သံယောဇဉ်လေး
ခိုင်နေသေးဖို့
တွေးတွေးဆဆ
မဝေးရအောင်..ယုံပေးနော်..။
မောင့်ကိုမယုံ...
ဘယ်သူ့ယုံလည်း
မယုံလည်းပြော
ယုံလည်းပြောရ
ချစ်ဇော..တ..သ
စိတ်ချချစ်ပါ....
နှစ်တစ်ရာမက
ဆယ်ဘ၀တိုင်စေ
ဆက်ချစ်နေဖို့
အပြစ်တွေမမြင်
အချစ်တွေမြင်ပေါ့
သခင်သည်းတုန်
မောင့်ကိုယုံပေါ့
မယုံလည်းချစ်
ယုံလည်းချစ်ပေါ့
မချစ်လည်းယုံ
ချစ်လည်းယုံပေါ့
တူစုံလက်တွဲ
ခိုင်ခိုင်မြဲရေး
မောင်ုအသည်းလေးပေးထားတယ်။
သံယောဇဉ်လေး
ခိုင်နေသေးဖို့
တွေးတွေးဆဆ
မဝေးရအောင်..ယုံပေးနော်..။
တတိုင်းမွှေး။30-6-2013
No comments:
Post a Comment