ရင်ဘတ်ထဲကအချစ်တွေကို
အပြစ်တွေလို့မမြင်အောင်
နှုတ်ကမပြောပြတတ်တာတောင်
မျက်လုံးကဘာသာပြန်ပေးသင့်တယ်။
အ၀င်မရဲလည်းယှဉ်တွဲချင်လို့
တို့တူတူလိုက်မိခါမှ
မလှတဲ့အက
မချေငံတဲ့အပြော
မသာယာတဲ့စကား
မင်းတို့နားခါးပြီလား
အသွင်တူထားပေမည့်
အမြင်မတူထားတဲ့အသိုင်းဝိုင်းမှာ
ငါ့ခမြာအရိုင်းအစိုင်းကျီးမဲ
ဒေါင်းတွေလည်းဝိုင်းခါဆိတ်
မင်းကိုတိတ်တိတ်လေးလည်ပြန်ကြည့်
မင်းကမသိသလိုမျက်နှာလွဲမှ
ကျီးမဲသေရတာတန်ပါတယ်။
ထိုးရိုက်ဆိတ်ဆွဲ
သွေးတွေရဲလည်း
တစ်ကောင်တည်းကျန်
ငါမပြန်ဘူး
လည်ပြန်တစ်ချက်မော့ကြည့်မည်။
ရင်ဘတ်ထဲကအချစ်တွေကို
အပြစ်တွေလို့မမြင်အောင်
နှုတ်ကမပြောပြတတ်တာတောင်
မျက်လုံးကဘာသာပြန်ပေးသင့်တယ်လေ။
တတိုင်းမွှေး။ 3-3-2013
ကိုယ်တိုင်တွေးပါသည်။
No comments:
Post a Comment