နာတာရှည်ဖြစ်လာတယ်..လေ။
ဝေးနေတယ်လို့မညာပါနဲ့
မနေ့ညကမပြီးသေးတဲ့
အနမ်းပုံပြင်က..မလိုသူတွေအတွက်
ယုန်ထင်ကြောင်ထင်ဖြစ်ကုန်မယ်..
အိပ်မက်လွင်ပြင်မှာ နမ်းမိကြတာ
သေသေချာချာသိကြတယ်...ဟုတ်။
ရင်ထဲက...စိမ်းနေပါစေလို့ဆုတောင်းတာ
မင်းနှလုံးသားကိုမဟုတ်မှန်း
ရင်ထဲက...စိမ်းနေပါစေလို့ဆုတောင်းတာ
မင်းနှလုံးသားကိုမဟုတ်မှန်း
ဂျီတော့ဖွင့်တိုင်းသတိရပါစေ....ချစ်သူ။
ချစ်တယ်လို့ပြောအပြီးမှာ
ဝါသနာအချို့နဲ့ဗီဇအချို့ကို
မြေမြုပ်ပစ်လိုက်တာ
ငါ့မှာ.....စီးကရက်နဲ့မင်းဘဲကျန်တယ်
မင်းကမကြိုက်ရင်..ခံတွင်းချဉ်လည်း
မိတ်သလင်ဘဲစီးကရက်......ရေ။
မင်းပြောသမျှယုံရအောင်လည်းမနုံဘူး
မင်းအလိုကျကရအောင်လည်းမအဘူး
ချစ်လို့အလိုလိုက်ခဲ့တာ
မင်းကိုစပြီး ခိုက်နေကတည်းကပါ...နော်။
ပျော်စရာတစ်ပွေ့တစ်ပိုက်နှင့်
တို့စိတ်ကြိုက်..တာ..နေတာ..လေ။
လွမ်းတယ်ဆိုတဲ့အကြောင်း
အနမ်းဟောင်းလေးမေးကြည့်ပါ
လွမ်းတယ်ဆိုတဲ့အကြောင်း
အနမ်းဟောင်းလေးမေးကြည့်ပါ
နှုတ်ခမ်းချင်းထိတာအချစ်ပါလို့
သိတယ်ဆိုရုံလေးရှိုက်မိတာ
တစ်သက်တာ......အချစ်နာစွဲမိပြီ..။
စားမကုန်တဲ့ ပန်းသီးတစ်လုံးကို
စပ်တူစားပြီးမှ
အစစ...အရာရာ..
ပျော်စရာပါ....ချစ်သူ..ရယ်နော်။
တတိုင်းမွှေး။ ။27-3-2013
ကိုယ်တိုင်တွေးပါသည်။
No comments:
Post a Comment