Thursday, June 27, 2013

မတားပါဘူး



မချစ် မခင်

မကြင် မလွမ်း

စိတ်ပင်ပန်းပြီး

လူနွမ်း စိတ်ပျက်

ရက်ဆက် ငြိုငြင်

လမ်းခွဲချင်တယ်...ဆိုပြီပေါ့လေ...

ဆိုးတုန်းကဆိုး

နွဲ့တုန်းကနွဲ့

တာ..တုန်းကတာနေပြီးမှ

ကြာလာတဲ့..ချစ်သက်ကိုမှအားမနာ

ဘာမှမသိသလိုအချိုးနဲ့

တိုးတိုးလေးနှုတ်ဆက်သွားတာလား...

ထားပါလေ....နင့်စိတ်နဲ့နင့်ကိုယ်

နင့်လမ်းနင်ရွေးသွားတာ

တားစရာ...မှမဟုတ်တာ

နစ်နာသွားတဲ့...ဂုဏ်သိက္ခာ

ဆုံးရှုံးသွားတဲ့..ယောက်ကျားမာန

ခ၀ါချပြီးအလျှော်မတောင်းတော့ပါဘူး

ဖြေရှင်းချက်ပေးတာမဟုတ်ပေမဲ့

“ မောင် ” လို့ခေါ်ခဲ့ဘူးတဲ့နင့်ကိုပြောလိုက်မယ်...

ချစ်သူဆိုတာ....

စေလိုရာညွှန်လို့ရတဲ့...ကျွန်မဟုတ်သလို

တားချင်ရာကိုတားလို့ရတဲံ..တပည့်လည်းမဟုတ်ဘူး

ဘာလုပ်လုပ်..အပြစ်ထင်

ငြိုငြင်နေမည် ဆိုရင်..

ဟိုအရင်ဇတ်လမ်း..အစ

ဒို့ ..မတွေ့ခဲ့ကြဘူးလို့ မှတ်လိုက်ပါ...

အခုမကွဲ...လည်း

နောင်တစ်ချိန်ခွဲရ မှာပါလေ...

စိတ်တူကိုယ်တူ...ကြင်သူအစစ်

အချစ်သစ်လေးတွေ့ပါစေ..လို့

ဆုတောင်းပေးရင်း.......

ငါ့ရင်တွင်းက...

ဖျားနာ သွားတဲ့ နှလုံးသားလေး

အားသစ်မွေးဖို့ နားမယ်နော်။

တတိုင်းမွှေး။ ။23-6-2013

ခံစားချက်အတွေးလေးပါ။

No comments:

Post a Comment