Sunday, June 16, 2013

ချစ်လို့ချော့တာလား..ချော့လို့ချစ်တာလား



မရောက်တစ်ရက်

ရောက်တစ်ရက်

ရောက်ဖို့ခက်လို့

မောင်ပျက်ကွက်

ချစ်သက်မောင့်ကို..မုန်းပြီလား။

မမုန်းလည်းချော့

မုန်းလည်းချော့

ချစ်သည်းပျော့ဖို့

မောင်ကလျှော့

တစ်ကြော့ပြန်လာ...ချစ်မှာလား။

ချစ်သည်းကိုလွမ်း

ချစ်ကိုနမ်း

အကြမ်းမဖက်

အနမ်းဆက်

ချစ်ရှက်မျက်နှာ...ပြုံးမှာလား။

ပြုံးတိုင်းပိုလှ

ပြုံးအလှ

ရင်မှာတမ်းတ

စိတ်မချ

ခဏခဏ...ရောက်မှာလား။

မရောက်တစ်ရက်

ရောက်တစ်ရက်

ရောက်ဖို့ခက်လို့

ကဗျာဆက်

ချစ်သက်မောင့်ကို...မုန်းပြီလား။

တတိုင်းမွှေး။ ။14-6-2013

ကိုယ်တိုင်တွေးပါသည်။

No comments:

Post a Comment