ချစ်သူအတွက်
ချစ်သူနဲ.နီးဖို.အတွက်
ချစ်သူသဘောကျဖို.အတွက်
နေ.စဉ်နဲ.ရက်ဆက်
ဆက်လက်စုနေပါတယ်...နော်
တွေ.ရာမြင်ရာ
စာမျက်နှာတွေထဲက
အသဲပုံလန်းလန်းလေးတွေ
ပန်းရောင်စုံလှလှလေးတွေရယ်
ကဗျာလေးတွေထဲကစာသားနုနုလေးတွေ
ချစ်စကား ထိထိမိမိလေးတွေရယ်ပေါ.
အကြင်နာစာသားလေးပါပါတယ်
မြတ်နိုးတွယ်တာတာတွေ
သတိရနေတာတွေ
လွမ်းတာတွေပေါ.။
အလုပ်အားတိုင်းလွမ်းတဲ.အလွမ်းတွေရယ်
ဓါတ်ပုံမြင်တိုင်းနမ်းတဲ.အနမ်းတွေရယ်
ခဏခဏ၀ယ်ရတဲ.ဖုန်းကဒ်တွေရယ်
သတိရတိုင်းရေးတဲ.ကဗျာလေးတွေရယ်
ရင်ထဲမှာမဆံ့တော.တဲ.တမ်းတမှုတွေရယ်
အမြဲတမ်းတောက်လောင်နေတဲ.စိုးရိမ်မှုတွေရယ်
ထာဝရရှင်သန်နေတဲ.အချစ်တွေရယ်ပေါ.
ချစ်သူရယ်..နော်
ချစ်သူနဲ.နီးဖို.အတွက်
ချစ်သူသဘောကျဖို.အတွက်
နေ.စဉ်နဲ.ရက်ဆက်
ဆက်လက်စုနေပါတယ်...နော်
ကြိုးစားပါဥိးမည်။
တတိုင်းမွှေး။ ။
ကိုယ်ပိုင်အတွေး။
No comments:
Post a Comment